အနာဒရိယသိက္ခာပုဒ်

အမှု—ရဟန်းတို့အား မလေးမစားပြောမှု။

အမှုသည်—အရှင်ဆန္န။

ရှင်ဆန္န၏ မလေးစားမှု

ဗုဒ္ဓရှင်တော်၏ ဖွားဘက်တော်ဖြစ်ခဲ့သော အရှင်ဆန္နသည် သင့်မသင့်သော အကျင့်ကိုပြုကျင့်၏၊ ရဟန်းတို့က ငါ့ရှင်ဆန္န... ဒီလိုမလုပ်ပါနှင့်, ဒီအလုပ်ဟာမအပ် ပါဘူး”ဟု ပြောကြ၏၊ ရှင်ဆန္နကား ထိုပြောသူတို့ကို မလေးစား (အရေးမစိုက်)သောအားဖြင့် ဇွတ်တိုး၍ လုပ်၏၊ ထိုအကြောင်းကို ဗုဒ္ဓရှင်တော် ကြားတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရသည်။[]

သိက္ခာပုဒ်

အနာဒရိယေ ပါစိတ္တိယံ။

မြန်မာပြန်

ပုဂ္ဂလ ဓမ္မကို မရိုသေခြင်းကြောင့် ပါစိတ်သင့်၏၊ ပြောလာသောရဟန်းကို အရေးမစိုက်မှုသည် ပုဂ္ဂလကို အရေးမစိုက်ခြင်း၊ သိက္ခာပုဒ်တော်ကို အရေးမစိုက်မှုသည် ဓမ္မကို အရေးမစိုက်ခြင်း၊ ထို၂-မျိုးတွင် တမျိုးမျိုးကို မလေးမစား အရေးမစိုက် လုပ်လျှင် ပါစိတ်အာပတ်သင့်၏။[]


ကိုးကား

  1. ၁.၀ ၁.၁ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya