သောင်းထွန်း (ဝန်ကြီး)
ဦးသောင်းထွန်းမှာ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဖြစ်သကဲ့သို့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ဥက္ကဋ္ဌဟောင်းလည်းဖြစ်သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ဝန်ကြီးဟောင်းလည်းဖြစ်သည်။ အလုပ်အကိုင်နိုင်ငံခြားရေးရာဦးသောင်းထွန်းသည် နိုင်ငံခြားရေးဝန်ကြီးဌာနတွင် ၁၉၇၂ခုနှစ်မှ ၂၀၁၀ပြည့်နှစ်အထိ လုပ်ကိုင်ခဲ့သည်။ ပြည်တွင်းရုံးချုပ်တွင်သာမက ဖိလစ်ပိုင်၊ဘယ်လ်ဂျီယမ်၊နယ်သာလန်နှင့် ဥရောပသမဂ္ဂတို့အတွက် မြန်မာသံအမတ်အဖြစ် သွားရောက်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် ၂၀၀၁ခုနှစ်မှ ၂၀၀၅ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သေးသည်။၂၀၀၆ခုနှစ်တွင် ဖိလစ်ပိုင်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း ၂၀၀၈အခြေခံဥပဒေကိုရေးဆွဲမည့် အမျိုးသားညီလာခံကို သပိတ်မှောက်ရန် ဒေါ်အောင်ဆန်းစုကြည်၏ ပြောကြားချက်ကို လှေကိုမတည်မငြိမ်ဖြစ်အောင် မလုပ်ရဘူးဟုဦးသောင်းထွန်းက ပြောကြားခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့အတွင်းရာထူးများ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်အဖြစ် သမ္မတဦးထင်ကျော်မှ ခန့်အပ်ခဲ့သည်။[၂]၂၀၁၇ခုနှစ် နိုဝင်ဘာလတွင် ဝန်ကြီးဌာနအသစ် ၂ ခု ထပ်မံဖွဲ့စည်းရာ တစ်ခုဖြစ်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအတွက် ဦးသောင်းထွန်းကို ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။[၃]ထိုသို့ခန့်အပ်ခြင်းများကို သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းက ဦးသောင်းထွန်းသည် ဂျော့ဆိုးရော့စ် ဖောင်ဒေးရှင်းတွင် အတိုင်ပင်ခံလုပ်ခဲ့သည်ကို ထုတ်ဖော်ကြေညာခြင်းမရှိခဲ့သည်မှာ မရိုးသားကြောင်းနှင့် ထိုသို့အမေရိကန်နှင့် တွဲဖက်လုပ်ကိုင်ခဲ့ရာ နိုင်ငံတော်လုံခြုံရေးအတွက် အန္တရာယ်ရှိကြောင်း စွပ်စွဲခဲ့သည်။[၄]၂၀၁၇ခုနှစ်တွင် သမ္မတဦးထင်ကျော်က အသစ်ဖွဲ့စည်းသော ဝန်ကြီးဌာန (၂)ခုအနက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနကို ဦးသောင်းထွန်းအား ကိုင်တွယ်စေခဲ့သည်။ ထိုဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများကို တာဝန်ခံရမည်ဖြစ်သည်။ ၂၀၁၈ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဦးသောင်းထွန်းမှာ ဥက္ကဋ္ဌဖြစ်လာခဲ့သည်။[၅]ထိုနေရာမျိုးကို စီးပွားရေးကဏ္ဍဆိုင်ရာ ဝန်ကြီးကို တာဝန်မပေးအပ်ခဲ့သည့်အတွက် နိုင်ငံရေးလောကအတွင်း ဝေဖန်မှုများခဲ့သည်။ အဂတိလိုက်စားမှုများဖြင့် ဝန်ကြီးဦးကျော်ဝင်း နုတ်ထွက်သွားပြီးနောက် ဝန်ကြီးအသစ် ဦးစိုးဝင်းကို ဝန်မပိစေရန်အတွက်ဟုလည်း ပြောဆိုခဲ့ကြသည်။ ဦးသောင်းထွန်းတွင် ယခင်ကရာထူး ၂ ခုကို ယူထားရ၍ သူ့ကိုပင် ဥက္ကဋ္ဌခန့်လိုက်ခြင်းက NLDပါတီတွင် အတွေ့အကြုံရှိပြီး လက်တွေ့အသုံးချနိုင်သူ ရှားပါးလာခြင်းကို ပြသရာ ရောက်ကြောင်း ဝေဖန်ခဲ့ကြသည်။ NLD အစိုးရသည် သံအမတ်ဟောင်း တဦးကို MIC ဥက္ကဋ္ဌ တာဝန်ပေးခြင်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရေး အားထုတ်မှု တစ်ခုဟု ဆိုနိုင်သော်လည်း ကျွမ်းကျင်သည့် စီးပွားရေး ပညာရှင်တစ်ဦး ဖြစ်သင့်ကြောင်း MIC ဥက္ကဋ္ဌ ရာထူးသည် စီမံ/ဘဏ္ဍာ ဝန်ကြီး ဖြစ်လာသူနှင့် ပိုမိုသင့်လျော်မည် ဖြစ်ကြောင်း ဗဟိုဘဏ် ဒု ဥက္ကဋ္ဌဟောင်းက ပြောခဲ့သည်။[၆] ဦးဝင်းမြင့်အစိုးရ၏ ပထမဆုံးအကြိမ် ဝန်ကြီးဌာနအသစ်ဖွဲ့စည်းရာတွင် ဦးသောင်းထွန်းကို ဝန်ကြီးဌာန ပြောင်းလဲတာဝန်ပေးခဲ့သည်။ သူ့ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရာထူးမှနေ၍ ရင်းနှီးမြှပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။[၇] ၂၀၂၁ခုနှစ် စစ်အာဏာအသိမ်းခံရပြီးနောက် ၎င်း၏ဝန်ကြီးနေရာကို အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးအား အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်ခဲ့သည်။ ရင်းနှီးမြှပ်နှံမှုကော်မရှင် နေရာကိုမူ မတ်လ၄ရက်နေ့တွင် စစ်ကောင်စီဝင် မိုးမြင့်ထွန်းကို ခန့်အပ်ခဲ့သည်။ ထိန်းသိမ်းခံရခြင်း၂၀၂၁ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ဦးသောင်းထွန်းအား အခြားဝန်ကြီးများနည်းတူ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့နောက် စစ်ကောင်စီက ဦးသောင်းထွန်းအား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် အရေးယူခဲ့သည်။[၈] ယင်းနောက် ၂၀၂၂ ခုနှစ် ဧပြီ ၂၂ ရက်တွင် မန္တလေးတိုင်းတရားလွှတ်တော်က ဦးသောင်းထွန်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နှင့် စွဲဆိုထားသည့် အမှု သုံးခုအတွက် စုစုပေါင်း အလုပ်နှင့် ထောင်ဒဏ် ၉နှစ် ချမှတ်ခဲ့သည်။[၉] ကိုးကား
|
Portal di Ensiklopedia Dunia