ကျောက်ဆည်မြို့
မြို့၏အကျယ်အဝန်းမှာ စတုရန်းမိုင် ၁.ဝ၅ သာ ရှိသော်လည်း မြို့ကွက်အနေအထားမှာ စံနစ်တကျ ရှိပေသည်။ ကျောက်ဆည်မြို့မှာ အမြင့် ၉၇၅ ပေ မြင့်သော ရွှေသာလျောင်း တောင်ခြေတွင် တည်သည်။ ထို တောင်ထိပ်တွင် ပုဂံ အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော စေတီတော် တည်ရှိ၍ တောင်ခြေရင်းတွင်မူ ရွှေမုဌောစေတီတော် တည်ရှိသည်။ သမိုင်းကြောင်းအနော်ရထာမင်းလက်ထက်တော်က ဆည်မြောင်း တည်ဆောက်ရာတွင် ကျောက်များဖြင့် ထုတ်ခတ် ဆောက်လုပ်ရသောကြောင့် ကျောက်ဆည်မြို့ဟု ခေါ်တွင်သည်။ ဆည်ကြီးတွင် ရေလွှဲပေါက်များ တပ်ဆင်ထားသဖြင့် မြို့ပတ်ဝန်းကျင်ရှိ လယ်မြေများအတွက် လိုသမျှရေကို ထုတ်ဝေ ဖြန့်ဖြူးပေးနိုင်သည်။ ပါဝင်သောရပ်ကွက်များ
လူဦးရေကျောက်ဆည်မြို့သည် ကျောက်ဆည်ခရိုင်တွင် လူဦးရေ အများဆုံးမြို့ ဖြစ်၍ ၁၉၅၃ ခုနှစ် သန်းခေါင်စာရင်းအရ ၈၆၆၈ ယောက် ရှိလေသည်။ မြို့၏ သန့်ရှင်းစည်ပင်ရေးကို ဆောင်ရွက်ရန်အတွက် ၁၈၈၈ ခုနှစ်မှ စ၍ မျူနီစီပယ်အဖွဲ့ကို တည်ထောင်ခဲ့၏။ ကျောက်ဆည်ဆင်ပွဲကျောက်ဆည်မြို့ပေါ်တွင် နှစ်စဉ်နှစ်တိုင်း သီတင်းကျွတ်လ၌ ဆင်ပွဲ ဟုခေါ်သော ပွဲတော် ကျင်းပလေ့ ရှိသည်။ ဤပွဲတော် ဖြစ်ပေါ်လာပုံမှာ ပုဂံ အနော်ရထာမင်းက လယ်တွင်းကိုးခရိုင် နယ်များအား နှစ်စဉ် နှစ်တိုင်း မိမိတည်ထားခဲ့သော ရွှေသာလျောင်းတောင်ပေါ်ရှိ စေတီတော်သို့ ဖူးမြော်ကန်တော့ရန် လာကြရမည် ဟု အမိန့်ပေးခဲ့သည်မှ စ၍ အစဉ်အလာ ဖြစ်ခဲ့လေသည်။ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ကျောက်ဆည်မြို့ အနီးအပါး ကျေးရွာများမှ ဆင်ရုပ်ကြီးများ ပြုလုပ်လျက် ကခုန်တီးမှုတ်ကာ ထိုဆင်ရုပ်များဖြင့် မြို့တွင်းသို့ လှည့်လည်ကြသည်။ ရှေးအခါက တကယ့် ဆင်များနှင့် လှည့်လည်ကြ သည်။ ထို့နောက် ရွှေသာလျောင်းစေတီတော်ကို ဖူးမြော် ကန်တော့ကြပြီးမှ လူစုခွဲကြသည်။ လူငယ်လူရွယ်အများပင် ပါဝင်ဆင်နွဲ ပျော်ရွှင်ကြသော ပွဲတော်ကြီးတစ်ခု ဖြစ်လေသည်။ စိတ်ဝင်စားဖွယ်နေရာများ
ပထဝီဝင် အနေအထားကျောက်ဆည်မြို့သည် မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသ (အညာဒေသ) တွင်ပါဝင်သည်။ မန္တလေးမြို့ တောင်ဘက် မိုင်(၃၀) ခန့်အကွာတွင်ရှိသည်။ ကျောက်ဆည်မြို့ အရှေ့ဘက်တွင် ရှမ်းတောင်ကုန်းများ အစဖြစ်ပြီး မြို့၏အရှေ့ပိုင်းတွင် ရွှေသာလျှောင်းတောင်ရှိသည်။ ဇော်ဂျီမြစ် သည် ကျောက်ဆည်မြို့ကို အရှေ့တောင် အရပ်မှ အနောက်မြောက် အရပ်သို့ ကန့်လန့်ဖြတ် စီးဆင်းသည်။ မြို့အတွင်းတွင်လည်း တမုတ်မြောင်း မင်းရဲမြောင်း စသော တူးမြောင်းများရှိသည်။ တက္ကသိုလ် များနှင့် ကောလိပ်များကျောက်ဆည် နည်းပညာတက္ကသိုလ်မြို့၏ အနောက်တောင်ဘက် အေးမြကြည်လင်ရပ်ကွက် တမုတ်မြောင်းနှင့်ကပ်လျက်တွင် တည်ရှိသည်။ ကျောက်ဆည်တက္ကသိုလ်အစိုးရစက်မှုလက်မှုသိပ္ပံ ကျောက်ဆည်ကျောက်ဆည် အစိုးရစက်မှုလက်မှုသိပ္ပံ (AGTI-Kyaukse) သည် မြို့၏တောက်ဘက် တံစိုးဂိတ်လမ်းပေါ်တွင် တည်ရှိသည်။ ဓာတ်ပုံများ
ကိုးကား
|
Portal di Ensiklopedia Dunia