အရူပဈာန်
အရူပဈာန်သည် ရုပ်ကို စက်ဆုပ်သော ရူပဝိရာဂဘာဝနာကို ပွါး၍ရသော ဈာန်ဖြစ်သည်၊ ယင်း အရူပဈာန်သည် အာကာသာနဉ္စာယတနဈာန်, ဝိညာဏဉ္စာယတနဈာန်, အာကိဉ္စညာယတနဈာန်, နေဝသညာနာသညာယတနဈာန် ဟု ၄-ပါးရှိသည်။ [၁] အာကာသာနဉ္စာယတနဈာန်ထိုတွင် (၁) စတုက္ကနည်းအားဖြင့် ရူပစတုတ္ထဈာန်, ပဉ္စကနည်းအားဖြင့် ရူပပဉ္စမဈာန်ကို ဝသီဘော်ငါးပါးဖြင့် အဖန်ဖန် လေ့လာပြီးနောက် ရုပ်၌ အပြစ်ဒေါသ မြင်ပြီးလျှင် ကသိုဏ်း ၉-ပါးတွင် တစ်ပါးပါးကို ပယ်ခွါ၍ အဆုံးမရှိသော ကောင်းကင်ပညတ်ကို အာရုံပြုကာ “အာကာသော အနန္တော, အာကာသော အနန္တော”ဟု စီးဖြန်းပွါးများ၍ ရအပ်သောဈာန်သည် အာကာသာနဉ္စာယတနဈာန်မည်၏။ ရုပ်တရားကို အာရုံမပြုသောကြောင့်လည်းကောင်း, ပဌမ ရအပ် ရောက်အပ်သောကြောင့်၎င်း ယင်းကို ပဌမာရုပ္ပဈာန် ဟုခေါ်သည်၊ (ယင်း ပဌမာရုပ္ပဈာန်သည် အာကာသတည်းဟူသော ပညတ်ကို အာရုံပြုသည်)။[၁] ဝိညာဏဉ္စာယတနဈာန်(၂) အဆုံးမရှိသော ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြုကာ “ဝိညာဏံ အနန္တံ, ဝိညာဏံ အနန္တံ” ဟု စီးဖြန်းပွါးများ၍ ရအပ်သော ဈာန်သည် ဝိညာဏဉ္စာယတနဈာန်မည်၏၊ ဒုတိယာရုပ္ပဈာန်ဟုလည်း ခေါ်သည်။ (ဒုတိယာရုပ္ပဈာန်သည် ပဌမာရုပ္ပတည်းဟူသော ပရမတ်ကို အာရုံပြုသည်)။[၁] အာကိဉ္စညာယတနဈာန်(၃) အနည်းငယ်မျှ အကြွင်းမရှိသော ပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းတည်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြုကာ “နတ္ထိ ကိဉ္စိ, နတ္ထိ ကိဉ္စိ” ဟု စီးဖြန်းပွါးများ၍ ရအပ်သော ဈာန်သည် အာကိဉ္စညာယတနဈာန် မည်၏၊ တတိယာရုပ္ပဈာန်ဟုလည်း ခေါ်သည်။ [၁] နေဝသညာနာသညာယတနဈာန်(၄) ဤ တတိယာရုပ္ပဈာန်သည် ဒုတိယာရုပ္ပဈာန်ဟူသော နီးသော ရန်သူရှိသည် ဟူ၍လည်းကောင်း, စတုတ္ထာရုပ္ပဈာန်လောက် မငြိမ်သက်ဟူ၍၎င်း တတိယာရုပ္ပဈာန်၌ အပြစ်ကို ရှု၍ တတိယာရုပ္ပဝိညာဏ်ကို အာရုံပြုကာ “သန္တံ ဧတံ, သန္တံ ဧတံ” စသည်ဖြင့် စီးဖြန်းပွါးများ၍ ရအပ်သော, ရုန့်ရင်းသော သညာ မရှိ သိမ်မွေ့သောသညာရှိသော ဈာန်သည် နေဝသညာနာသညာယတနဈာန် မည်၏၊ စတုတ္ထာရုပ္ပဈာန်ဟုလည်းခေါ်သည် [၂] [၁] ပွားများအားထုတ်ပုံအရူပဈာန်သို့ ရောက်လိုသော ယောဂီသည် ရုပ်၌ အပြစ်ကို ဆင်ခြင်လေသည်၊ ရုပ်သည် အလွန်ရုန့်ရင်း၏၊ အလွန်ရုန့်ရင်းသော ကိလေသာတို့၏ အာရုံလည်းဖြစ်၏၊ ထိန်းသိမ်းမွေးမြူရသော ပရိကံမှုများလည်း အလွန်တရာ ကြီးကျယ်များပြား၏၊ အတွင်းဘေး အပဘေးတို့နှင့် ဆက်ဆံ၏၊ ရန်သူမျိုးငါးပါး ရောဂါမျိုး ၉၆-ပါးနှင့် ဆက်ဆံ၏၊ ဖရိုဖရဲ ဖောက်ပြန်ပျက်စီးတတ်၏။ ထို့ကြောင့် မိမိရပြီးဖြစ်သော ရူပါဝစရ ပဉ္စမဈာန်သည် ရုပ်တရားနှင့် ဆက်စပ်နေသည့် ပညတ်များကိုသာလျှင် အာရုံရှိသော ရူပဈာန်ဖြစ်၍ ညံ့ဖျင်းသေး၏။ ထို့ကြောင့် ထိုမှတဆင့် သိမ်မွေ့မွန်မြတ်သော အရူပဈာန်ကို တက်လှမ်းလိုလျှင် စတုက္ကနည်းအားဖြင့် စတုတ္ထဈာန်, ပဉ္စကနည်းအားဖြင့် ပဉ္စမဈာန်တွင် ရအပ်သော ကသိုဏ်းကို ပယ်ခွါ၍ အဆုံး မရှိသော ကောင်းကင်ပညတ်ကို အာရုံပြုကာ အထပ်ထပ် စီးဖြန်းပွါးများသည်ရှိသော် အာကာသာနဉ္စာယတန (= ပဌမာရုပ္ပ)ဈာန်သည် ဖြစ်ပေါ်လာ၏။ ထိုမှတဆင့် ပဌမာရုပ္ပဈာန်ကို ဝင်စား၍ ဈာန်မှထပြီးလျှင် ပဌမာရုပ္ပဈာန်စိတ်၌ အပြစ်ကို ရှုဆင်ခြင်ပြီး ယင်း ပဌမာရုပ္ပဈာန်စိတ်ကို အာရုံပြုကာ အဖန်ဖန် စီးဖြန်းပွါးများကို သည်ရှိသော် ဝိညာဏဉ္စာယတန(= ဒုတိယာရုပ္ပ) ဈာန်သည် ဖြစ်ပေါ်လာ၏။ ပဌမာရုပ္ပဝိညာဏ်ကို အာရုံပြု၍ ဖြစ်ပေါ်လာသော စိတ်ဖြစ်သောကြောင့် ဝိညာဏဉ္စာယတန ဈာန်စိတ်ဟု ခေါ်ဆိုရသည်။ ထိုမှတဆင့် ဒုတိယာရုပ္ပဈာန်ကိုဝင်စား၍ ဈာန်မှထပြီးလျှင် ဒုတိယာရုပ္ပဈာန်၌ အပြစ်ကို ရ၍ ပဌမာရုပ္ပဝိညာဏ်၏ မရှိခြင်းဟူသော နတ္ထိဘောပညတ်ကို အာရုံပြုကာ အဖန်ဖန် စီး ဖြန်းပွါးများသည်ရှိသော် အာကိဉ္စညာယတန (= တတိယာရုပ္ပ)ဈာန်သည် ဖြစ်ပေါ်လာ၏။ ထိုမှတဆင့် တတိယာရုပ္ပဈာန်ကို ဝင်စား၍ ဈာန်မှ ထပြီးလျှင် တတိယာရုပ္ပဈာန်၌ အပြစ်ကို ရှု၍ တတိယာရုပ္ပဝိညာဏ်ကိုပင် အာရုံပြုကာ အဖန်ဖန် စီးဖြန်း ပွါးများသည် ရှိသော် နေဝသညာနာသညာယတန (=စတုတ္ထာရုပ္ပ)ဈာန်သည် ဖြစ်ပေါ်လာ၏ [၃][၁] အရူပဈာန်ကြောင့် ရနိုင်သော ပဋိသန္ဓေအရူပကုသိုလ် ဈာန် ၄-ပါးတို့သည် အစဉ်အတိုင်း အရူပ ၄-ဘုံတို့၌ ပဋိသန္ဓေကို ဖြစ်စေနိုင်၏။ [၄] [၁] ဆက်လက်ဖတ်ရှုရန်ကိုးကား |
Portal di Ensiklopedia Dunia