အာနန္ဒ မဟိတလ
အာနန္ဒ မဟိတလ (ဘွဲ့နာမံတော် - အဋ္ဌမရာမဘုရင်) (ထိုင်း: พระบาทสมเด็จพระปรเมนทรมหาอานันทมหิดล; RTGS: Ananthamahidon; ပါဠိ: Ānandamahitala) သည် ထိုင်းဘုရင့်နိုင်ငံ၊ စကြီမင်းဆက်၏ ၈ ဦးမြောက်ဘုရင် ဖြစ်သည်။ ၁၉၃၅-ခုနှစ် မတ်လတွင် ထိုင်းအမျိုးသားလွှတ်တော်က ဘုရင်အဖြစ် တင်မြှောက်ခဲ့ပြီး ထိုအချိန်က ဆွဇ်ဇာလန်နိုင်ငံတွင် နေထိုင်နေသော ၉-နှစ်အရွယ် မင်းသားတစ်ပါး ဖြစ်သည်။၁၉၄၅-ခုနှစ် ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံသို့ ပြန်လာခဲ့သည်။ သို့သော် ၆-လအကြာ ၁၉၄၆-ခုနှစ် ဇွန်လတွင် သူ့ကို အိပ်ယာအတွင်း သေဆုံးလျက် တွေ့ခဲ့ရသည်။ အစပိုင်းတွင် မတော်တဆမှုအဖြစ်ဟု ယူဆကြသော်လည်း နောက်ပိုင်းတွင် တွေးတောစရာများ ဖြစ်လာခဲ့သည်။ အမည်နာမအာနန်ထာမဟီဒွန် (ထိုင်း: อานันทมหิดล, RTGS: Ananthamahidon) ဟု ထိုင်းဘာသာတွင် ခေါ်ဆိုသည်။ ၁၉၂၅-ခုနှစ် အောက်တိုဘာ ၁၃ရက်နေ့တွင် ထိုင်းနိုင်ငံမှ ဦးရီးတော်ဖြစ်သူ ဝဇိရာဝုဓဘုရင်မှ ဟိုင်ဒါဘတ်သို့ ကြေးနန်းရိုက်ကာ အမည်ပေးခဲ့သည်။"Ananta Mahidon"ဟု စာလုံးပေါင်းပြီး အဓိပ္ပာယ်မှာ "မဟီဒွန်၏ ဝမ်းမြောက်မှ" ဖြစ်သည်။ ဖခင် မဟိဒလအတုလျတေဇ (ထိုင်းအသံထွက် - မဟီဒွန်အဒုလျာဒေ့ချ်) ၏ ပထမဆုံးသားကြီး မွေးဖွား၍ ဝမ်းမြောက်နေစိတ် ဖြစ်သည်။ ထိုင်းတော်ဝင်မင်းသားများအတွင်း အနိမ့်ဆုံး (အငယ်ဆုံး) ဘွဲ့တော်ဖြစ်သော မွန်ချို (Mom Chao - မွန်စော) ဘွဲ့ ရယူချိန်တွင် မျိုးရိုးအမည်အဖြစ် သူ့ခမည်းတော် နာမ "မဟီဒွန်" ကို မွေးစားခဲ့သည်။ ထို့ကြောင့် မင်းသားဘဝ၏ အမည်နှင့် ဘွဲ့နာမံတော်အပြည့်အစုံမှာ "မွန်စောအာနန်ထာမဟီဒွန်" (ထိုင်း: หม่อมเจ้าอานันทมหิดล มหิดล) ဖြစ်သည်။ ထီးနန်း ဆက်ခံပြီးနောက်မှာ ဘွဲ့နာမံတော် အပြည့်အဆုံး - "ဆောမ်ဒေ့ဗြစော ယူဟွာ အာနန်ထာမဟီဒွန်" ဖြစ်သည်။ နန်းတက် ဘိသိတ်ခြင်း မခံရသေးဘော ဘုရင်များ၏ ဘွဲ့နာမံတော်မှာ Somdet Phra Chao Yu Hua - ဆောမ်ဒေ့ဗြစော ယူဟွာ ဖြစ်သည်။ နတ်ရွာစံပြီးနောက်မှာ သူ့ကိုဆက်ခံသည့် ညီတော် နဝမရာမဘုရင်က ဘိသိတ်နန်းတက်သောဘုရင်တစ်ပါးကဲ့သို့ ဘွဲ့နာမံတော်ကို ချီးမြှင့်ခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ထပ်မံ၍ သူ့ရှေ့က မင်းဆက်များကဲ့သို့ ဘွဲ့တံဆိပ်နာမံတော်အသစ်ကို ချီးမြှင့်ခံခဲ့ပြီး ယနေ့တွင် တော်ဝင်ပွဲမင်္ဂလာများနှင့် တရာဝင်းအားဖြင့် Phra Bat Somdet Phra Poramenthra Maha Ananda Mahidol Phra Atthama Ramathibodhindara - ဗြပါဒဆောမ်ဒေ့ ဗြပရမမေန္ဒြာ မဟာအာနန္ဒမဟိဒလ ဗြအဋ္ဌမရာမဓိပတိဣဒ္ဒြာ (ထိုင်းလို พระบาทสมเด็จพระปรเมนทรมหาอานันทมหิดลฯ พระอัฐมรามาธิบดินทร)ဟု ခေါ်ဝေါ်သမုတ်ခံရသည်။ အစောပိုင်းဘဝမင်းသား မဟိတလကို ဂျာမနီနိုင်ငံ၊ ဟိုင်ဒါဘတ်မြို့တွင် မွေးဖွားခဲ့သည်။ ဆုန်ခလာမင်းသား မဟိတလ အတုလျေတေဇ၏ ပထမဆုံးသောသားဖြစ်ကာ ဒုတိယမြောက် ကလေးဖြစ်သည်။ ချူလာလောင်ကွန်းဘုရင်၏ မြေးတော်ဖြစ်သည်။ သူသည် ပြည်ပ၌ မွေးဖွားသော ပထမဆုံးသော ထိုင်းဘုရင်ဖြစ်လာခဲ့သည်။ သူသည် မိဘများနှင့်အတူ ပြင်သစ်၊ ဆွစ်ဇာလန်မှနေ၍ မက်ဆာချူးဆက်တွင် နေထိုင်ခဲ့သည်။၁၉၂၇ခုနှစ်တွင် ဦးရီးတော် ပရာဂျာဒီပစ်တ်(ရာမ၇)က အဆင့်မြင့်မင်းသားဘွဲ့ ပေးအပ်ခဲ့သည်။၁၉၂၇တွင် ညီတော် ဘူမိဗလဖွားမြင်ခဲ့သည်။ ဖခင်ဖြစ်သူ မင်းသားမဟိတလမှာ ဟားဗတ်တက္ကသိုလ်မှ ဆေးပညာ သင်ယူပြီးစီးခဲ့၍ သူတို့မိသားစုမှာ ၁၉၂၈တွင် ထိုင်းနိုင်ငံသို့ ပြန်ခဲ့သည်။ ၁၉၂၉တွင် ခမည်းတော် မင်းသားမဟိတလ ကွယ်လွန်ခဲ့သည်။ ထိုအချိန်တွင် မင်းသား အာနန္ဒ မဟိုင်ဒေါမှာ အသက်၄နှစ်မျှသာ ရှိသေးသည်။ ၁၉၃၂ခုနှစ် ဆိုင်ယမ်တိုင်းပြည်တော်လှန်ရေးတွင် သက်ဦးဆံပိုင် ဘုရင်စနစ် အဆုံးသတ်ကာ စည်းမျဉ်းခံဘုရင်စနစ် ဖြစ်လာသည်။ ဘုရင် ပရာဂျာဒီပစ်တ်(ရာမ၇)လည်း အာဏာလျော့လာသည်။ ထိုအခါ ဘွားတော်ဖြစ်သူ မိဖုရား ဆာဗန် ဗဟာနာမှာ မြေးတော် မဟိတလ၏ လုံခြုံရေးကို စိုးရိမ်ခဲ့သည်။ အကြောင်းမှာ မင်းသားမှာ နန်းမွေနန်းလျာကို ဆက်ခံရန်အတွင်းမှ တစ်ဦးဖြစ်၍ ဖြစ်သည်။ ထို့ကြောင့် ချွေးမဖြစ်သူနှင့် မြေးတော်များအား ဆွစ်ဇာလန်နိုင်ငံသို့ ပြန်သွားနေရန် အကြံပေးခဲ့သည်။ ထိုကြောင့် ၁၉၃၃ခုနှစ်တွင် မင်းသားများ၏ ကျန်းမာရေးနှင့် ပညာရေးကို အကြောင်းပြကာ ပြင်သစ်သို့ ထွက်ခွာခဲ့သည်။ မင်းသား မဟိတလမှာ သူ၏ ငယ်ဘဝ အချိန် အများစုကို ဆွစ်ဇာလန်တွင် ကုန်ဆုံးခဲ့သည်။ ဘုရင် ပရာဂျာဒီပစ်တ်(ရာမ၇)မှာ အာဏာကျလုဆဲဆဲတွင် အစိုးရ တာဝန်ရှ်သူများကို မယ်တော်မှ မင်းသားမဟိတလကို ဘုရင်တင်ရန်နှင့် ပက်သက်၍ ချဉ်းကပ်ခဲ့သည်။ ဆက်ခံခြင်း အခိုက်အတန့်![]() အမည်ခံ ဒီမိုကရေစီ အစိုးရအသစ်နှင့် မြောက်မြားစွာသော နိုင်ငံရေးရန်သူများ၊ ကျန်းမာရေးပြဿနာများကြောင့် ဘုရင် ပရာဂျာဒီပစ်တ်(ရာမ၇)မှာ ၁၉၃၅ခုနှစ်တွင် ရာထူးစွန့်ခဲ့သည်။ ဘုရင်မှာ သူ၏ ပလ္လင်ကို ဆက်ခံမည့်သူကို ရွေးချယ်ရန် ရှောင်နေခဲ့သည်။ ချူလာလောင်ကွန်းဘုရင်၏ အိမ်ရှေ့မင်းသား ဗာဂျီရန်ဟစ် (မဟိုင်ဒေါ အဒူလျာဒတ်၏ အစ်ကိုတော်]]မှာ ငယ်စဉ်က ကွယ်လွန်ခဲ့၍ အခြားမိဖုရားသားတော် ဗာဂျီရာဗု မင်းသားမှာ အိမ်ရှေ့မင်းသားဖြစ်လာပြီးနောက် ချူလာလောင်ကွန်းဘုရင်ကို ဆက်ခံသော ရာမ၆ဘုရင်ဖြစ်လာသည်။ သူ့ကို ညီတော် ပရာဂျာဒီပစ်တ်မင်းသားမှ ဆက်ခံပြန်ရာ ရာမ၇ဘုရင်ဖြစ်လာသည်။ ယခုအခါ တွင် ပလ္လင်မှာ မဟိတလတို့ မိသားစုလက်ထဲ ပြန်လည် ရောက်လာခြင်းဖြစ်သည်။ စိုးစံခြင်း![]() ဘုရင်အသစ်မှာ ငယ်ရွယ်သေးပြီး ဆွစ်ဇာလန်နိုင်ငံတွင် ပညာသင်နေဆဲဖြစ်၍ ထိုင်းလွှတ်တော်သည် မင်းသား ဗိုလ်မှူးကြီး အန်ဝပ်ဂျန်တရာ၊မင်းသား ဗိုလ် အဲဒီတီယာ ဒီဘာ့ဘတ်နှင့် ယိုမာရိုင်တို့အား သူ၏ ဘုရင်ခံ (regent)များအဖြစ် ခန့်ထားခဲ့သည်။ ၁၉၃၈ခုနှစ် အသက် ၁၃နှစ်အရွယ်တွင်ဘုရင် အာနန္ဒ မဟိတလ သည် ဘုရင်အဖြစ်နှင့် ထိုင်းနိုင်ငံသို့ ပထမဆုံး ပြန်ရောက်ခဲ့သည်။ ဘုရင်နှင့်အတူ မယ်တော် စရင်နာဂရင်ဒါနှင့် ညီတော် ဘူမိဗလတို့ပါ လိုက်ပါသွားသည်။ ထိုအချိန်တွင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်မှာ ပလိဖြစ်သည်။ ပလိမှာ စစ်အာဏာရှင် တစ်ဦးဖြစ်ကာ နိုင်ငံအမည်ကို ဆိုင်ယမ်မှ ထိုင်းလင်းအဖြစ် ပြောင်းလဲခဲ့သူဖြစ်သည်။၁၉၄၀တွင် ပလိမှာ ဗီယက်နမ်ကို သိမ်းယူထားသော ပြင်သစ်တို့နှင့် "ပြင်သစ်-ထိုင်း စစ်ပွဲ" ဖြစ်ပွားခဲ့သည်။ ဒုတိယ ကမ္ဘာစစ်၁၉၄၁ခုနှစ် ဒီဇင်ဘာလ ၈ရက်နေ့တွင် ပုလဲဆိပ်ကမ်း ဗုံးကြဲပြီးနောက် ဂျပန်တို့သည် ထိုင်းနိုင်ငံကို ကျူးကျော် သိမ်းပိုက်လိုက်သည်။ ဘုရင် မဟိုင်ဒေါမှာ ပညာဆက်လက်သင်ကြားရန် ဆွစ်ဇာလန်နိုင်ငံသို့ ရောက်နေချိန်ဖြစ်သည်။ ပရီဒီ မှာ ဘုရင်ခံအဖြစ် ဆောင်ရွက်လျက်ရှိသည်။၁၉၄၂ ဇန်နဝါရီ ၂၄ရက်မှစ၍ ထိုင်းမှာ ဂျပန်အင်ပါယာ၏ တရားဝင် စစ်တပ်အဖြစ် တိုက်ခိုက်ခဲ့သည်။ ပလိမှ နေ၍ ထိုင်းနိုင်ငံမှ မဟာမိတ်များကို စစ်ကြေညာကြောင်း ကြေညာခဲ့သည်။ ဘုရင်ခံမှာ ကြေညာချက်ကို လက်မှတ်ထိုးရန် ငြင်းဆိုခဲ့၍ ၎င်းမှာ ဥပဒေအရ တရားမဝင်ခဲ့ပေ။ ဂျပန်နိုင်ငံဆိုင်ရာ ဆိုင်ယမ်သံရုံးအပါအဝင် ထိုင်းအစိုးရအဖွဲ့ဝင်များသည် မဟာမိတ်တို့ထံ သူလျှိုများထားခဲ့သည်။၁၉၄၄တွင် ဂျပန်မှာ စစ်ရှုံးမည့် အရေးကြုံလာခဲ့သည်။ ဘန်ကောက်မှာ မဟာမိတ်တို့၏ ဗုံးကြဲခြင်းကို ပြင်းထန်စွာခံခဲ့ရသည်။ စီးပွားရေး အခက်အခဲများကြောင့် ပလိ အစိုးရကို လူကြိုက်နည်းလာသည်။ ဇူလိုင်လတွင် ပလိကို မြေအောက်လှုပ်ရှားမှုများမှ တစ်ဆင့် ဖြုတ်ချခဲ့သည်။ လွှတ်တော်က ခွန်ကို ဝန်ကြီးချုပ် ခန့်အပ်ခဲ့သည်။၁၉၄၅ခုနှစ် ဩဂုတ် ၁၅ရက်နေ့တွင် ဂျပန်တို့ လက်နက်ချခဲ့၍ ထိုင်းနိုင်ငံနှင့် ပက်သက်၍ မဟာမိတ်တို့၏ တာဝန်မှာ ဗြိတိသျှတို့ လက်အောက်သို့ ရောက်ခဲ့သည်။ စစ်ပြီးခေတ်![]() ဒုတိယ ကမ္ဘာစစ်ကြီး ပြီးမှသာ ဘုရင် မဟိုင်ဒေါသည် ထိုင်းနိုင်ငံသို့ ပြန်လာနိုင်ခဲ့သည်။၁၉၄၅ ဒီဇင်ဘာတွင် ထိုင်းနိုင်ငံသို့ ဒုတိယအကြိမ် ပြန်လာခဲ့ပြီး နိုင်ငံခြားမှ ဥပဒေဘွဲ့ ရရှိခဲ့သည်။ ငယ်ရွယ်၍ အတွေ့အကြုံ မရှိသေးသော်လည်း ဘုရင်ကို လူအများက ရိုသေကြသည်။ ထိုင်းများသည် သူတို့အကြားတွင် တစ်ခါပြန်၍ ဘုရင်ရှိသည်ကို ဝမ်းသာကြသည်။ သူ၏ အောင်မြင်မှုများအတွင်းမှ တစ်ခုမှာ ဘန်ကောက်ရှိ တရုတ်တန်းသို့ သွားရောက်ပြီးနောက် စစ်ပြီးခေတ် ကာလအတန်ကြာအောင် တင်းမာနေသည့် ထိုင်း-တရုတ် လူမျိုးများနှင့် ထိုင်းလူမျိုးများအား တင်းမာမှုကို လျှော့ချပေးနိုင်ခဲ့သည်။[၁] သို့သော် နိုင်ငံခြားမှ သုံးသပ်သူများကမူ ဘုရင် မဟိတလ အနေဖြင့် တကယ်တွင် ဘုရင်လုပ်လိုစိတ်မရှိကြောင်း နှင့် သူ၏ နန်းစံသက်မှာ မရှည်ကြောင်း ခံစားခဲ့ရသည်။ ဗြိတိသျှ တပ်မတော်မှ လူဝီမောင့်ဗက်တင် မှာ ၁၉၄၆ခုနှစ် ဇန်နဝါရီလတွင် ဘန်ကောက်သို့ သွားရောက်ခဲ့သည်။ သူက ဘုရင် မဟိတလကို ကြောက်လန့်နေသော၊ အမြော်အမြင်မရှိသော ကောင်လေးဖြစ်ကာ သူ၏ပခုံးနှင့် ရင်ဘက်တွင် တပ်ထားသော အဆောင်အယောင်များမှာ သနားစရာနှင့် အထီးကျန်နေပုံပေါက်ကြောင်း ဆိုခဲ့သည်။ နတ်ပြည်စံခြင်း၁၉၄၆ခုနှစ် ဇွန်လ ၉ရက်နေ့တွင် တော်ဝင်နန်းတော်ရှိ ဘိုရွန်ဖီမင် အဆောက်အဦးတွင် ဘုရင်မဟိတလအား သေနတ်ဒဏ်ရာဖြင့် သေဆုံးနေကြောင်း တွေ့ခဲ့ရသည်။ ဆွစ်ဇာလန်နိုင်ငံသို့ ဥပဒေဆိုင်ရာ ဒေါက်တိုရီယယ်ဘွဲ့ရရန် ပညာဆက်သင်ရန်အတွက် မပြန်မီ၄ရက်အလိုတွင်ဖြစ်သည်။ ၁၉၄၆ ဇွန်လ ၉ရက် အဖြစ်အပျက်![]() ဗြိတိသျှ ရောဂါဗေဒ ပညာရှင် Keith Simpsonသည် ဘုရင်သေဆုံးခြင်း၏ မှုခင်းကို လိုက်ခဲ့ပြီး၉ရက်နေ့မနက်ပိုင်းမှာ ဖြစ်ခဲ့သော အဖြစ်အပျက်များကို ပြောပြခဲ့သည်။[၂]
အထိမ်းအမှတ်များ
ကိုးကား
|
Portal di Ensiklopedia Dunia