အောင်ကို (နိုင်ငံရေးသမား)
ဦးအောင်ကို (သူရဦးအောင်ကို) သည် ၂၀၁၆ခုနှစ်မှ ၂၀၂၁ခုနှစ်အထိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။၂၀၁၅ခုနှစ်အထိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုပါတီဝင်တစ်ဦးဖြစ်ခဲ့သူလည်းဖြစ်သည်။၂၀၂၁မြန်မာနိုင်ငံစစ်အာဏာသိမ်းခံရခြင်းတွင် ဖမ်းဆီးခံရပြီး ထောင်၁၂နှစ်ချခံရကာ ၂၀၂၃ ဇန်နဝါရီ၃ရက်တွင် ပြန်လွတ်သည်။ လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်ဟောင်းတစ်ဦးဖြစ်သူ သူရဦးအောင်ကိုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုအုပ်ချုပ်ရေးကော်မတီဝင်တစ်ဦးအဖြစ် ၁၉၉၇ခုနှစ်မှ စတင်လုပ်ကိုင်ခဲ့သည်။ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူခံရသည့် မြန်မာအစိုးရအဖွဲ့ဝင်များထဲမှ တစ်ဦးဖြစ်ကာ ၂၀၀၃ခုနှစ်က သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လုပ်ကိုင်ရာမှ လူသိများလာသည်။[၁]၂၀၀၇ခုနှစ်တွင် ဩစတြေးလျ၏ ပိတ်ဆို့မှုခံခဲ့ရသည်။ [၂] ၂၀၁၀ရွေးကောက်ပွဲတွင် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကြံ့ခိုင်ရေးပါတီမှ အရွေးခံခဲ့ရသည်။နောက်ပိုင်းတွင် သူရဦးရွှေမန်း အပါအဝင် ကြံ့ခိုင်ရေးဗဟိုကော်မတီဝင်များ ထုတ်ပယ်ခံရမှုတွင် ဦးအောင်ကိုပါ ပါဝင်ခဲ့သည်။ ဝန်ကြီးဦးသန်းရွှေ၏ အစိုးရအဖွဲ့တွင် သူရဦးမြင့်မောင် လက်အောက်၌ သာသနာရေးဒုဝန်ကြီးအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဗဟိုကော်မတီဝင်အဖြစ် လုပ်ကိုင်ခဲ့ကာ ၂၀၁၂တွင် ပါတီအတွင်းရေးမှူးဖြစ်ခဲ့သည်။[၃]သူသည် ပြည်သူ့လွတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်း၏ ရင်းနီးသော မိတ်ဆွေဖြစ်သည်။၂၀၁၅ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လတွင် ပါတီဗဟိုကော်မတီဝင်မှ ထုတ်ပယ်ခံကြရသည်။[၄] ၂၀၁၅ရွေးကောက်ပွဲအပြီးတွင် ကြံ့ခိုင်ရေးပါတီမှ နုတ်ထွက်ခဲ့ပြီး အနိုင်ရပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချဉ်းကပ်ခဲ့သည်။[၅]ဝန်ကြီးဌာန၂ခုပေါင်းကာ အသစ်ဖွဲ့ထားသည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တွင် ပြည်ထောင်စုဝန်ကြီးဖြစ်လာခဲ့သည်။[၆] ဦးအောင်ကိုသည် ၂၀၁၇ ခုနှစ်က ဘာသာရေးအဖွဲ့တစ်ခုဖြစ်သော စစ်တပ်ကိုထောက်ခံသည့် မဘသအဖွဲ့ကို ဖျက်သိမ်းရာတွင် အဓိကအခရာကျသူလည်းဖြစ်သည့်အပြင် ဝရမ်းပြေးဖြစ်သော ဦးဝီရသူသည် လွတ်မြောက်နေဆဲဖြစ်သည်မှာ စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိသော ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲတပ်ဖွဲ့ကို လူထုရွေးကောက်ခံအစိုးရက ဩဇာမသက်ရောက်သောကြောင့်ဖြစ်သည်ဟူသော စကားရပ်ကို ၂၀၂၀ ဇန်နဝါရီ၌ ဘာသာပေါင်းစုံတွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့သည်လည်းရှိခဲ့သည်။ ထိုစကားရပ်နှင့်ပတ်သက်၍ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက ဖေဖော်ဝါရီတွင် စစ်တပ်ကိုဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် အစိုးရအား ၎င်းကိုအရေးယူရန်တောင်းဆိုဖူးသည်လည်းရှိခဲ့၏ ။[၇] တရားစွဲဆိုခံရခြင်းသူရဦးအောင်ကိုအား စစ်ကောင်စီမှ ၂၀၁၅-၂၀၂၁ အန်အယ်လ်ဒီအစိုးလက်ထက်အတွင်း သာသနာရေးဝန်ကြီးတစ်ဦးအဖြစ် တာဝန်ယူစဉ် သာသနာရေးဆိုင်ရာဆုတံဆိပ်များကို လူပုဂ္ဂိုလ်များအားချီးမြှင့်ရာ၌ လာဘ်စားခဲ့သည်ဟူသောအကြောင်းပြချက်ဖြင့် တရားစွဲဆိုခဲ့သည်။ တရားစွဲဆိုရခြင်းမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးသည်ဟု ၎င်းတို့၏သတင်းစာများတွင်ဖော်ပြထားသည်။ ဖော်ပြချက်များတွင် မည်ရွေ့မည်မျှပမာဏ လာဘ်ယူခဲ့သည်ဟုလည်း ဖော်ပြထား၏ ။[၇] ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က သူရဦးအောင်ကို အား ပြစ်မှုထင်ရှားသည်ဟု ဆုံးဖြတ်ခဲ့ပြီး[၈] ၂၀၂၂ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည့်အပြင် ရွှေပန်းကန်၊ငွေကျပ်သိန်း၁၀၀နှင့် Ford Everest Titanium မော်တော်ယာဉ် တစ်စီးတို့အား ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းစေရန် ထည့်သွင်းကာ အမိန့်ချမှတ်ခဲ့သည်။[၉] စွပ်စွဲချက်များနှင့် ပတ်သတ်ပြီး သူရဦးအောင်ကိုဘက်က ၎င်းတွင် အပြစ်မရှိကြောင်း အထောက်အထားဖြင့်ခု ခံချေပသက်သေပြနိုင်ခဲ့သည်ဟု ဖော်ပြထားချက်များလည်းရှိသည်။[၁၀] အလုပ်နှင့်ထောင်ဒဏ် ၁၂ နှစ် ပြစ်ဒဏ်ချမှတ်ခံရသည့် ၂၀၂၂ ခုနှစ် မတ်လ ၁၄ ရက်နေ့တွင်ပင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက သူရဦးအောင်ကို ကိုရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ၄၀၁၊ပုဒ်မခွဲ ၁အရ ကျခံနေသည့်ပြစ်ဒဏ်၏ ထက်ဝက်ဖြစ်သော ၆နှစ်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုပေးခဲ့သည်။[၁၁] ဧရာဝတီနှင့်Myanmar Nowတို့က စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချမှုအပေါ် ရန်ငြိုးဖြင့် ဆောင်ရွက်မှု၊ပြစ်ဒဏ်လျှော့ပေးမှုက နိုင်ငံရေး အမြတ်ထုတ်မှုစသည်ဖြင့် ရှုမြင်ကြသည်။[၁၂] [၁၃] ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ၏ လွတ်ငြိမ်းဖြင့် သူရဦးအောင်ကို ပြန်လွတ်လာသည်။[၁၄] ကိုးကား
|
Portal di Ensiklopedia Dunia