အေးပတ်စ် လေကြောင်းလိုင်း
အေးပတ်စ် လေကြောင်းလိုင်း (အင်္ဂလိပ်: APEX Airlines) သည် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အခြေစိုက်၍ ပျံသန်းနေသော လေကြောင်းလိုင်း ဖြစ်သည်။ အေးပတ်စ် လေကြောင်းလိုင်းသည် ရန်ကုန် မှ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့များသို့ နေ့စဉ် ပျံသန်းခဲ့သည်။ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် အေးပတ်စ် လေကြောင်းလိုင်း၏ ပျံသန်းခွင့်လိုင်စင်ကို လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနက ပြန်လည်ရုပ်သိမ်းခဲ့သည်။[၁] သမိုင်းအေးပတ်စ်လေကြောင်းလိုင်း ကုမ္ပဏီကို ပြည်တွင်း ပြည်ပ ခရီးစဉ်များ ပျံသန်းရန် ရည်ရွယ်ချက်ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ ၂၀၁၅ ခုနှစ် မတ်လတွင် စတင်လည်ပတ်ပျံသန်းခဲ့သည်။[၂] ပျံသန်းရာမြို့များ
လေယာဉ်၂၀၁၅ ခုနှစ် နိုဝင်ဘာလ အထိ အေတီအာ ၇၂-၆၀၀ လေယာဉ် (၁) စီးတည်းဖြင့် ပျံသန်းခဲ့သည်။[၃]
ပျံသန်းမှုရပ်နားခြင်း၂၀၁၈ခုနှစ် ဩဂုတ်လမှ စတင်၍ လေကြောင်းခရီးစဉ်များအားလုံးကို ရပ်နားကာ လေကြောင်းပျံသန်းခွင့်လိုင်စင်ကို ပြန်လည်အပ်နှံခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia