လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန
လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (အင်္ဂလိပ်: Department of Civil Aviation)သည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အောက်ရှိ ဌာနတစ်ခုဖြစ်သည်။ သမိုင်းကြောင်းလွတ်လပ်ရေးမရမီ (B.O.A.C) လေကြောင်းကုမ္ပဏီမှ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်များကို တာဝန်ယူ စီမံ ဆောင်ရွက်ခဲ့ပြီး လွတ်လပ်ရေးရရှိလာသောအခါ ယင်းလေကြောင်းကုမ္ပဏီ လက်အောက်တွင် မြန်မာ့မြို့ပြ လေကြောင်းဆက်သွယ်ရေးလုပ်ငန်းများအား ဆက်လက်ထားရှိရန် မသင့်လျော်သဖြင့် ခေတ်ပညာတတ် စက်မှုနှင့် ဆက်သွယ်ရေး လုပ်ငန်းကျွမ်းကျင်သူ လူငယ်များက ကြိုးစား နည်းလမ်းရှာဖွေခဲ့ရာ International Aeradio Limited ခေါ် IAL ကုမ္ပဏီနှင့် ဆက်သွယ်မိခဲ့ပြီး မြို့ ပြလေကြောင်းဆက်သွယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန်ငှားရမ်း၍ မြန်မာ့မြို့ ပြလေကြောင်းလုပ်ငန်း ဆက်သွယ်ရေး၏ အခြေခံအုတ်မြစ်ကို ချမှတ်ဆောင်ရွက်ခဲ့သည်။ မြို့ ပြလေကြောင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ရှေ့ရှုလျက် ၁၉၄၇ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် ချီကာဂို ကွန်ဗင်းရှင်း (Chicago Convention) အား ပြဋ္ဌာန်း၍ အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ် ICAO ကို ဖွဲ့စည်း တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ၁၉၄၈ ခုနှစ်ဩဂုတ်လ ၈ ရက်နေ့တွင် အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်ခဲ့သည်။ထို့နောက် International Aeradio Limited (IAL) ကုမ္ပဏီအား ငှားရမ်း၍ မြန်မာနိုင်ငံ၏ မြို့ပြ လေကြောင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့သည်။၁၉၅၇ ခုနှစ်တွင် IAL ငှားရမ်းခြင်းအား ရပ်စဲ၍ မြန်မာနိုင်ငံ၏ မြို့ပြလေကြောင်း လုပ်ငန်း တစ်ရပ်လုံးကို တာဝန်ယူ ဆောင်ရွက်ခဲ့သည်။၁၉၆၂ခုနှစ်၊ တော်လှန်ရေးကောင်စီအစိုးရနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ လက်ထက်တွင် လေယာဉ်ကွင်းပေါင်း (၄၃) ကွင်းနှင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် ပြည်တွင်း/ ပြည်ပ လေကြောင်း ခရီးစဉ်အဖြစ် အသုံးပြုနိုင်သော လေယာဉ်ကွင်းပေါင်း (၂၅) ကွင်း ရှိခဲ့သည်။၁၉၈၆ ခုနှစ်တွင် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP အထောက်အပံ့ဖြင့် လေကြောင်းပညာ သိပ္ပံ အား ဖွင့်လှစ်တည်ထောင်ခဲ့ပြီး လေကြောင်းပို့ဆောင်ရေး/လေကြောင်း ဆက်သွယ်ရေးဆိုင်ရာ သင်တန်းများနှင့် လေယာဉ်မှူးကြီး လိုင်စင်သင်တန်းများကို ပို့ချခဲ့သည်။[၁] ဖွဲ့ စည်းပုံမူဝါဒများပြည်ထောင်စုမြန်မာနိုင်ငံတော် လေယာဉ်ဥပဒေ၊ နည်းဥပဒေ နှင့် လုပ်ထုံးလုပ်နည်းများကို လိုက်နာကျင့်သုံးလျက် အပြည်ပြည်ဆိုင်ရာ မြို့ပြလေကြောင်းအဖွဲ့ချုပ်၏ စည်းမျဉ်းစည်းကမ်းနှင့် သတ်မှတ်ချက်စံများအတိုင်း လေကြောင်းဆိုင်ရာ နိုင်ငံတကာ ဆက်ဆံရေး၊ ပြည်တွင်းပြည်ပလေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်း၍ လုံခြုံချောမွေ့စွာဖြင့် လိုရာခရီးသို့ လျင်မြန်စွာ ပျံသန်းသွားလာနိုင်ရေးတို့အတွက် အောက်ပါမူဝါဒများကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
လုပ်ငန်းဆောင်ရွက်မှုများ
ဆက်သွယ်ရန်လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ၁၁၀၂၁ (မြန်မာနိုင်ငံ)
ကိုးကား |
Portal di Ensiklopedia Dunia