အေးမြင့် (ဝန်ကြီး)
သူရဦးအေးမြင့် သည် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ဦးအေးမြင့်သည် အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုကာ မော်လမြိုင်မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသည်။[၁] သူသည် ၂၀၁၁ ခုနှစ် မတ်လမှ ၂၀၁၂ ခုနှစ် ဩဂုတ်လအထိ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း၊ ၂၀၁၂ ခုနှစ် ဩဂုတ်လမှ ၂၀၁၃ ခုနှစ် ဇူလိုင်လအထိ စက်မှု ဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။[၂] သူရဦးအေးမြင့်သည် တပ်မတော်တွင် ဗိုလ်ချုပ်အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး[၂] နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် အားကစား ဝန်ကြီးဌာန ဝန်ကြီးနှင့် ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။[၂] သူသည် ဒေါ်အေးအေးနှင့် လက်ထပ်ခဲ့ပြီး သားတစ်ဦး ထွန်းကားခဲ့သည်။[၃] ကိုးကား
|
Portal di Ensiklopedia Dunia