သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမြန်မာနိုင်ငံအစိုးရအဖွဲ့အစည်း
|
---|
Ministry of Science and Technology |
 |
အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် |
---|
ဖွဲ့စည်းခြင်း |
- ၂ အောက်တိုဘာ ၁၉၉၆
- ၁၇ ဇွန် ၂၀၂၁
|
---|
ယခင်အဖွဲ့အစည်း | ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ) |
---|
ဖျက်သိမ်းခြင်း | ၃၀ မတ် ၂၀၁၆ (ပထမအကြိမ်) |
---|
အဖွဲ့အစည်းအမျိုးအစား | ဝန်ကြီးဌာန |
---|
ဌာနချုပ် | ရုံးအမှတ် (၂၁)၊ နေပြည်တော် |
---|
ဝန်ကြီးများ | ဒေါက်တာမျိုးသိန်းကျော်[၁] |
---|
ဒုတိယဝန်ကြီးများ | ဒေါက်တာ အောင်ဇေယျ |
---|
ဝက်ဘ်ဆိုက် | most.gov.mm |
---|
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Science and Technology) သည် မြန်မာနိုင်ငံ၏ သိပ္ပံ၊ နည်းပညာနှင့် သုတေသနကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးရန်အတွက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ပြည်ထောင်စုဝန်ကြီးဌာနတစ်ခု ဖြစ်သည်။
သမိုင်းကြောင်း
သိပ္ပံနှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဤကဏ္ဍဆိုင်ရာ လူသားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးတို့သည် နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသောကဏ္ဍများ ဖြစ်သည့်အားလျော်စွာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနကို ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အမိန့်အမှတ် (၃၆/၉၆)ဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။
၂၀၁၆ ခုနှစ် သမ္မတ ဦးထင်ကျော်လက်ထက်တွင် ဖျက်သိမ်းပြီး ပညာရေးဝန်ကြီးဌာန (သိပ္ပံနှင့် နည်းပညာ) အဖြစ် ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ထားရှိခဲ့ကာ ၂၀၂၁ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၃၈/၂၀၂၁)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတော်၏ လုပ်ငန်းခွင်များအတွက် လိုအပ်သော ပညာရှင်များနှင့် နည်းပညာရှင်များ မွေးထုတ်ပေးရန်၊ နည်းပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ဝန်ကြီးရုံးနှင့် ဦးစီးဌာန (၇) ခုဖြင့် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဓိက ဦးစီးဌာနများနှင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များ-
- အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၏ ကွပ်ကဲမှုဖြင့် နည်းပညာတက္ကသိုလ် (၃၃) ခုနှင့် ကွန်ပျူတာတက္ကသိုလ် (၂၇) ခုတို့မှ အင်ဂျင်နီယာပညာရှင်၊ ဗိသုကာပညာရှင်၊ ကွန်ပျူတာပညာရှင်နှင့် သုတေသီများကို မွေးထုတ်ပေးသည်။
- နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၏ ကွပ်ကဲမှုဖြင့် သက်မွေးသင်တန်းကျောင်း (၇) ခု၊ နည်းပညာအထက်တန်းကျောင်း (၃၅) ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ (၂၅) ခုနှင့် အစိုးရနည်းပညာကောလိပ် (၃) ခုတို့မှ ကျွမ်းကျင်လုပ်သားများနှင့် နည်းပညာရှင်များကို မွေးထုတ်ပေးသည်။
- သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် အမျိုးသားအရည်အသွေးအခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ စံချိန်စံညွှန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသနဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာဆိုင်ရာ လွှဲပြောင်းထောက်ပံ့ရေးတို့ကို ဆောင်ရွက်သည်။
- နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနသည် သတင်းအချက်အလက်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒြပ်ပစ္စည်းသိပ္ပံကဏ္ဍ ဖွံ့ဖြိုးရေးနှင့် မော်တော်ယာဉ်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆောင်ရွက်သည်။
- ဇီဝနည်းပညာသုတေသနဦးစီးဌာနသည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးဆိုင်ရာကဏ္ဍများတွင် ဇီဝနည်းပညာဆိုင်ရာ အထောက်အပံ့များကို ဆောင်ရွက်သည်။
- အဏုမြူစွမ်းအင်ဦးစီးဌာနသည် စက်ရုံ၊ အလုပ်ရုံများနှင့် ကုသရေးစင်တာများတွင် ဓာတ်ရောင်ခြည်အန္တရာယ်ကင်းရှင်းစေရေး၊ နျူကလီးယားနှင့် ဓာတ်ရောင်ခြည်ဆိုင်ရာ သုတေသနများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သည်။
- လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာနသည် ဝန်ကြီးဌာနတစ်ခုလုံး၏ စီမံကိန်းနှင့် လုပ်ငန်းများအတွက် အရည်အသွေးအာမခံမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်ကာလလိုအပ်ချက်များကို လေ့လာဆန်းစစ် အကဲဖြတ်သည်။
ဖွဲ့စည်းပုံ
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ လက်အောက်ရှိ ဦးစီးဌာနများမှာ
- ဦးစီးရုံး
- နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန
- အဆင့်မြင့်သိပ္ပံနှင့် နည်းပညာ ဦးစီးဌာန
- နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန
- သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန
- အဏုမြူစွမ်းအင် ဦးစီးဌာန
- ဇီဝနည်းပညာသုတေသန ဦးစီးဌာန
- လေ့လာဆန်းစစ်အကဲဖြတ်ရေး ဦးစီးဌာန
ဝန်ကြီးဌာနလက်အောက်တွင် နည်းပညာတက္ကသိုလ် (၃၃)ခု၊ ကွန်ပျူတာတက္ကသိုလ် (၂၇)ခု၊ အစိုးရနည်းပညာကောလိပ် (၇)ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ (၂၂)ခု၊ အစိုးရနည်းပညာအထက်တန်းကျောင်း (၃၅)ခု၊ သက်မွေးပညာသင်တန်းကျောင်း (၉)ခုတို့ တည်ရှိသည်။
ယခင်ဖွဲ့စည်းပုံ
အကြီးအကဲများ
ဝန်ကြီးများစာရင်း (၁၉၉၆ - ၂၀၁၁)
စဉ်
|
အမည်
|
တာဝန်စတင်
|
တာဝန်ပြီးဆုံး
|
ရက်ပေါင်း
|
နိုင်ငံတော်အကြီးအကဲ
|
၁
|
ဦးသောင်း
|
၁၉၉၆
|
၂၀၁၀
|
|
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
|
၂
|
သူရ ဦးအေးမြင့်
|
၂၀၁၀
|
၃၀ မတ် ၂၀၁၁
|
|
ပြည်ထောင်စုဝန်ကြီးများစာရင်း (၂၀၁၁ - လက်ရှိ)
စဉ်
|
အမည်
|
တာဝန်စတင်
|
တာဝန်ပြီးဆုံး
|
ရက်ပေါင်း
|
ခန့်အပ်သူ
|
၁။
|
သူရ ဦးအေးမြင့်
|
၃၀ မတ် ၂၀၁၁
|
ဩဂုတ် ၂၀၁၂
|
|
ဦးသိန်းစိန်
|
၂။
|
ဒေါက်တာ ကိုကိုဦး
|
၇ စက်တင်ဘာ ၂၀၁၂
|
၉ ဒီဇင်ဘာ ၂၀၁၅
|
၁၁၈၈
|
၃။
|
ဒေါက်တာ ခင်စန်းရီ (ပူးတွဲ)
|
ဒီဇင်ဘာ ၂၀၁၅
|
၃၀ မတ် ၂၀၁၆
|
၄။
|
ဒေါက်တာ မျိုးသိန်းကျော်
|
၁၇ ဇွန် ၂၀၂၁
|
လက်ရှိ
|
၁၄၇၄
|
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
|
လုပ်ငန်းစဉ်များ
သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များအား အောက်ဖော်ပြပါအတိုင်း ကဏ္ဍအလိုက် ဆောင်ရွက်လျက်ရှိသည်။
- အဆင့်မြင့်ပညာရေးကဏ္ဍ
- စက်မှုနှင့် သက်မွေးပညာရေးကဏ္ဍ
- ဥပဒေများ ရေးဆွဲအတည်ပြုရေးကဏ္ဍ
- သုတေသနနှင့် ဖွံ့ဖြိုးရေးကဏ္ဍ
ဆက်စပ်ကြည့်ရှုရန်
ကိုးကား
ပြင်ပအဆက်အသွယ်