အ.ထ.က (၁)၊ဆင်ဖြူကျွန်း ဆင်ဖြူကျွန်းမြို့အမျိုးသားကျောင်း |
---|
လိပ်စာ |
---|
၁၂၀-၁၄၀ အထက၁လမ်း ပိုးတန်းအရှေ့ရပ်အမှတ်၃နယ်မြေ ဆင်ဖြူကျွန်းမြို့ ၊ မကွေးတိုင်း |
သတင်းအချက်အလက် |
---|
တည်ထောင် | ၁၉၂၁ ခုနှစ် |
---|
တည်ထောင်သူ | ဦးတင်မောင် ခေါ် ဦးစံတိုင်းမြင့် |
---|
အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း (ဆင်ဖြူကျွန်း) (အတိုကောက် အ.ထ.က (၁) ဆင်ဖြူကျွန်း ) သည် ၁၉၂၀ ပြည့် နယ်ချဲ့ကျွန်ပညာရေးကို တွန်းလှန်ဆန္ဒပြခဲ့သော ကျောင်းသားသပိတ်နှင့် အတူပေါက်ဖွားလာသော အမျိုးသားကျောင်းဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် အမျိုးသားကျောင်း၉၃ ကျောင်း ထဲမှတစ်ကျောင်းအပါအဝင်ဖြစ်သည်။မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ အမှတ်၃ရပ်ကွက် ပိုးတန်းအရှေ့ရပ်တွင်တည်ရှိသည်။
သမိုင်းကြောင်း
နယ်ချဲ့အင်္ဂလိပ်အစိုးရက မြန်မာနိုင်ငံကျောင်းသားကျောင်းသူများအတွက် တရားမျှတမှုမရှိသောရန်ကုန်တက္ကသိုလ်အက်ဥပဒေကို မြန်မာပြည်သူပြည်သားများနှင့်ကျောင်းသားကျောင်းသူများကန့်ကွက်သည့်ကြားမှပြဠန်းသဖြင့် ကျောင်းသားကျောင်းသူများက သပိတ်မှောက်ဆန္ဒပြကြရာ ဆင်ဖြင်ကျွန်းမြို့မှ မောင်တင်မောင်လည်းပါဝင်ခဲသည်။ကျောင်းသားများက တက္ကသိုလ်ပြန်မတက်တော့ဘဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ဩဝါဒကိုခံယူလျက် မိမိမြို့ရွာများတွင်အမျိုးသားကျောင်းများ တည်ထောင်ဖွင့်လှစ်ခဲ့ကြရာ
မောင်တင်မောင်လည်းဆင်ဖြူကျွန်းမြို့မိမြို့ဖများနှင့်ပူးပေါင်းကာ အမျိုးသားကျောင်းတည်ထောင်ဖွင့်လှစ်ခဲ့သည်။
ကျောင်းသားကျောင်းသူဟောင်းများ
ကိုးကား