ဆင်ဖြူကျွန်းမြို့
ဆင်ဖြူကျွန်းမြို့သည် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ်ရှိ မြို့တစ်မြို့ဖြစ်သည်။[၁] မင်းဘူးမြို့ မြောက်ဘက် ၄၅ မိုင်ခန့်အကွာ ဧရာဝတီမြစ်နှင့် စလင်းချောင်း(ဆင်ဖြူကျွန်းချောင်း)တို့ တွေ့ဆုံရာတွင် တည်ရှိသည့် ဆိပ်ကမ်းမြို့ဖြစ်သည်။ အလောင်းစည်သူမင်းလက်ထက် ရခိုင်ဘုရင်ပုန်ကန်၍ သွားရောက်နှိမ်နှင်းရာတွင် ရတနာဆင်ဖြူဝပ်သဖြင့် ဘုရားတည်၍ ဆင်ဖြူဝပ်သော ကျွန်းမြေမဟာဖြစ်သောကြောင့် ဆင်ဖြူကျွန်းဟုတွင်သည်။ ရှေးမြန်မာဘုရင်များလက်ထက်နှင့် အထူးသဖြင့် ဘကြီးတော်(မြန်မာ ၁၁၈၁-၁၁၉၉) လက်ထက် တို့တွင် ဆင်ဖြူများရရှိရာဒေသဖြစ်၍၊ ဆင်ဖြူကျွန်းဟု ပိုမို ကျော်ကြားခဲ့သည်။[၂] ဆင်ဖြူကျွန်း ၏ အရှေ့ဘက်၌ ဧရာဝတီမြစ်၊ အနောက်ဘက်၌ ချောင်း တည်ရှိသည်။ ဆင်ဖြူကျွန်း တောင်ဘက် မြန်မာဘုရင်များလက်ထက် သမိုင်းဝင်အရပ်တစ်ခု ဖြစ်သည့် ယမ်းဖိုကုန်းတည်ရှိခဲ့ပေသည်။ ၎င်းဒေသမှတစ်ဆင့် အမ်းတောင်ကြားလမ်းသို့ကျော်ဖြတ်ကာ ရခိုင်ပြည်နယ်သို့ သွားနိုင်သည်။ ဆင်ဖြူကျွန်းမြို့သည် ရှေးဘုရင်လက်ထက်က ရေတပ်သစ်တပ်တည်ရှိရာ ကင်းမြို့ဖြစ်ပြီး စစ်ရေးအရအရေးပါရာဒေသ ဖြစ်ခဲ့သည်။ စစ်ကြီးမဟာဗန္ဓုလစစ်စခန်းချခဲရာဒေသဖြစ်ပြီး ရခိုင်ဒေသကိုထိန်းချုပ်သည့် စစ်စခန်းမြို့ဖြစ်သည်။ ဆင်ဖြူကျွန်းမြို့ရှိ ကျည်တော်စု၊ကြည်စု၊ တပ်ပြင်၊ မြင်ခေါင်း၊ ယမ်းဖိုကုန်း၊ ဒိုင်းဒေါင်းကုန်းစသည်တို့သည် မဟာဗန္ဓုလစစ်သူကြီး ဆင်ဖြူကျွန်း တွင်စစ်စခန်းချရင်း အမည်တွင်ခဲ့သည့် ရပ်ကွက်ရွာများဖြစ်သည်။ မြို့ဖွဲ့စည်းပုံဆင်ဖြူကျွန်းမြို့ ကို ရှေးယခင် က ခြောက်သွေးခြောက်ရပ်ကွက်ဖြင်ဖွဲ့စည်းထားသည်။ သုံးပင်တောင်ရပ်၊ သုံးပင်မြောက်ရပ်၊ ပျံ့လွင့်ရပ်၊ ပရိက္ခရာရပ်၊ ပိုးအရှေ့ရပ်၊ ပိုးအနောက်ရပ် တို့ဖြင့်ဖွဲစည်းထားသည်။ သိုသော်ယခုအခါ ဆင်ဖြူကျွန်း မြို့ကို မြို့ပေါ်ရပ်ကွက်၉ခု သူကြီးပိုင်နယ်၅၂ရွာ ကျေးရွာပေါင်း၁၁၆ရွာဖြင့်ဖွဲ့စည်းထားသည်။ ယခုအခါတိုးချဲ့ရပ်ကွက်များအဖြစ် အမှတ်(၁)ရပ်ကွက်နယ်မြေတွင် သုံးပင်တောင်(ပိုးသည် ပြည်စိုး သပြေ)၊ သုံးပင်မြောက်၊ အမှတ်(၂)ရပ်ကွက်နယ်မြေတွင် ပျံ့လွင့်၊ ပရိက္ခရာ၊ အမှတ်(၃)ရပ်ကွက်နယ်မြေတွင် ပိုးအရှေ့၊ ပိုးအနောက်၊ အမှတ်(၄)ရပ်ကွက်နယ်မြေတွင် သစ္စာမြိုင်၊ သရက်တော၊ ရွာသစ်၊ ပရပိုက်တန်း၊ ယမ်းဖိုကုန်း၊ သရက်ချဉ်၊ သီးကုန်း၊ ဇောင်ချမ်းကုန်း၊ အမှတ်(၅)ရပ်ကွက်နယ်မြေတွင် မ/ရှားတော၊ အုတ်ဖို၊ မင်းကုန်း၊ သာယာကုန်း၊ စိတ္တူ၊ ပြည်တော်သာရပ်၊ အမှတ်(၆)ရပ်ကွက်နယ်မြေတွင်၊ နွယ်တမယ်ရပ်၊ ဆုတ်လေဦးချောင်းဖြူရပ်၊ အမှတ်(၇)ရပ်ကွက်တွင် ဆုံကုန်း ရေနံစု ကျက်ဟင်းခါးကျွန်း အမှတ်(၈)ရပ်ကွက်တွင်စွန်းကျွန်းညို အမှတ်(၉)ရပ်ကွက်တွင် မိုးဝန်း ဒိုင်ဂေါင်းကုန်း စသည်ဖြင့် ရပ်ကွက်ကြီး (၉) ရပ်ကွက်ဖြင့် ဖွဲ့စည်းထားသည်။ စွန်းကျွန်းညိုရပ်ကွက်သည်ဆင်ဖြူကျွန်မြို့အတွက်ရေးပါသောဧရာဝတီမြစ်ဆိပ်ကမ်းဖြစ်သည်။ ဆုံကုန်းရပ်ကွက်သည်လဲယွန်းထည်၊ဖန်စီရွှေချခြင်း၊ပန်းပုကနုတ်စသည့်အတက်ပညာရှင်များရှိရမြို့၏အားထားရာရပ်ကွက်တစ်ဖြစ်သည်။ နယ်နိမိတ်မြို့တောင်ဘက်တွင်စလင်းမြို့ အရှေ့ဘက်တွင်ဧရာဝတီမြစ်ချောက်မြို့နယ်မြောက်ဘက်တွင်ဆိပ်ဖြူမြို့နယ်အနောက်ဘက်တွင်စေတုတ္တရာမြို့နယ်ဆောမြို့နယ်တို့တည်ရှိသည်။ အစိုးရရုံးများဌာနများ
ပညာရေးအထက်တန်း
စီးပွားရေးအဓိက စီးပွားရေးမှာ စိုက်ပျိုးရေး ဖြစ်သည်။ ဆည်ရေသောက်လယ်မြေများ ဖြစ်ခြင်းကြောင့် စပါးနှင့် ပဲမျိုးစုံ စိုက်ကြသည်။ ကိုင်းကျွန်းတို့တွင် မြေပဲ၊ ငရုတ်၊ ပဲမျိုးစုံ စိုက်ကြသည်။ ဆင်ဖြူကျွန်းမှ အာလူး၊ငရုတ်၊ ကြက်သွန်နှင့် ရှားစေးတို့မှာ နာမည်ကြီးသည်။ အာလူးသည် မြန်မာနိုင်ငံတွင်ရှမ်းဒေသနှင့်ဆင်ဖြူကျွန်းဒေသတွင်သာစိုက်ပျိုးကြသည်။ စားသောက်ဖွယ်ရာများဆင်ဖြူကျွန်းဝက်အူတောင့်၊ဆင်ဖြူကျွန်းမုန့်ဩဇာ ဆင်ဖြူကျွန်း ပဲချောင်း အာလူးကြော် အုန်းကရေကရာတို့သည်နာမည်ကျော်ဒေသထွက်စားစရာများဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေးဆင်ဖြူကျွန်းမြို့သို့ ဧရာဝတီမြစ်နှင့် စလင်းချောင်းတို့မှ လှေ၊ သင်္ဘောတို့ဖြင့် ရေလမ်းအားဖြင့်လည်းကောင်း၊ မင်းဘူး-ဆင်ဖြူကျွန်း-ဆိပ်ဖြူလမ်း ဆင်ဖြူကျွန်း-ငဖဲလမ်း ဆင်ဖြူကျွန်း-စေတုတ္တရာလမ်းစသည့်ကုန်းလမ်းအားဖြင့် သွားလာနိုင်သော မြို့တစ်ခု ဖြစ်သည်။ စာတိုက်၊အစိုးရဆက်သွယ်ရေး ရုံး ပုဂ္ဂလိကဆက်သွယ်ရေးရုံး ဘဏ်များ ရှိ၍လည်းဆက်သွယ်ရေးကောင်းသောမြို့လည်းဖြစ်သည်။ တံတားများ
ထင်ရှားသော နေရာဒေသများဘုရားစေတီများ30em
ထင်ပေါ်ကျော်ကြားသူများ
မင်းကြီးဗိုလ်ဥတ္တမ၊ ဗိုလ်ဗျိုင်းကြီး ဗိုလ်ဗျိုင်းလေး မြတောင်ဗိုလ် ဗိုလ်ဆေးနီ၊ ဗိုလ်ကြာလန်းစသည့် နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်များ၏နယ်ချဲ့တော်လှန်ရေးသမိုင်း(ဆင်ဖြူကျွန်းမြို့သိမ်းတိုက်ပွဲ) မှာ စာတင်သင့်သည် ရှေးခေတ်ဘုရင်များလက်ထက်တွင် ဆင်ဖြူကျွန်းမြို့သည် စစ်ရေးအရအရေးပါသောရေတပ် သစ်တပ်ရှိရာမြို့ဖြစ်ခဲ့သည်။ ကိုးကား
|
Portal di Ensiklopedia Dunia