ဥက္ကောဋနသိက္ခာပုဒ်

အမှု—ငြိမ်းပြီးသောအဓိကရုဏ်းကို လှုံ့ဆော်ပေးမှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ

ငြိမ်းပြီးသောကံကို ထပ်မံလှုံဆော်မှု

အဓိကရုဏ်းတခုသည် ဝိနည်းတော်နှင့်အညီသံဃာတော်များ ဆုံးဖြတ်သဖြင့် ငြိမ်းဧပြီးဖြစ်နေ၏။ ဆဗ္ဗဂ္ဂီရဟန်းတို့ကား (ထိုသို့ဝိနည်းတော်နှင့်အညီ ငြိမ်းဧပြီးကြောင်း သိပါလျက်) “အကတံကမ္မံ=ကံကို မပြုအပ်သေး၊ ဒုက္ကဋံ ကမ္မံ (ပြုပြီး စေကာမူ) ကံကို မကောင်းသဖြင့် မတရားသဖြင့် ပြုအပ်ပြီ၊ ပုနကာတဗ္ဗံ ကမ္မံ-ကံကို ထပ်၍ ပြုသင့်၏၊ အနိဟတံ အဓိကရုဏ်းကို မနုတ်အပ်သေး၊ ဒုန္နိဟတံ (နုတ်အပ်ပြီး ဖြစ်စေကာမူ) မကောင်းသဖြင့် မတရားသဖြင့် နှုတ်အပ်၏၊ ပုန နိဟရိတဗ္ဗံ = ထပ်၍နုတ်သင့်၏”ဤသို့ပြောဆိုကာ ထပ်၍ကံပြုအောင် လှုံ့ဆော်ပေးကြလေသည်၊ ထို့ကြောင့်ဤသိက္ခာပုဒ်ကို ပညတ်တော် မူရသည်။[]

သိက္ခာပုဒ်

ယော ပန ဘိက္ခု ဇာနံ ယထာဓမ္မံ နိဟတာဓိကရဏံ ပုနကမ္မာယ ဥက္ကောဋေယျ, ပါစိတ္တိယံ။[]

မြန်မာပြန်

အကြင်ရဟန်းသည် တရားသဖြင့် ငြိမ်းစေအပ်ပြီးသော အဓိကရုဏ်းဟုသိလျက် တရားနည်းလမ်းအတိုင်း နှိမ်နင်းအပ်ပြီးသော အဓိကရုဏ်းကို ထပ်မံ၍ ကံပြုဘို့ရာ လှုံ့ဆော်ပေးအံ့၊ ထိုရဟန်းပါစိတ်အာပတ်သင့်၏။[]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya