ဥပက္ခဋသိက္ခာပုဒ်

ဥပက္ခဋသိက္ခာပုဒ်သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လေးစားလိုက်နာရန် ပညတ်တော်မူခဲ့သည့် နိဿဂ္ဂိပါစိတ်အာပတ်တစ်ခု ဖြစ်သည်။[]

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ တစ်ခုသောအချိန်တွင် လူယောက်ျားတစ်ယောက်သည် သူ၏ ဇနီးအား “အသျှင်ဥပနန္ဒအား သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့ ‘လှူအံ့’ “ ဟု ပြောသည်ကို ရဟန်းတစ်ပါးသည် ကြား၏။ ထို့နောက် ရဟန်းသည် အသျှင်ဥပနန္ဒအား ထိုအကြောင်းကို ပြော၏။ အသျှင်ဥပနန္ဒသည် “ထိုသူမှာ မိမိ၏ အလုပ်အကျွေး ဖြစ်သည်” ဟု ပြော၏။

ထို့နောက် အသျှင်ဥပနန္ဒသည် ယောက်ျားထံသို့ သွားကာ “သင်သည် ငါ့ကို သင်္ကန်းဖြင့် ဖုံးလွှမ်းလိုပါက ဤသို့ သဘောရှိသည့် သင်္ကန်းဖြင့် ဖုံးလွှမ်းပါ။ ငါသုံးဆောင်မည် မဟုတ်သော သင်္ကန်းဖြင့် ဖုံးလွှမ်းသော် အဘယ်ပြုအံ့နည်း” ဟု ဆို၏။

ထိုအခါ ယောက်ျားသည် “အသျှင်ဥပနန္ဒသည် ရှေးက မဖိတ်ကြားဘဲ အိမ်ရှင်သို့ ချဉ်းကပ်၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ အဘယ်ကြောင့် ရောက်ဘိသနည်း” ဟု ကဲ့ရဲ့၏။ ရဟန်းတို့သည်လည်း ကဲ့ရဲ့ကုန်၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် အသျှင်ဥပနန္ဒအား “ဟုတ်မှတ်ပါသလော” ဟု မေးမြန်းရာ “ဟုတ်မှန်ကြောင်း” ဖြေကြား၏။ ထို့နောက် အသျှင်ဥပနန္ဒအား “သင်နှင့်ဆွေမျိုးတော်စပ်ပါသလား” ဟု မေးရာ “မတော်စပ်ကြောင်း” ဖြေကြား၏။

ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။[]

သိက္ခာပုဒ်

“ရဟန်းကိုသာလျှင် ရည်ညွှန်း၍ ဆွေမျိုးမတော်စပ်သော အိမ်ရှင်သည်လည်းကောင်း၊ အိမ်ရှင်မသည်လည်းကောင်း သင်္ကန်းဖိုးကို ‘ဤ သင်္ကန်းဖြင့် သင်္ကန်းကို ဝယ်၍ ဤမည်သော ရဟန်းကို သင်္ကန်းဖြင့် ဖုံးလွှမ်းအံ့’ ဟု စီရင်အပ်၏၊ အကယ်၍ ထိုဒါယကာသို့ ထိုရဟန်းသည် ရှေးက မဖိတ်ကြားအပ်ဘဲ ချဉ်းကပ်၍ ‘ဒါယကာ တောင်းပန်အပ်သည်၊ အကျွန်ုပ်ကို ဒါယကာသည် ဤသင်္ကန်းကို ဝယ်၍ ဖုံးလွှမ်းပါလော့’ ဟု ကောင်းသည်ကို အလိုရှိသည်၏ အဖြစ်ကို စွဲ၍ သင်္ကန်း၌ အထူးစီရင်ခြင်းသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya