ဥပါဟနရုဠှသိက္ခာပုဒ်
ပါဒုကာရုဠှစသောသိက္ခာပုဒ် ၈-ပါး (ပါဒုကဝဂ်) ဆဗ္ဗဂ္ဂီရဟန်းတို့သည် ဂိလာနမဟုတ်သော— ခြေနင်း(ခုံဘိနပ်) စီးထားသူအား တရားဟောကြကုန်၏။ အခြားဘိနပ်တမျိုးမျိုး စီးထားသူအား တရားဟောကြကုန်၏။ လှည်းရထားစသော ယာဉ်ပေါ်၌ နေသူအား တရားဟောကြကုန်၏။ အိပ်ရာပေါ်၌ နေသူအား တရားဟောကြကုန်၏။ ဒူးထောင်၍ လက်အဝတ်တို့ဖြင့် ပတ်ဖွဲ့ထိုင်နေသူအား တရားဟောကြကုန်၏။ ခေါင်းပေါင်းကြီး ကုလားများ ပေါင်းသကဲ့သို့ ဦးခေါင်းကို ဆံစ မပေါ်အောင် ရစ်ပတ်ပေါင်းထားသူအား တရားဟောကြကုန်၏။ ခေါင်းမြီးခြုံထားသူအား တရားဟောကြကုန်၏။ တရားဟောသူက အခင်းမပါ မြေပေါ်မှာထိုင်လျက် အခင်းပေါ် ခုံပေါ်၌ ထိုင်နေသူအား တရားဟောကြကုန်၏။ ထိုသို့တရားဟောကြရာ၌ကား (လူတို့က မကဲ့ရဲ့ရဘဲ) ရဟန်းတော်များ ကိုယ်တိုင်ကပင် အောက်ကျနောက်ကျရှိလှသော ထိုအပြုအမူကို ကဲ့ရဲ့၍-[၁] ဘုရားရှင်အား တိုင်တန်းလျှောက်ထားလေရာ ဘုရားရှင်လည်း များစွာ အပြစ်တင်တော်မူပြီးလျှင်— “န ပါဒုကာရုဠှဿ...၊ န ဥပါဟနာရုဠှဿ...၊ န ယာနဂတဿ...၊ န သယနဂတဿ...၊ နပလ္လတ္ထိကာယ နိသိန္နဿ...၊၊ န ဝေဌိတသီသဿ...၊ န ဩဂုဏ္ဌိတသီသဿ...၊ န ဆမာယံ နိသီဒိတွာ အာသနေ နိသိန္နဿ အဂိလာနဿ ဓမ္မံ ဒေသေဿာမီတိ သိက္ခာ ကရဏီယာ”။ ဟူ၍ ၈-ပါးသော သိက္ခာပုဒ်များကို ပညတ်တော်မူရလေသည်။ မြန်မာပြန်ဂိလာန မဟုတ်ဘဲ ခုံဘိနပ်စီးထားသူ, အခြားဘိနပ် အမျိုးမျိုးစီးထားသူ ယာဉ်၌ တက်စီးနေသူ, အိပ်ရာပေါ်၌ ရောက်နေသူ, လက်အဝတ်တို့ဖြင့် ဒူးကိုပတ်ဖွဲ့နေသူ, ဦးခေါင်းကို ခေါင်းပေါင်းကြီး ရစ်ပေါင်းထားသူ, ခေါင်းမြီးခြုံထားသူ, မြေပေါ်၌ နေလျက် နေရာထိုင်ခုံပေါ်၌ နေသူအား တရားမဟောအံ့”ဟုအလေ့အကျင့်ကို ပြုရမည်။ ကိုးကား
|
Portal di Ensiklopedia Dunia