ဥပုသ်အိမ်
ဥပုသ်အိမ်ဆိုသည်မှာ ရဟန်းသံဃာများ ဥပုသ်ပြုခြင်း (ပါတိမောက်ပြခြင်း) ကို ပြုလုပ်ရန်အတွက် သံဃာက သီးခြား သတ်မှတ်ထားသော နေရာဖြစ်သည်။ ရှေးယခင်က ရဟန်းတို့သည် ပရိဝုဏ်အလိုက် ပါတိမောက်ပြရာအရပ်ကို တိတိကျကျ မချိန်းချက်ဘဲ ပြုလုပ်လေ့ရှိရာ၊ ဧည့်သည်ရဟန်းများ မည်သည့်အရပ်၌ ဥပုသ်ပြုရမည်ကို မသိဖြစ်ခဲ့သောကြောင့် မြတ်စွာဘုရားရှင်က ဥပုသ်အိမ် သမုတ်၍ ဥပုသ်ပြုရန် ခွင့်ပြုတော်မူခဲ့ခြင်း ဖြစ်ပါသည်။ [၁] ဥပုသ်အိမ်အဖြစ် သမုတ်နိုင်သော နေရာများသံဃာအလိုရှိပါက အောက်ပါ နေရာများကို ဥပုသ်အိမ်အဖြစ် သမုတ်နိုင်သည်-
ဥပုသ်အိမ် သမုတ်နည်းဥပုသ်အိမ်ကို သမုတ်လိုလျှင် ကျွမ်းကျင်လိမ္မာ၍ စွမ်းရည်ရှိသော ရဟန်းတစ်ပါးသည် သံဃာ့အစည်းအဝေး၌ အောက်ပါအတိုင်း နှစ်ကြိမ် (ဉတ်နှင့် ကမ္မဝါစာ) သိစေရပါမည်- ၁။ သိစေခြင်း (ဉတ်): "အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ အကယ်၍ သံဃာအား လျောက်ပတ်သော အခါရှိသော ကံသည် ဖြစ်ငြားအံ့၊ သံဃာသည် ဤမည်သော ကျောင်း (သို့မဟုတ် အခြားနေရာ) ကို ဥပုသ်အိမ်ဟု သမုတ်ရာ၏။" ၂။ အဆို (ကမ္မဝါစာ): "အသျှင်ဘုရားတို့ သံဃာသည် အကျွန်ုပ်၏ (စကားကို) နာတော်မူလော့၊ သံဃာသည် ဤမည်သော ကျောင်းကို ဥပုသ်အိမ်ဟု သမုတ်၏၊ ဤမည်သော ကျောင်းကို ဥပုသ်အိမ်ဟု သမုတ်ခြင်းကို အကြင်အသျှင်အား နှစ်သက်ခြင်း ရှိ၏၊ ထိုအသျှင်သည် ဆိတ်ဆိတ်နေရာ၏၊ အကြင် အသျှင်အား နှစ်သက်ခြင်း မရှိ၊ ထိုအသျှင်သည် ပြောဆိုရာ၏။" ဤသို့ နှစ်ကြိမ်တိုင်တိုင် ဆိုပြီးနောက် သံဃာက ဆိတ်ဆိတ်နေခြင်းဖြင့် သဘောတူကြောင်း သိမှတ်ရမည် ဖြစ်ပါသည်။ ဥပုသ်အိမ်ဆိုင်ရာ စည်းကမ်းများ
ဥပုသ်အိမ်ဦး ဥပစာ (ဥပစာသိမ်)ဥပုသ်အိမ်သည် သေးငယ်ပြီး ရဟန်းများစွာ စုဝေးသောအခါ ဥပုသ်အိမ်အတွင်း မဆံ့နိုင်ဘဲ မသမုတ်အပ်သော မြေ၌ နေလျက် ပါတိမောက် နာယူရမှုများ ရှိလာခဲ့ပါသည်။ သို့ရာတွင် သမုတ်အပ်သော မြေ၌ဖြစ်စေ၊ မသမုတ်အပ်သော မြေ၌ဖြစ်စေ နေသော ရဟန်းတို့သည် ပါတိမောက်ကို ကြားနာလျှင် ဥပုသ်ပြုသည်မည်ကြောင်း မြတ်စွာဘုရားက မိန့်ကြားတော်မူခဲ့ပါသည်။ သို့သော် များစွာသော ရဟန်းများအတွက် အဆင်ပြေစေရန် သံဃာသည် အလိုရှိသလောက် ကြီးသော ဥပုသ်အိမ်ဦး ဥပစာ(ဥပစာရသိမ်) ကိုလည်း သမုတ်ခွင့် ပြုတော်မူခဲ့ပါသည်။ ဥပုသ်အိမ်ဦး ဥပစာ သမုတ်ရာ၌လည်း ရှေးဦးစွာ နိမိတ် (နယ်နိမိတ်) များကို ကြားရမည်ဖြစ်ပြီး၊ နိမိတ်ကြားပြီးမှ ကျွမ်းကျင်လိမ္မာသော ရဟန်းက သံဃာ့အစည်းအဝေး၌ ဉတ်နှင့် ကမ္မဝါစာဖြင့် သမုတ်ရမည် ဖြစ်ပါသည်။ ဤဥပစာအတွင်း ပါဝင်သော နေရာသည်လည်း ဥပုသ်ပြုရန်အတွက် အကျုံးဝင်ပါသည်။[၄] ဥပုသ်ပြုခြင်းဆိုင်ရာ အခြားညွှန်ကြားချက်များ
အချုပ်အားဖြင့် ဥပုသ်အိမ်ဟူသည်မှာ ရဟန်းသံဃာများ ဥပုသ်ကံဆောင်ရာ၌ ညီညွတ်စွာ စည်းဝေးနိုင်ရန်နှင့် စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် သံဃာ့သဘောတူညီချက်ဖြင့် သတ်မှတ်ထားသော သီးခြားနေရာဖြစ်ကြောင်း ဖော်ပြထားပါသည်။ ကိုးကား |
Portal di Ensiklopedia Dunia