ဥပဿုတိသိက္ခာပုဒ်

အမှု—ရန်ဖြစ်သော ရဟန်းများ စကား ပြောနေသည်ကို ချောင်း၍ နားထောင်မှု။

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ။

သူတော်ကောင်းရဟန်းများနှင့် ရန်ဖြစ်ခြင်း

ဆဗ္ဗဂ္ဂီရဟန်းတို့သည် သီလစင် သူတော်စင် ရဟန်းများနှင့် ငြင်းကြခုန်ကြ ခိုက်ရန်ဒေါသ ဖြစ်ကြလေသည်၊ ထိုအခါ သီလစင်ကြယ်သော ရဟန်းတို့သည် သူတို့အချင်းချင်း ကွယ်ရာ၌ ပြောဆိုကြသည်မှာ..... “အရှင်ဘုရားတို့ ဆဗ္ဗဂ္ဂီရဟန်းတွေဟာ အလဇ္ဇီတွေဖြစ်တယ်၊ သူတို့နှင့်ဘက်ပြိုင်၍ ရန်မဖြစ်ထိုက်ဘူး” ဤသို့ ပြောဆိုကြလေသည်။ ထိုသို့ပြောဆို နေသံကို ချောင်း၍ နားထောင်သော ဆဗ္ဗဂ္ဂီရဟန်းတို့ ကြား၍ “ကိုယ်တော်တို့က တပည့်တော်တို့ကို ဘာ့ကြောင့် အလဇ္ဇီလို့ ပြောရသလဲ”ဟု သွား၍ ပြောဆိုကြသော် “ကိုယ်တော်တို့ ဘယ်ကကြားသလဲ”တပည့်တော်တို့ ကိုယ်တော် ပြောတဲ့အနီးမှာဘဲ တည်ရှိနေကြတယ်”ဟုပြောကြလေသည်၊ ထိုသို့ ချောင်း၍ နားထောင်မှုမှစ၍ အကျယ်အကျယ်ငြိမ်းဘွယ်ကို ဘုရားရှင် ကြားသိတော်မူသောကြောင့် ဤသိက္ခာပုဒ်ကိုပညတ်တော်မူရလေသည်။[]

သိက္ခာပုဒ်

ယော ပန ဘိက္ခု ဘိက္ခူနံ ဘဏ္ဍနဇာတာနံ ကလဟဇာတာနံ ဝိဝါဒါပန္နာနံ ဥပဿုတိံ တိဋ္ဌေယျ ‘‘ယံ ဣမေ ဘဏိဿန္တိ, တံ သောဿာမီ’’တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။[]

မြန်မာပြန်

အကြင်ရဟန်းသည် မိမိတို့ဘက်တွင် တိုင်ပင်ခြင်းရှိကုန်သော ခိုက်ရန်ရှိကုန်သော ငြင်းခုံခြင်းသို့ ရောက်ကြကုန်သော ရဟန်းတို့၏ တိုင်ပင်သံ၏ အနီး၌ (တိုင်ပင်သံကို ကြားလောက်ရာအရပ်၌) တည်နေအံ့၊ (အဘယ်သို့ကြံ၍ တည်နေသနည်း၊) “ဤရဟန်းတွေ အကြင်စကားကို ပြောကြလိမ့်မည်၊ ထိုစကားကို နားထောင်အံ့”၊ ဤသို့ကြံ၍ ဤနားထောင်လိုခြင်းကိုသာလျှင် အကြောင်းပြု၍ အခြား အကြောင်းမရှိဘဲ တည်အံ့၊ ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ []

မှတ်ချက်

ချောင်း၍နားထောင်ရာ၌ သူတို့စကားကိုကြားလျှင် သူတို့ကိုပြန်၍ချေပမည်-စွပ်စွဲမည်ဟု မတရား ရည်ရွယ်ချက်ဖြင့်နားထောင်မှသာ အာပတ်သင့်သည်၊ စိတ်ကောင်း စေတနာကောင်းဖြင့် ငါ့ကို သူတို့အထင်လွဲခြင်းမှ လွတ်စေမည်၊ ထိုအမှုကို ငြိမ်းအေးအောင်လုပ်မည်”စသည်ဖြင့် ကြံရွယ်၍ နားထောင်လျှင်ကား အာပတ်မသင့်၊ ရန်ဘက်ဖြစ်သော လူသာမဏေတို့၏ တိုင်ပင်သံကို ချောင်း၍ နားထောင်ရာ၌ ဒုက္ကဋ်အာပတ်[]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ အရှင်ဇနကာဘိဝံသ (၁၉၉၆)။ ဘုရားဥပဒေတော်ကြီး
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya