ဥယျောဓိကသိက္ခာပုဒ်

အမှု—စစ်တိုက်နေသည်ကို ကြည့်မှု။

အမှုသည်—ဆဂ္ဂီရဟန်းများ။


စစ်ပွဲကို ကြည်ရှူမှု

သာဝတ္ထိမြို့၌ ဆဗ္ဗဂ္ဂီရဟန်းတို့သည် စစ်တပ်သို့သွားဘို့ရန် လုံလောက်သော အကြောင်းရှိ၍ စစ်တပ်ထဲ၌နေစဉ် တဘက်နှင့်တဘက် အပြင်းအထန် တိုက်ခိုက်နေသော စစ်ပွဲကိုလည်း သွား၍ ကြည့်ရှုကြကုန်၏၊ စစ်သားတို့ကို ရေတွက်ရာအရပ်သို့လည်း သွား၍ ကြည့်ရှုကြကုန်၏၊ စစ်ဆင်ရာ အရပ်သို့လည်းသွား၍ ကြည့်ရှုကြကုန်၏၊ ဆင်တပ် မြင်းတပ် ရထားတပ် ခြေလျင်တပ်များ၏ တပ်စိတ်များကိုလည်း သွား၍ ကြည့်ရှုကြကုန်၏။ စစ်ပွဲသို့သွားကြည့်သောရဟန်းတပါးမှာလည်း မြှားမှန်ခံရသဖြင့် လူတို့ကပြောင်လှောင်ကြသည်မှာ-“ဘယ့်နှယ်လဲ ကိုယ်တော်ကောင်း ကောင်း စစ်တိုက်ခဲ့ရပါရဲ့လား၊ ကိုယ်တော်က အမှတ်ဘယ်လောက်ရခဲ့ပါသလဲ” ဟု မြှားမှန်ခံရုံမက ဤသို့ အပြောင်အလှောင် ခံရသောကြောင့် ထိုကိုယ်တော်သည် မျက်နှာပျက်ရှာ လေတော့၏။ အခြားလူတို့ကလည်း “ကိုယ်တော်တွေ့နှယ်-အနေသာသားနှင့်, ဘာ့ကြောင့်စစ်ပွဲကို ကြည့်ရသလဲ”ဟု ကဲ့ရဲ့ကြလေသည်၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။

သိက္ခာပုဒ်

ဒိရတ္တတိရတ္တံ စေ ဘိက္ခု သေနာယ ဝသမာနော ဥယျောဓိကံ ဝါ ဗလဂ္ဂံ ဝါ သေနာဗျူဟံ ဝါ အနီကဒဿနံ ဝါ ဂစ္ဆေယျ, ပါစိတ္တိယံ။

မြန်မာပြန်

ရဟန်းသည် ၂-ညဉ့် ၃-ညပတ်လုံးစစ်တပ်၌ နေစဉ် စစ်ပွဲသို့သော်၎င်း, စစ်သည်အစုကို ရေတွက်ရာ အရပ်သို့သော်၎င်း, စစ်ဆင်ရာ သို့သော်၎င်း, ဆင်တပ် မြင်းတပ်စသည်ကို ကြည့်ရှုရာသို့သော်၎င်း, အကယ်၍သွားအံ့၊ ထိုရဟန်းမှာ ပါစိတ်အာပတ်သင့်၏။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya