ဩမသဝါဒသိက္ခာပုဒ်

ဩမသဝါဒသိက္ခာပုဒ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရန် ပညတ်တော်မူခဲ့သည့် သုဒ္ဓပါစိတ်အာပတ်တစ်ခု ဖြစ်သည်။ []

သမိုင်း

မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံးနေတော်မူ၏။ ထိုအချိန်တွင် ဆဗ္ဗဂ္ဂီရဟန်တို့သည် သီလကို ချစ်မြတ်နိုးသည့် ရဟန်းတို့နှင့် ငြင်းခုံကြ၏။ ထိုသို့ ငြင်းခုံသည့်အခါ ဆဗ္ဗဂ္ဂီရဟန်းတို့သည် သီလမြတ်နိုးသည့် ရဟန်းတို့ကို အမျိုးဇာတ်အားဖြင့် လည်းကောင်း၊ အမည်အားဖြင့် လည်းကောင်း၊ အတတ်ပည်အားဖြင့် လည်းကောင်း၊ အနွယ်အားဖြင့် လည်းကောင်း၊ အလုပ်အကိုင်အားဖြင့် လည်းကောင်း၊ အသွင် ‘ပုံသဏ္ဌာန်’ ဖြင့် လည်းကောင်း၊ ဆဲရေးခြင်းဖြင့် လည်းကောင်း ကဲ့ရဲ့ရှုတ်ချ၏။ ထိုအခါ အလိုနည်းသော ရဟန်းတို့သည် ဆဗ္ဗဂ္ဂီရဟန်းတို့ကို ကဲ့ရဲ့ကြ၏။ ထို့နောက် မြတ်စွာဘုရားအား လျှောက်ထားကြ၏။ ထိုအခါ မြတ်စွာဘုရားသည် “ဟုတ်မှန်ပါသလား” ဟု မေး၏။ ဆဗ္ဗဂ္ဂီရဟန်းတို့လည်း “ဟုတ်မှန်ပါသည်” ဟု ဖြေ၏။ ထိုအခါ မြတ်စွာဘုရားသည် ကဲ့ရဲ့တော်မူကာ အောက်ပါသိက္ခာပုဒ်ကို ပညတ်တော်မူ၏။ []

သိက္ခာပုဒ်

“ထိခိုက်နာကျင်အောင် ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။[]

ကိုးကား

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက − ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်၊ မုသာဝါဒဝဂ်
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya