၁၉၇၈ အာရှ အားကစားပြိုင်ပွဲ
၁၉၇၈ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1978 Asian Games) သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၌ ၁၉၇၈ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့မှ ဒီဇင်ဘာ ၂၀ရက်နေ့အထိ ကျင်းပခဲ့သော အဋ္ဌမအကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ထိုင်းနိုင်ငံသည် ၁၉၆၆၊ ၁၉၇၀ ပွဲတော်များ ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၇၈ခုနှစ်တွင် တတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ ဘုရင် ဘူမိဘော အဒူလျာဒက်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၂၅)နိုင်ငံမှ အားကစားသမား (၃,၈၄၂)ဦးတို့သည် အားကစားနည်း (၁၉)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို စူပါချာလာဆိုင် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ လက်ခံကျင်းပခြင်းမူလက ၁၉၇၈ပွဲတော်ကို စင်ကာပူက လက်ခံကျင်းပရန် စီစဉ်ခဲ့သည်။ ထို့နောက် ငွေကြေးပြဿနာကြောင့် အစီအစဉ် ပျက်သွားခဲ့သည်။ ထို့နောက် ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့ က လက်ခံကျင်းပရန် စီစဉ်ခဲ့သည်။ သို့သော် ပါကစ္စတန်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် ပဋိပက္ခများကြောင့် အစီအစဉ် ပျက်သွားပြန်သည်။ ထို့ကြောင့် ယခင်က အာရှအားကစားပြိုင်ပွဲများကို ၂ကြိမ်တိုင် လက်ခံကျင်းပဖူးသည့် ဘန်ကောက်မြို့က အိမ်ရှင်အဖြစ် ကျင်းပရန် ကမ်းလှမ်းခဲ့ပြီး လက်ခံကျင်းပခဲ့သည်။ ပွဲများနှင့်အားကစားပါဝင်သော အားကစားနည်းများမြားပစ်နှင့် ဘိုလင်းအားကစားနည်းများကို စတင် ထည့်သွင်းကျင်းပခဲ့ကြသည်။
ပါဝင်သည့်နိုင်ငံများနိုင်ငံရေးအကြောင်းအရာများကြောင့် အစ္စရေးနိုင်ငံအား ပြိုင်ပွဲဝင်ခွင့် ပိတ်ခဲ့သည်။
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia