၁၉၈၆ အာရှ အားကစားပြိုင်ပွဲ
၁၉၈၆ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1986 Asian Games) သည် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ ၌ ၁၉၈၆ခုနှစ် စက်တင်ဘာ ၂၀ရက်နေ့မှ အောက်တိုဘာ ၅ရက်နေ့အထိ ကျင်းပခဲ့သော ၁၀ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ ကိုရီးယားသမ္မတနိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ချန်ဒူးဝမ် မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၂၇)နိုင်ငံမှ အားကစားသမား (၄,၈၃၉)ဦးတို့သည် အားကစားနည်း (၂၅)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အိုလံပစ် အားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ နိုင်ငံရေး အကြောင်းအရာများကြောင့် မြန်မာနိုင်ငံအပါအဝင် ဆိုရှယ်လစ် ၊ ကွန်မြူနစ် တိုင်းပြည်များ၏ သပိတ်မှောက်ခြင်း ခံခဲ့ရသည်။ ကိုရီးယားသမ္မတနိုင်ငံသည် ၁၉၇၀ ပွဲတော် ကို လက်ခံကျင်းပရန် ဖြစ်သော်လည်း အိမ်နီးချင်း ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ ၏ ခြိမ်းခြောက်မှုကြောင့် ၁၉၆၆ ပွဲတော် ကို လက်ခံကျင်းပခဲ့သည့် ဘန်ကောက်မြို့အား လွှဲပြောင်းပေးခဲ့ရသည်။ ဆိုးလ်မြို့သည် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲကို လက်ခံကျင်းပရန် ရှိသည်ဖြစ်ရာ ဤ အာရှအားကစားပြိုင်ပွဲသည် အိုလံပစ်ပြိုင်ပွဲအကြို စမ်းသပ်ကျင်းပသည့် သဘောအနေဖြင့် သက်ရောက်သည်။ လက်ခံကျင်းပခြင်းအိမ်ရှင်ရွေးချယ်ခြင်းဘဂ္ဂဒတ်မြို့၊ ပြုံယမ်းမြို့နှင့် ဆိုးလ်မြို့တို့သည် အိမ်ရှင်ဖြစ်ခွင့် လျှောက်ထားခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ကျန်မြို့များ နုတ်ထွက်သွားသဖြင့် ဆိုးလ်မြို့သာ ကျန်ရှိခဲ့သည်။ ထို့ကြောင့် ၁၉၈၆ ပွဲတော်အား ဆိုးလ်မြို့မှ ကျင်းပခွင့် ရရှိခဲ့သည်။ သပိတ်မှောက်ခြင်း![]() နိုင်ငံရေး အခြေအနေများနှင့် အကြောင်းတရားများကြောင့် ကွန်မြူနစ်နှင့် ဆိုရှယ်လစ်နိုင်ငံများ ဖြစ်ကြသည့် မြန်မာ၊ မြောက်ကိုရီးယား၊ မွန်ဂိုလီးယား၊ လာအို၊ ကမ္ဘောဒီးယား၊ အာဖဂန်နစ္စတန်၊ တောင်ယီမင်၊ ဆီးရီးယား နှင့် ဘရူနိုင်းတို့က ပြိုင်ပွဲကို သပိတ်မှောက်ခဲ့ကြသည်။ သို့သော် ၁၉၉၀ ပေကျင်းပွဲတော် ကို လက်ခံကျင်းပမည့် ကွန်မြူနစ်တိုင်းပြည်ဖြစ်သည့် တရုတ်နိုင်ငံမှာ သပိတ်မှောက်မှုတွင် မပါဝင်ခဲ့ပေ။ သို့သော် နောင်နှစ်နှစ်အကြာ ၁၉၈၈ခုနှစ်တွင် ကျင်းပသည့် ဆိုးလ်အိုလံပစ်ပွဲတော်ကိုမူ မြောက်ကိုရီးယားမှလွဲ၍ ကျန်သပိတ်မှောက်သည့် နိုင်ငံအားလုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပေါက်ကွဲမှုအားကစားပြိုင်ပွဲ စတင်ရန် ၆ရက်အလိုတွင် ထိုစဉ်က ဆိုးလ်မြို့၏ အဓိကလေဆိပ်ဖြစ်သော ဂင်ဖို အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ပေါက်ကွဲမှု ဖြစ်ပွားရာ (၅)ဦးသေဆုံးပြီး လူ (၃၀)ကျော် ဒဏ်ရာရခဲ့သည်။ ဤပေါက်ကွဲမှုသည် ၁၉၈၃ခုနှစ် မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်ပေါက်ကွဲမှုနှင့် ဆင်တူကာ မြောက်ကိုရီးယားမှ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။[၁] အားကစားကွင်းများ၁၉၈၆ အာရှအားကစားပြိုင်ပွဲတွင် အသုံးပြုသည့် အားကစားကွင်းများသည် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲ တွင် အသုံးပြုမည့် အားကစားကွင်းများ ဖြစ်သည်။
ပြိုင်ပွဲအထိမ်းအမှတ်များလာဘ်ကောင်၁၉၈၆ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ် လာဘ်ကောင်မှာ ဟိုဒိုရီဟု အမည်ရသော ကျားဖြစ်သည်။ ဤလာဘ်ကောင်ကိုပင် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲတွင် အသုံးပြုခဲ့သည်။ ပွဲများနှင့်အားကစားပါဝင်သော အားကစားနည်းများ
ပါဝင်သည့်နိုင်ငံများ
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia