၁၉၈၂ အာရှ အားကစားပြိုင်ပွဲ
၁၉၈၂ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1982 Asian Games) သည် အိန္ဒိယနိုင်ငံ၊ ဒေလီမြို့ ၌ ၁၉၈၂ခုနှစ် နိုဝင်ဘာ ၁၉ရက်နေ့မှ ဒီဇင်ဘာ ၄ရက်နေ့အထိ ကျင်းပခဲ့သော ၉ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ အိန္ဒိယနိုင်ငံသည် ၁၉၅၁ပွဲတော် ကို အိမ်ရှင်အဖြစ် ကျင်းပခဲ့ပြီး ၁၉၈၂ခုနှစ်တွင် ဒုတိယအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမ္မတ ဇဲလ်ဆင်း မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၃၃)နိုင်ငံမှ အားကစားသမား (၄,၅၉၅)ဦးတို့သည် အားကစားနည်း (၂၁)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို ဂျဝါဟာလာ နေရူး အားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ အာရှအိုလံပစ်ကောင်စီ၏ ကြီးကြပ်မှုအောက်တွင် ပထမဆုံး ကျင်းပခဲ့သော အာရှအားကစားပြိုင်ပွဲဖြစ်သည်။ ဒေလီမြို့သည် ဘန်ကောက်မြို့နှင့် ဂျာကာတာမြို့တို့ကဲ့သိုပင် အာရှအားကစားပြိုင်ပွဲကို တစ်ကြိမ်ထက်ပို၍ ကျင်းပသည့် မြို့ဖြစ်လာခဲ့သည်။ ဤအားကစားပြိုင်ပွဲမှာ အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ဇယားများတွင် တရုတ်နိုင်ငံက ထိပ်ဆုံးတွင် နေရာယူခြင်း၏ အစလည်းဖြစ်သည်။ အားကစားပြိုင်ပွဲ၏ ပွဲစဉ်များကို ရောင်စုံဖြင့် ထုတ်လွှင့်နိုင်ရန်အတွက် အိန္ဒိယနိုင်ငံတွင် အဖြူအမဲရုပ်မြင်သံကြားမှ ရောင်စုံရုပ်မြင်သံကြားကို စတင်ထုတ်လွှင့်ခဲ့သည်။ လက်ခံကျင်းပခြင်းပရိသတ် (၇၀,၀၀၀) ကျော် ဝင်ဆံ့သော ဂျဝါဟာလာ နေရူး အားကစားကွင်းကို တည်ဆောက်ခဲ့ကြသည်။ ထိုအားကစားကွင်းတွင် ဖွင့်ပွဲ၊ ပိတ်ပွဲနှင့် ပြေးခုန်ပစ် အားကစားနည်းများကို လက်ခံကျင်းပခဲ့သည်။ ၁၉၈၆ အာရှ အားကစားပြိုင်ပွဲနှင့် ၁၉၈၈ နွေရာသီ အိုလံပစ်ပြိုင်ပွဲများကိုလက်ခံကျင်းပမည့် ကိုရီးယားသမ္မတနိုင်ငံ မှ လေ့လာရေးအဖွဲပါ တက်ရောက်ခဲ့ပြီး ပြိုင်ပွဲကျင်းပပုံများကို လေ့လာခဲ့ကြသည်။[၁] ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၁၉၈၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ Mishra Yantra ဖြစ်သည်။ အပေါ်တွင် အာရှအိုလံပစ်ကောင်စီ၏ အထိမ်းအမှတ်တံဆိပ်ဖြစ်သော နေဝန်းနီကြီးရှိသည်။ လာဘ်ကောင်၁၉၈၂ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ Appu ဟု အမည်ရသော ဆင်ပေါက်လေးဖြစ်သည်။ ပွဲများနှင့်အားကစားပါဝင်သော အားကစားနည်းများ
ပါဝင်သည့်နိုင်ငံများ
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia