၁၉၉၀ အာရှ အားကစားပြိုင်ပွဲ
၁၉၉၀ အာရှအားကစားပြိုင်ပွဲ (အင်္ဂလိပ်: 1990 Asian Games) သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့ ၌ ၁၉၉၀ပြည့်နှစ် စက်တင်ဘာ ၂၂ရက်နေ့မှ အောက်တိုဘာ ၇ရက်နေ့အထိ ကျင်းပခဲ့သော ၁၁ကြိမ်မြောက် အာရှ အားကစားပြိုင်ပွဲ ဖြစ်သည်။ တရုတ်နိုင်ငံသည် အာရှအားကစားပြိုင်ပွဲကို ပထမဆုံးအကြိမ် လက်ခံကျင်းပခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ သမ္မတ ယန်ရှန်ကွန်မှ အားကစားပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ နိုင်ငံ (၃၆)နိုင်ငံမှ အားကစားသမား (၆,၁၂၂)ဦးတို့သည် အားကစားနည်း (၂၇)မျိုးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ဖွင့်ပွဲ၊ ပိတ်ပွဲကို အလုပ်သမား အားကစားကွင်းတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံ တို့က နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ ထိုင်ဝမ်သည် တရုတ် (ထိုင်ပေ) အနေဖြင့် အာရှအားကစားပြိုင်ပွဲသို့ ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ယခုပွဲတော်သည် တရုတ်နိုင်ငံ၏ အားကစား ကွင်း၊ ရုံများကို အဆင့်မြှင့်တင်မှု၏ အစဖြစ်သည်။ ထို့နောက် ၁၉၉၃ခုနှစ်တွင် ၂၀၀၀ နွေရာသီ အိုလံပစ်ပြိုင်ပွဲ အတွက် အိမ်ရှင်လျှောက်ထားခဲ့သည်။ သို့သော် ရှုံးနိမ့်ခဲ့ပြီး ၂၀၀၈ပွဲတော်ကိုသာ လက်ခံကျင်းပနိုင်ခဲ့သည်။ လက်ခံကျင်းပခြင်းအိမ်ရှင်ရွေးချယ်ခြင်း၁၉၈၃ခုနှစ်တွင် အာရှရှိ မြို့နှစ်မြို့ဖြစ်သော ပေကျင်းမြို့နှင့် ဟီရိုရှီးမားမြို့တို့သည် ၁၉၉၀ပွဲတော်ကို လက်ခံကျင်းပရန် စိတ်ဝင်စားခဲ့သည်။ ထို့နောက် မဲပေးရွေးချယ်ခဲ့ကြရာ ပေကျင်းမြို့က အနိုင်ရခဲ့သည်။[၂] သို့သော် ဟီရိုရှီးမားသည် မြင့်မားသော နည်းပညာပိုင်းဆိုင်ရာများ ပါဝင်သည့် အိမ်ရှင်လျှောက်လွှာကို တင်သွင်းခဲ့သဖြင့် ၁၉၉၄ပွဲတော်ကို ကျင်းပခွင့် ရခဲ့သည်။
အားကစားကွင်းများ
ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၁၉၉၀ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ တရုတ်နိုင်ငံ မဟာတံတိုင်းကို ပုံဖော်ထားသည်။ အပေါ်တွင် အာရှအိုလံပစ်ကောင်စီ၏ အမှတ်အသားဖြစ်သော နေဝန်းနီကြီး ပါဝင်သည်။ လာဘ်ကောင်၁၉၉၀ အာရှအားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်လာဘ်ကောင်မှာ ပန်ပန် ဟုအမည်ရသော ပန်ဒါဝက်ဝံဖြစ်သည်။ တံဆိပ်ခေါင်း၁၉၈၈၊ ၁၉၈၉ နှင့် ၁၉၉၀ ပြည့်နှစ်များတွင် တံဆိပ်ခေါင်း အတွဲလိုက် (၃)တွဲ ထုတ်ဝေခဲ့သည်။ ၁၉၈၈ခုနှစ် ဇူလိုင် ၂၀ရက်နေ့တွင် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများမှာ အထိမ်းအမှတ်တံဆိပ်နှင့် လာဘ်ကောင်တို့ ဖြစ်သည်။ ၁၉၈၉ခုနှစ် ဒီဇင်ဘာ ၁၅ရက်နေ့တွင် ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများမှာ ပြိုင်ပွဲကျင်းပမည့် အားကစားကွင်းများအနက် ထင်ရှားသော အားကစားကွင်း (၄)ခုပုံများ ဖြစ်သည်။ အားကစားပြိုင်ပွဲ ဖွင့်ပွဲနေ့ဖြစ်သော ၁၉၉၀ပြည့်နှစ် စက်တင်ဘာ ၂၂ရက်နေ့တွင် အားကစားနည်းများကို သရုပ်ဖော်ထားသော ပုံများပါသည့် တံဆိပ်ခေါင်း (၁၂)ခုကို ထုတ်ဝေခဲ့သည်။[၃] ပွဲများနှင့်အားကစားပါဝင်သော အားကစားနည်းများ
ပါဝင်သည့်နိုင်ငံများအီရတ်နိုင်ငံသည် ပင်လယ်ကွေ့ စစ်ပွဲ အတွင်း အာရှအိုလံပစ်ကောင်စီ၏ ပထမဆုံးဥက္ကဋ္ဌ Fahad AI-Ahmed AI-Jaber AI-Sabah ကို သတ်ဖြတ်ခဲ့သည့်အတွက် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပိတ်ပင်ခံရသည်။ အီရတ်နိုင်ငံသည် ၂၀၀၆ခုနှစ်တွင်မှ ပြန်လည်ယှဉ်ပြိုင်ခွင့် ရခဲ့သည်။
ဆုတံဆိပ်ဇယား
* အိမ်ရှင်
ကိုးကား
|
Portal di Ensiklopedia Dunia