၂၀၁၅ အမျိုးသားအားကစားပွဲတော်
၂၀၁၅ အမျိုးသားအားကစားပွဲတော်သည် နေပြည်တော်မြို့တွင် ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်မှ ၂၈ရက်နေ့အထိ ကျင်းပခဲ့သော စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော် ဖြစ်သည်။ ပြည်ထောင်စုနယ်မြေ ၁ ခု၊ ပြည်နယ်နှင့်တိုင်း ၁၄ ခုတို့မှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။ ၁၉၉၇ ခုနှစ်တွင် ရန်ကုန်မြို့၌ တတိယအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပပြီး ၁၈ နှစ်အကြာမှ ပြန်လည်ကျင်းပနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤပွဲတော်သည် ၂၀၁၅ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မျိုးဆက်သစ်များ ထွက်ပေါ်လာစေရန် ရည်ရွယ်သည်။[၁]ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့က ပထမ၊ ဒုတိယ၊ တတိယ ရရှိခဲ့သည်။ ပြိုင်ပွဲကျင်းပခြင်းပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များမှာ ၁၉၉၂၊ ၁၉၉၄၊ ၁၉၉၇ ခုနှစ်တို့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ ထို့နောက် ကျင်းပရန်အခက်အခဲများကြောင့် ဆက်လက်ကျင်းပခြင်းမရှိခဲ့ပေ။[၂]၂၀၁၅ခုနှစ်ရောက်မှသာ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ပြိုင်ပွဲကို နေပြည်တော်တွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲ၏ပွဲစဉ်အချို့ကို ဇန်နဝါရီ (၈)ရက်နေ့ကတည်းကပင် စတင်ကျင်းပခဲ့သည်။[၃] ပွဲများနှင့်အားကစားဖွင့်ပွဲအခမ်းအနား၂၀၁၅ အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၁) ရက်နေ့ နံနက် (၈) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားရုံ (ဘီ) ၌ ကျင်းပခဲ့သည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း က အားကစာယပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ပိတ်ပွဲအခမ်းအနား၂၀၁၅ အမျိုးသားအားကစားပွဲတော် ပိတ်ပွဲကို ၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ (၂၈) ရက်နေ့ ညနေ (၆) နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ပိတ်ပွဲမစမီတွင် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပခဲ့သည်။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ပွဲတော်ကို ပိတ်သိမ်းပေးခဲ့သည်။ ပါဝင်သည့်အသင်းများ
အားကစားနည်းများ
အာရှအားကစားပြိုင်ပွဲတွင် အသုံးပြုခဲ့သော အားကစားကွင်း/ရုံများတွင် ကျင်းပခဲ့သည်။ ထို့အပြင် လယ်ဝေးနှင့် ပျဉ်းမနားမြို့များရှိ အားကစားကွင်းများကိုလည်း အသုံးပြုခဲ့သည်။ အားကစားနည်းပေါင်း (၂၇)နည်းတွင် အမျိုးသား (၂,၈၉၅)ဦး၊ အမျိုးသမီး (၁,၄၆၆)ဦးတို့ ပါဝင်ယီဉ်ပြိုင်ကြသည်။ ထို့အပြင် အားကစားနည်း (၇)နည်းဖြင့် မသန်စွမ်းအားကစားပြိုင်ပွဲလည်း ပါဝင်သည်။[၄] ကိုးကား
|
Portal di Ensiklopedia Dunia