၂၀၁၈ ဖီဖာကမ္ဘာ့ဖလား ရှုံးထွက်အဆင့်
၂၀၁၈ ဖီဖာ ကမ္ဘာ့ဖလား၏ ရှုံးထွက်အဆင့်ပြိုင်ပွဲများကို အုပ်စုအဆင့်ပြိုင်ပွဲများ ပြီးဆုံးသည်နှင့် ကျင်းပမည်ဖြစ်သည်။ ရှုံးထွက်အဆင့်ပွဲများကို ဇွန်လ ၃၀ ရက်နေ့တွင် ၁၆ သင်းအဆင့်ပြိုင်ပွဲများဖြင့်စတင်ကစားမည်ဖြစ်ပြီး ဇူလိုင်လ ၁၅ ရက်နေ့တွင် မော်စကိုမြို့၊ လုရှ်နီးကီ အားကစားကွင်းကြီးတွင် ဗိုလ်လုပွဲကန်ပြီးနောက် ပြီးဆုံးမည်ဖြစ်သည်။[၁] အုပ်စုအသီးသီးမှ ထိပ်ဆုံးအသင်း ၂ သင်းသည် ရှုံးထွက်အဆင့်သို့ ဝင်ခွင့်ရမည်ဖြစ်သည်။ တတိယလုပွဲကို ဆီမီးဖိုင်နယ် ရှုံးသော အသင်း ၂ သင်းဖြင့် ကျင်းပမည်ဖြစ်သည်။[၂] ဤပွဲစဉ်ဇယားများရှိ အချိန်များကို ဒေသစံတော်ချိန်အား အသုံးပြုထားသည်။[၁] ကစားမှုပုံစံရှုံးထွက်အဆင့်တွင် ကစားပွဲ၏ ပုံမှန်ကြာမြင့်ချိန် မိနစ် ၉၀ ပြီးသည်အထိ ရလဒ်တူညီနေပါက အချိန်ပိုကို ၁၅ မိနစ်စီ နှစ်ပိုင်းခွဲ၍ ကန်ရမည်ဖြစ်သည်။ အချိန်ပိုအတွင်း တစ်သင်းစီမှ လူ ၄ နေရာအထိ အစားထိုးလှဲလှယ်နိုင်သည်။ အချိန်ပိုကန်ပြီးသွားသည့်အချိန်တွင်ပင် ရလဒ်ထပ်မံတူညီနေပါက ပင်နယ်တီကန်၍ အနိုင်ရရှိသူကို ဆုံးဖြစ်မည်ဖြစ်သည်။[၂] ဝင်ခွင့်ရသော အသင်းများအုပ်စု ၈ ခုမှ ထိပ်ဆုံးအသင်း ၂ သင်းသည် ရှုံးထွက်အဆင့်သို့ ဝင်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ [၂]
Bracket
၁၆ သင်းအဆင့်ပြင်သစ် vs အာဂျင်တီးနား
ဥရုဂွေး vs ပေါ်တူဂီ
စပိန် vs ရုရှား
ခရိုအေးရှား ပထမ vs ဒိန်းမတ်
ဘရာဇီး vs မက္ကဆီကို
ဘယ်လ်ဂျီယမ် vs ဂျပန်![]()
ဆွီဒင် vs ဆွစ်ဇာလန်![]()
ကိုလံဘီယာ vs အင်္ဂလန်![]()
ကွာတားဖိုင်နယ်ဥရုဂွေး vs ပြင်သစ်
ဘရာဇီး vs ဘယ်လ်ဂျီယမ်![]()
ဆွီဒင် vs အင်္ဂလန်
ရုရှား vs ခရိုအေးရှား![]()
ဆီမီးဖိုင်နယ်ပြင်သစ် vs ဘယ်လ်ဂျီယမ်
ခရိုအေးရှား vs အင်္ဂလန်![]()
တတိယလုပွဲ
ဗိုလ်လုပွဲ၂၀၁၈ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲ ကိုးကား
ပြင်ပလင့်များ
|
Portal di Ensiklopedia Dunia