မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ (အင်္ဂလိပ်: Mandalay City Development Committee; အတိုကောက် MCDC) သည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မန္တလေးမြို့၏ မြို့ပြဆိုင်ရာ မြူနီစပါယ် အုပ်ချုပ်ရေးအဖွဲ့အစည်း ဖြစ်သည်။[၁] မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီသည် မြို့တော်စီမံကိန်းများ၊ မြေနေရာ စီမံခြင်း၊ အခွန်ကောက်ခံခြင်းနှင့် မြို့ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လုပ်ဆောင်သည်။[၁] စည်ပင်သာယာရေး ကော်မတီ၏ ဥက္ကဋ္ဌသည် မြို့တော်ဝန်အဖြစ် တာဝန်ယူသကဲ့သို့ ၂၀၁၁မှ လက်ရှိအချိန်အထိ အစိုးရအဖွဲ့များတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စည်ပင်သာယာရေးဝန်ကြီးအဖြစ်ပါ ဆောင်ရွက်သည်။[၁][၂]လက်ရှိမြို့တော်ဝန်မှာ ဦးကျော်ဆန်းဖြစ်သည်။ သမိုင်းကြောင်းမန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီကို ၁၉၉၂ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ၏ ဥပဒေအမှတ် ၁၀/၉၂ဖြင့် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးသန်းရွှေက လက်မှတ်ရေးထိုးထုတ်ပြန်သော မန္တလေးမြို့ စည်ပင်သာယာရေး ဥပဒေအရ စတင်ဖွဲ့စည်းခဲ့သည်။[၃] စတင်ဖွဲ့စည်းစဉ်က အမည်မှာ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီဖြစ်သည်။ဥပဒေထုတ်ပြန်ခဲ့ပြီးနောက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီးထွန်းကြည်မှ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကော်မတီသည် ထိုစဉ်က နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲဖြစ်သူ နိုင်ငံတော်ဝန်ကြီးချုပ်အား တိုက်ရိုက်အစီရင်ခံရသည်။ ![]() ၂၀၀၂ ခုနှစ်တွင် ဥပဒေကို နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ရုပ်သိမ်းပြီး ၂၀၀၂ ခုနှစ် မန္တလေးမြို့တော် စည်ပင်သာယာရေး ဥပဒေနှင့် အစားထိုးခဲ့သည်။[၄] အဖွဲ့ဝင် ၅ ဦးမှ ၉ ဦးအထိ ပါဝင်ပြီး ဥက္ကဋ္ဌက မြို့တော်ဝန်အဖြစ်လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌက ဒုတိယမြို့တော်ဝန်အဖြစ်လည်းကောင်း တာဝန်ယူသည်။[၄]ကော်မတီဝင်များကို ဗဟိုဦးစီးစနစ်ဖြင့် တိုက်ရိုက်ခန့်အပ်သည်။ ၂၀၁၅ခုနှစ်မှစတင်ကာ မြို့တော်စည်ပင် နယ်နိမိတ် (၆)မြို့နယ်တွင် ရွေးကောက်ပွဲများ ကျင်းပကာ ကော်မတီဝင်များ တင်မြောက်ခဲ့ကြသည်။ကော်မတီတစ်ခု၏ သက်တမ်းမှာ ၎င်းကိုခန့်အပ်သည့် အစိုးရ၏ သက်တမ်းအတိုင်းဖြစ်သည်။[၅] ဌာနများ
![]()
ပြခန်း
ဆက်စပ်ဖတ်ရှုရန်
ကိုးကား
|
Portal di Ensiklopedia Dunia