ရတနာပုံဘဏ်လီမိတက်
![]() ရတနာပုံဘဏ်လီမိတက်သည် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ရာခိုင်နှုန်းပြည့် မတည်ရင်းနှီးငွေ ထည့်ဝင်ထားသော ဘဏ်ဖြစ်သည်။ ရတနာပုံဘဏ်လီမိတက် ရုံးချုပ်အား မန္တလေးမြို့ ၂၆လမ်း ၈၄လမ်း နှင့် ၈၅လမ်းကြားတွင် ဖွင့်လှစ်ထားသည်။ ဘဏ်သမိုင်းကြောင်းရတနာပုံဘဏ်လီမိတက်သည် သက်တမ်းရင့်ဘဏ်တစ်ခုဖြစ်ကာ မြန်မာနိုင်ငံတော်ဘဏ်မှနေ၍ ဘဏ်လိုင်စင်ကို ၁၉၉၂ ဩဂုတ် ၂၇ တွင် ရရှိခဲ့သည်။[၁] ဘဏ်လုပ်ငန်းစတင်ဆောင်ရွက်မှုကို ၁၉၉၂ စက်တင်ဘာ ၂၃တွင် ဆောင်ရွက်ခဲ့သည်။မန္တလေးမြို့တော်ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူပြုနိုင်ရန် ရတနာပုံဘဏ်လီမိတက်ကို တည်ထောင်သည်။ဘဏ်၏ အကြီးအကဲနေရာအား မန္တလေးစည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက တာဝန်ယူသည်။ လက်ရှိတွင် ပြည်ကြီးမင်္ဂလာကားဝင်းအတွင်း၊ အမရပူရမြို့နယ် နှင့် ၃၅လမ်း၊ ၇၁လမ်း ထောင့်၊ မဟာနွယ်စဉ်၊မဟာအောင်မြေမြို့နယ်တို့တွင် ဘဏ်ခွဲများဖွင့်လှစ်ထားသည်။ ၂၀၂၀ တွင် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ရတနာပုံဘဏ်နှင့် စင်ကာပူနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသားပိုင် 2C2PCo,Ltd တို့ ပူးပေါင်း၍ ဖုန်းအသုံးပြု အွန်လိုင်းမှ ငွေပေးချေစနစ်ကို အကောင် အထည်ဖော်ဆောင်ရွက်သည်။[၂] ကိုးကား
|
Portal di Ensiklopedia Dunia