ဝီကီပီးဒီးယား:လက်ဖက်ရည်ဆိုင် (အဆိုပြုချက်များ)
to activate patroller and autopatroller groupsယုံကြည်ရတဲ့ အသုံးပြုသူတွေရဲ့ ဆောင်းပါးသစ်တွေ ဖန်တီးမှုကို အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးကြောင်း မှတ်သားနိုင်မယ့် အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးသူများ (autopatroller) နဲ့ ဆောင်းပါးသစ်တွေကို ဆန်းစစ်သုံးသပ်ပေးနိုင်မယ့် စောင့်ကြပ်စစ်ဆေးသူများ (patroller) အခွင့်အရေးအုပ်စု နှစ်ခုကို ဒီဝီကီမှာ ဖန်တီးဖို့ အဆိုပြုပါတယ်။ လတ်တလောမှာ စာမျက်နှာသစ်တွေကို စီမံခန့်ခွဲသူများကသာ စောင့်ကြပ်စစ်ဆေးပေးနေတာဖြစ်ပြီး စီမံခန့်ခွဲသူအရေအတွက်နဲ့ စာမျက်နှာသစ်အရေအတွက်နဲ့ မမျှဘူးလို့ မြင်မိတဲ့အတွက် ယုံကြည်ရတဲ့ အသုံးပြုသူတွေကို အလိုအလျောက် စောင့်ကြပ်စစ်ဆေးပြီးခြင်း အခွင့်အရေးပေးဖို့ ဆောင်ရွက်လိုရခြင်းပါ။ ဒါ့အပြင် ဒီအခွင့်အရေးအုပ်စုနှစ်ခုကို စီမံခန့်ခွဲသူ တစ်ဦးဦးကနေ ပေးအပ်ခြင်း/ဖယ်ရှားခြင်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ တခြားဝီကီတော်တော်များများမှာလဲ ဒီအုပ်စုနှစ်ခုက ရှိထားကြပါတယ်။ အဆိုပြုချက်နဲ့ ပတ်သက်ပြီး ဆွေးနွေးစရာ၊ ကန့်ကွက်စရာများရှိရင် ပြောပေးသွားကြပါဦး။ ကျေးဇူးပါ။ Ninja✮Strikers «☎» ၁၆:၁၈၊ ၂၇ ဇွန် ၂၀၂၃ (UTC) Portal နှင့် Draft အမည်ညွှန်း ထည့်သွင်းရန်မင်္ဂလာပါ။ မြန်မာဝီကီပီးဒီးယားမှာ အသုံးပြုဖို့ Portal နဲ့ Draft ထပ်တိုးအမည်ညွှန်းနှစ်ခုကို အဆိုပြုလိုပါတယ်။ Portal ကို
မြန်မာဝီကီပီးဒီးယား မွေးနေ့RESOLVED:
၃၀ ဇူလိုင်လ ၂၀၀၄ အား မြန်မာဝီကီပီးဒီးယား စတင်သည့် ရက်အဖြစ် ရွေးချယ်
မြန်မာဝီကီစတင်ခဲ့တာကို အကြမ်းဖျင်းအနေနဲ့ ဇူလိုင် ၂၀၀၄ လို့ သတ်မှတ်ထားပါတယ်။ စတင်ခဲ့တဲ့ ရက်ကို ရက်စွဲအတိအကျလေးနဲ့ သတ်မှတ်ထားရင် ကောင်းမလားလို့ပါ။ Anniversary လေးဘာလေး လုပ်လို့လဲရတာပေါ့။
ကျွန်တော့ အနေနဲ့ဆိုရင် ပထမသတ်မှတ်ထားကြတဲ့ ဇူလိုင် ၂၀၀၄ နဲ့လဲ ကိုက်ညီအောင် ဗဟိုစာမျက်နှာရဲ့ ပထမဆုံး ရက်စွဲ ၃၀ ဇူလိုင် ၂၀၀၄ ကိုတော့ ရွေးချယ်ချင်ပါတယ်။ Ninja✮Strikers «☎» ၀၄:၅၃၊ ၂၁ ဇွန် ၂၀၂၄ (UTC)
ဗဟိုစာမျက်နှာက ဝီကီစာမျက်နှာတိုင်းရဲ့ အဓိကမလို့ ၃၀ ဇူလိုင်လ ၂၀၀၄ခုနှစ် ဗဟိုစာမျက်နှာကို ပထမဆုံးတည်းဖြတ်တဲ့နေ့ကို ရွေးချယ်တာ ကောင်းမွန်မယ်လို့ ထင်မိပါတယ်။ --Shin Khant Maung (ဆွေးနွေး) ၀၁:၄၈၊ ၂၆ ဇွန် ၂၀၂၄ (UTC)
နရန္ဒြာ လား၊ နရန်ဒရာ လား။အိန္ဒိယနိုင်ငံ ဆောင်းပါး၊ https://my.wikipedia.org/w/index.php?title=%E1%80%A1%E1%80%AD%E1%80%94%E1%80%B9%E1%80%92%E1%80%AD%E1%80%9A%E1%80%94%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%84%E1%80%B6&diff=prev&oldid=865768 မှာ @ThuRaNaing8888ကနေ နရန္ဒြာ ကနေ နရန်ဒရာ ကို ပြောင်းခဲ့ပါတယ်။ အသံထွက်အားဖြင့် နှစ်ခုစလုံးမှန်ကန်တယ်လို့ ကျနော်ထင်ပါတယ်။ အဓိကဆွေးနွေးချင်တဲ့ အကြောင်းကတော့ ပါဠိဆန်တဲ့ စကားလုံးကိုသုံးကြမလား၊ အရပ်သုံး တိုက်ရိုက်ရေးပုံကို သုံးကြမလား ဆိုတဲ့အချက်ပါပဲ။ ပါဠိစာမွေးဖွားလာတဲ့မြေဖြစ်တဲ့ အိန္ဒိယဆိုင်ရာ အမည်စကားလုံးတွေကို အသံဖလှယ်ရာမှာ အရင်အယ်ဒီတာတော်တော်များများကတော့ ပါဠိရေးဟန်ကို သုံးထားတာတွေ့ရပါတယ်။ အထူးသဖြင့် ပြည်နယ်အမည် အသံဖလှယ်စကားလုံးများကို ကြည့်ပါ။ Dhawell.hlugalay (ဆွေးနွေး) ၁၀:၀၄၊ ၆ ဧပြီ ၂၀၂၅ (UTC)
|
Portal di Ensiklopedia Dunia