၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ
၂၀၀၉ အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲသည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဩဂုတ်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ကျင်းပပြုလုပ်သော ပဉ္စမအကြိမ် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲ ဖြစ်သည်။ မလေးရှားနိုင်ငံအနေဖြင့် ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခြင်းဖြစ်သည်။ သမိုင်းတွင်ဆီးဂိမ်းနှင့် ပါရာဂိမ်းကို အိမ်ရှင်မတူဘဲ ကျင်းပသည့် တစ်ခုထဲသောပွဲတော် ဖြစ်သည်။ အရှေ့တောင်အာရှ ၁၀ နိုင်ငံမှ အားကစားသမားပေါင်း ၉၈၀ ခန့်က အားကစားနည်းပေါင်း ၁၁ မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။ ထိုင်း၊ မလေးရှားနှင့် ဗီယက်နမ်တို့မှ ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။ လက်ခံကျင်းပခြင်းပဉ္စမအကြိမ် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲသည် မူလက လာအိုနိုင်ငံတွင် ၂၀၁၀ ဇန်နဝါရီလတွင် ကျင်းပရန်ဖြစ်သည်။ သို့သော် ဘဏ္ဍာရေးအခြေအနေအရ ဆီးဂိမ်းနှင့် ပါရာဂိမ်း ၂ ခုလုံး မတတ်နိုင်၍ ၂၀၀၉ ဗီယက်ကျင်းဆီးဂိမ်းကိုသာ ကျင်းပနိုင်ခဲ့သည်။ ထို့ကြောင့် မလေးရှားနိုင်ငံမှ ကြားဖြတ်၍ လက်ခံကျင်းပပေးလိုက်ရသည်။ ကွာလာလမ်ပူ အာဆီယံပါရာဂိမ်းကျင်းပရေးဦးစီးကော်မတီကို ဖွဲ့စည်းခဲ့သည်။ ကွင်းများ၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ကွာလာလမ်ပူတွင် ၉ နေရာ၊ ဆီလမ်ဂေါနှင့် နီဂျီရီဆမ်ဘီယံတွင် ၁ နေရာစီ စုစုပေါင်း ၁၁ နေရာတွင် ကျင်းပခဲ့သည်။
ပြိုင်ပွဲအထိမ်းအမှတ်များအထိမ်းအမှတ်တံဆိပ်၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ အထိမ်းအမှတ်တံဆိပ်မှာ နှလုံးသားပုံစံကို အာဆီယံ ၁၀ နိုင်ငံကို ကိုယ်စားပြုသော ချိုးငှက် ၁၀ ကောင်မှ ဝန်းရံထားသည်။ KLဆိုသောစာသားမှာ အဓိကကျင်းပရာ ကွာလာလမ်ပူမြို့ဖြစ်ပြီး၊ 09 မှာ ၂၀၀၉ ကို ဆိုလိုသည်။ 0 မှ အသည်းပုံမှာ မလေးရှားတို့၏ ချစ်ကြည်မှု၊ ဂရုစိုက်မှု၊ ဧည့်ဝတ်ကျေမှု ကို ဖော်ပြသည်။ ဤတံဆိပ်မှာ 2006 FESPIC Games အားကစားပွဲ၏တံဆိပ်ကို ပြန်လည်ဆန်းသစ်ထားခြင်း ဖြစ်သည်။ ၂၀၀၆ခုနှစ်က ကွာလာလမ်ပူတွင် နောက်ဆုံးကျင်းပခဲ့သောထို အာရှ-ပစိဖိတ်အားကစားပွဲတွင် မလေးရှားတို့အနေဖြင့် အောင်မြင်မှုများစွာ ရရှိခဲ့သည်။ ထိုအောင်မြင်မှုများကို ၂၀၀၉ ပါရာဂိမ်းတွင် ပြန်လည်ထင်ဟပ်စေရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ လာဘ်ကောင်၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ လာဘ်ကောင်မှာ ၂၀၀၁ပွဲတော်မှ လာဘ်ကောင်ကိုပင် ပြန်လည်ဆန်းသစ်ထားသည်။ လာဘ်ကောင်မှာ ယူဂျန်းဟုခေါ်သော သမင်ကြွက် (mousedeer) ဖြစ်သည်။ ထိုသတ္တဝါမှာ မလေးရှားနိုင်ငံတွင်ရှိပြီး ပီလမ်ဒက် (pelanduk) သို့ ကန်စီ (kancil) ဟု ခေါ်ကြသည်။ ထိုသတ္တဝါမှာ ရိုးရာပုံပြင်များတွင် ထင်ရှားသော ဇာတ်လိုက်ဖြစ်ပြီး အန္တရာယ်များမှ လွတ်မြောက်ရန် ဖြတ်ထိုးဉာဏ်ကောင်းခြင်း၊ လျင်မြန်ခြင်း တို့ဖြင့် လုပ်ဆောင်တတ်သည်။ ၂၀၀၁ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲအတွက် ရွေးချယ်ရခြင်းမှာ မသန်စွမ်းအားကစားသမား၏ စိတ်ဓာတ်ခွန်အားတို့ကို ကိုယ်စားပြုရန်ဖြစ်သည်။ ယူဂျန်းဟူသည့် အမည်မှာ မလေးရှားလူငယ်များကို အများစုခေါ်သောအမည် ဖြစ်သည်။ ပွဲများနှင့်အားကစားဖွင့်ပွဲ၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ဖွင့်ပွဲကို ဩဂုတ်လ ၁၅ ရက်နေ့တွင် ပူထရာမိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပခဲ့သည်။ မလေးရှားနိုင်ငံ၏ ယခင်ဝန်ကြီးချုပ် အဒူလတ်အယ်မတ် ဘယ်ဒါဝီမှ ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့သည်။ ပိတ်ပွဲ၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲ၏ ပိတ်ပွဲကို ဩဂုတ် ၁၉ ရက်နေ့က ပူထရာမိုးလုံလေလုံအားကစားကွင်းတွင် ကျင်းပခဲ့သည်။ ထို့နောက် ၂၀၁၁ဆူရတ်ခါတာပွဲတော်ကျင်းပမည့် အင်ဒိုနီးရှားနိုင်ငံကို အားကစားရေးရာများ လွှဲပြောင်းခဲ့သည်။ ပါဝင်သောနိုင်ငံများ
မပါဝင်ခြင်း
အားကစားနည်းများ[၁][၂][၃][၄][၅] ၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် အားကစားနည်းပေါင်း ၁၁ မျိုး ကျင်းပနိုင်ခဲ့သည်။
ဆုတံဆိပ်ဇယား၂၀၀၉ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၄၀၉ ခု၊ ငွေတံဆိပ် ၂၈၈ ခု၊ ကြေးတံဆိပ် ၂၃၉ ခု စုစုပေါင်း ဆုတံဆိပ် ၉၃၆ ခု ချီးမြှင့်နိုင်ခဲ့သည်။
* Host nation (Malaysia)
ဆက်စပ်ကြည့်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia