ကျူးပါး ခါးပတ်![]()
အရွယ်အစားသည် စကေးကျကျမဟုတ်ပါ ရင်းမြစ်: Minor Planet Center, cfeps.net and others ခိုက်ပါး ခါးပတ် (အင်္ဂလိပ်: The Kuiper belt) (/ˈkaɪpər/ or /'køypǝr/)[၁]သည် နေစကြဝဠာ၏ ဂြိုဟ်များအပြင်ဘက် နယ်မြေတစ်ခုဖြစ်သည်။ ယင်းသည် နက်ပကျွန်းဂြိုဟ်ပတ်လမ်းမှ စတင်ကာ နေမှ ၅ဝ AU နီးပါးခန့်ထိ တည်ရှိသည်။[၂] ယင်းသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ခါးပတ်နှင့် ဆင်တူသည်။ သို့သော် အဆပေါင်း ၂ဝ မှ ၂ဝဝ ထိ ကြီးမားကာ အဆပေါင်း ၂ဝ အထိလည်း ဝေးကွာလှသည်။[၃][၄] ဂြိုဟ်သိမ်ဂြိုဟ်မွှားများ ခါးပါတ်ကဲ့သို့ ခိုက်ပါခါးပတ်တွင် သေးငယ်သော အရာဝတ္ထုများ သို့မဟုတ် နေစကြဝဠာဖွဲ့တည်ချိန်က ကျန်ရှိသော အကြွင်းအကျန်များစွာ ပါဝင်သည်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားများသည် အဓိကအားဖြင့် ကျောက်၊ သတ္တုများဖြင့် ဖွဲ့တည်ကြသော်လည်း ခိုက်ပါးခါးပတ်မှ အရာဝတ္ထုများသည် မီသိန်း၊ အမိုးနီးယား ရေကဲ့သို့သော အေးခဲနေသည့် အရာဝတ္ထုများဖြင့် ဖွဲ့စည်းကြသည်။ မိမိတို့ တရားဝင်သိထားသည့် ခိုက်ပါးခါးပတ်၏ ဂြိုဟ်သိမ်ဂြိုဟ်မွှားသုံးခုမှာ ပလူတို၊ ဟောက်မေယာနှင့် မက်ကီမက်ကီတို့ဖြစ်ကြသည်။ နက်ပကျွန်းဂြိုဟ်၏ ထရိုင်တွန်၊ စနေဂြိုဟ်၏ ဖီဘီ အစရှိသော နေစကြဝဠာ၏အချို့သော ဂြိုဟ်ရံလများသည် ယင်းနေရာမှ အခြေတည်လာကြသည်။[၅][၆] ခိုက်ပါးခါးပတ်သည် ဒတ်ချ်-အမေရိကန်လူမျိုး နက္ခတ္တပညာရှင် ဂရန်း ခိုက်ပါးအား အစွဲပြုကာ မှည့်ခေါ်ထားခြင်းဖြစ်သည်။ သို့သော်လည်း ဂရန်း ခိုက်ပါးသည် ခိုက်ပါး ခါးပတ်တည်ရှိကြောင်း အမှန်တကယ် ကြိုတင်ခန့်မှန်းခဲ့ခြင်း မဟုတ်ပါ။ ခိုက်ပါး ခါးပတ်အား Oort Cloud နှင့် မရောထွေးပါနှင့်။ ယင်းသည် အဆပေါင်း ထောင်ချီကာ ပိုမိုဝေးကွာပြီး အချပ်ပြားပုံစံ မဟုတ်ပေ။ ပလူတိုသည် ခိုက်ပါးခါးပတ်၏ အကြီးမားဆုံးသော အရာဝတ္ထုတစ်ခုပင်ဖြစ်သည်။ သမိုင်း၁၉၃၀ ခုနှစ်တွင် ပလူတိုအား ရှာဖွေတွေ့ရှိခဲ့ပြီးနောက် ယင်းတစ်ခုတည်း မဖြစ်တန်ရာဟု ခန်းမှန်းခဲ့ကြသည်။ ယခုခေါ်ဆိုကြသည့် ခိုက်ပါးခါးပတ်သည် ဆယ်စုနှစ်များစွာ ပုံစံများစွာဖြင့် အဆိုပြုခံခဲ့ရသည်။ ၎င်းတည်ရှိသည့် ပထမဆုံးသက်သေအား ၁၉၉၂ ခုနှစ်တွင် ပထမဆုံး တွေ့ရှိခဲ့သည်။ အဆိုပြုခြင်းtrans-Neptunian တည်ရှိကြောင်း ပထမဆုံး အကြံပေးသူမှာ ဖဒရစ် လီယိုနက် ဖြစ်သည်။ များမကြာခင် Clyde Tombaugh ဆိုသူမှ ပလူတိုအား ရှာဖွေတွေ့ရှိခဲ့ပြီးနောက် လီယိုနက်သည် ပလူတိုတစ်ခုတည်း မဟုတ်ဘဲ အခြားသော မလေ့လာရသေးသည့် အရာဝတ္ထုများသည် တည်ရှိအုံးမည်ဟု တွေးမိလေသည်။[၇] ယင်းခုနှစ်မှာပင် နက္ခတ္တပညာရှင် Armin Otto Leuschner ဆိုသူမှ ပလူတိုသည် ပတ်လမ်းရှည် ဂြိုဟ်ဆိုင်ရာ အရာဝတ္ထုများထဲက တစ်ခုဖြစ်နိုင်သည်ဟု အကြံပေးခဲ့သည်။"[၈] ကျမ်းကိုး
|
Portal di Ensiklopedia Dunia