အောတိမ်တိုက်
ဤဓာတ်ပုံသည် နေစကြဝဠာနှင့် အနီးဆုံးကြယ်များအား astronomical unit ဖြင့်တိုင်းတာထားသည့် အကွာအဝေး ဖြစ်သည်။ ဤစကေးသည် အရင်စကေး logarithmic scale ထက် ဆယ်ဆ ပိုမိုကွာဝေးသည်။ အော့ တိမ်တိုက်နှင့် ကျူးပါး ခါးပတ်အား အနုပညာရှင်တို့မှ ပုံဖော်ချက်။ သီးခြား အရာဝတ္ထုများကို မြင်သာရန် ချဲ့ကားထားသည်။ အော တိမ်တိုက် (/ˈɔːrt/ သို့မဟုတ် အိုပိုက်-အော တိမ်တိုက် ဆိုသည်မှာ ဒတ်ချ်လူမျိုး နက္ခတ္တပညာရှင် ဂျန် အောနှင့် အက်စ်တိုးနီးယား နက္ခတ္တပညာရှင် အမ်းနက် အိုပိ တို့၏ နေမင်းအား အလင်းနှစ် (၂) နှစ်အကွာအဝေးမှ ဝိုင်းရံထားသော သီအိုရီဆိုင်ရာ တိမ်တိုက်မှ မှည့်ခေါ်ထားခြင်း ဖြစ်သည်။ ယင်းနေရာသည် နေမင်းနှင့် အနီးဆုံးကြယ်ဖြစ်သော ပရိုဆီမာ စင်တောရိနှင့် ထက်ဝက်အကွာအဝေးမှာ တည်ရှိသည်။ နေမှ ကျူးပါး ခါးပတ်သို့အကွာအဝေးသည် နေမှ အောတိမ်တိုက်အကွာအဝေးနှင့် နှိုင်းယှဉ်လိုက်ပါက တစ်ထောင်ပုံတစ်ပုံမျှသာ ရှိသည်။ အောတိမ်တိုက်၏ အပြင်ဘက်ကိုတော့ နေ၏ ဒြပ်ဆွဲအား လွှမ်းမိုးရာ နေစကြဝဠာ၏ နယ်နမိတ်ဟု သတ်မှတ်သည်။ အောတိမ်တိုက်ကို နယ်မြေနှစ်ခုနဲ့ ဖွဲ့စည်းထားသည်။ စက်လုံးပုံ အောတိမ်တိုက်အပြင်ဘက်နှင့် ချပ်ပြားပုံ အောတိမ်တိုက်အတွင်းဘက် သို့မဟုတ် ဟေးလ် တိမ်တိုက်တို့ ဖြစ်သည်။ အောတိမ်တိုက်တွင် ပါဝင်သည့် အရာဝတ္ထုများမှာ ရေကဲ့သို့ ရေခဲများ အမိုးနီးယား နှင့် မီသိန်းတို့ ဖြစ်သည်။ နက္ခတ္တပညာရှင်တွေ ခန့်မှန်းတာကတော့ အောတိမ်တိုက်ဟာ နေစကြဝဠာရဲ့ အစောပိုင်း ဆင့်ကဲ့ပြောင်းလဲမှုကာလမှာ ကြီးမားတဲ့ဂြိုဟ်တွေရဲ့ ဒြပ်ဆွဲအားသက်ရောက်မှုတွေကြောင့် နေနှင့် နီးရာကနေ အာကာသအပြင်ဘက်ကို ပြန့်ကျဲသွားတယ်လို့ ဆိုပါတယ်။[၁] အောတိမ်တိုက်အား တိုက်ရိုက် လေ့လာအတည်ပြုချက်တွေ မလုပ်ခဲ့ပေမယ့် နေစကြဝဠာအတွင်းပိုင်းသို့ ဝင်လာလေ့ရှိသော ဟေလီကြယ်တံခွန်အမျိုးအစား ကြယ်တံခွန်တွေရဲ့ ပင်ရင်း ဖြစ်နိုင်ဖွယ်ရှိပါတယ်။ အပြင်ဘက်ကျတဲ့ အောတိမ်တိုက်ကတော့ နေစကြဝဠာနှင့် နည်းနည်းလေးသာ ဆွဲငင်မှုရှိပါတယ်။ ဒါကြောင့် ၎င်းဟာ အပြင်ဘက်ကြယ်တွေနှင့် နဂါးငွေ့တန်း ဂယ်လက်ဆီကိုယ်တိုင်တို့နှင့်ပင် လွယ်လွယ်ကူကူ ဒြပ်ဆွဲအားသက်ရောက်နိုင်ပါတယ်။ အယူအဆ၁၉၃၂ ခုနှစ်မှာ အက်စတိုးနီးယား နက္ခတ္တပညာရှင် အမ်နက် အိုပိဟာ တာဝေးကြယ်တံခွန်တွေရဲ့ ပင်ရင်းအားလိုက်ရှာရင်း နေအဖွဲ့အစည်းအပြင်ဘက်တွင် အောတိမ်တိုက် တည်ရှိကြောင်း သိခဲ့ရတာပါ။ ကြယ်တံခွန်တွေဟာ နေအဖွဲ့အစည်းအတွင်းပိုင်းမှဆိုရင် သူတို့ဟာ ဂြိုဟ်တွေနဲ့ မကြာခဏတိုက်မိကုန်လို့ ဆက်တိုက်ဆိုသလို ရောက်မလာနိုင်ပါ။ ဒါပေမယ့် ကြယ်တံခွန်တွေဟာ နေအဖွဲ့အစည်းအတွင်းဘက်သို့ ရောက်လာမြဲပါပဲ။ ဒါကြောင့် နေအဖွဲ့အစည်းအပြင်ဘက်မှာ ကြယ်တံခွန်တွေရဲ့ မူလပင်ရင်းတစ်ခု ရှိရမယ်လို့ အောမှ စိတ်ကူးရခဲ့ပါတယ်။ ဖွဲ့စည်းပုံနှင့် ပါဝင်မှု![]() အောတိမ်တိုက်ဟာ နေမှ ၂၀၀၀-၅၀၀၀ AU အတွင်း တည်ရှိပါတယ်။ AU ဆိုတာကတော့ ကမ္ဘာမှနေမင်းသို့ အကွာအဝေးဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာမှနေမင်းဆီအကွာအဝေးဟာ ၁ AU ဖြစ်ပါတယ်။ တချို့လူတွေ ခန်းမှန်းထားတာကတော့ အပြင်ဘက်အစွန်းဆုံးနယ်မြေဟာ ၁၀၀၀၀၀-၂၀၀၀၀၀ AU ကြားမှာ ရှိပါသတဲ့။ အောတိမ်တိုက်ကို အပိုင်းနှစ်ခုခွဲလို့ရပါတယ်။ အပြင်ဘက်အောတိမ်တိုက်အား ၂၀၀၀၀-၅၀၀၀၀ AU နှင့် အတွင်းပိုင်းခြမ်းအောတိမ်တိုက်အား ၁၀၀၀၀၀-၂၀၀၀၀၀ AU တို့အဖြစ်ပါပဲ။ အပြင်ဘက်ခြမ်းကတော့ နေမင်းကို အားပျော့စွာဖြင့် သက်ရောက်မှုရှိပြီး တာဝေးအမျိုးအစားကြယ်တံခွန်တွေကို ထောက်ပံ့နိုင်ခြေရှိပါတယ်။ အတွင်းဘက်တိမ်တိုက်ကတော့ ဟေးလ်တိမ်တိုက်လို့ သိထားပါတယ်။ ၁၉၈၁ ခုနှစ်မှာ အဲဒါတည်ရှိကြောင်း အဆိုတင်သွင်းခဲ့တဲ့ Jack G. Hills အားအစွဲပြုပြီး ခေါ်ဆိုထားတာပါ။ မူလအစအောတိမ်တိုက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၄.၆ ဘီလီယံနီးပါးခန့်အကြာ နေအဖွဲ့အစည်း စတင်ဖြစ်လာချိန်မှ အကြွင်းအကျန် ဖြစ်နိုင်ပါတယ်။[၂] အများစု လက်ခံကြတဲ့ အယူအဆတစ်ခုကတော့ အောတိမ်တိုက်ဟာ အဲဒီအချိန်တုန်းကတော့ နေမင်းနဲ့ ပိုမိုနီးကပ်ခဲ့တာဖြစ်ရပါမယ်။ ဒါပေမယ့် ဂျူပီတာဂြိုဟ်ကဲ့သို့ ကြီးမားတဲ့ဂြိုဟ်တွေဟာ ဒြပ်ဆွဲအားနှင့် တွန်းထုတ်လိုက်တာ ဖြစ်နိုင်ပါတယ်။ မကြာသေးခင်မှ နာဆာရဲ့ လေ့လာချက်များအရ အောတိမ်တိုက်ဟာ နေမင်းနဲ့ အခြားသောကြယ်တို့ရဲ့ ပစ္စည်းလဲလှယ်ရာ ပတ်ဝန်းကျင် ဖြစ်နိုင်ပါသတဲ့။ ကြယ်တံခွန်များ![]() နေအဖွဲ့အစည်းမှာ ကြယ်တံခွန်တွေရဲ့ သီးခြားပင်ရင်းနှစ်ခုရှိပါတယ်။ တာတိုကြယ်တံခွန် (နှစ်ပေါင်း ၂၀၀ လှည့်ပတ်တဲ့ကြယ်တံခွန်)တွေဟာ ကျူးပါး ခါးပတ် သို့မဟုတ် ပြန့်ကျဲ အချပ်ပြားမှ ဖြစ်ပါတယ်။ အဲဒါတွေနှစ်ခုဟာ ၃၀ AU နက်ပကျွန်းပတ်လမ်းနှင့် နေမှ ၁၀၀ AU ထိကျယ်ပြန့်ပါတယ်။ ဟာလေးဘော့ ကြယ်တံခွန်ကဲ့သို့ တာဝေး ကြယ်တံခွန်တွေဟာ နှစ်ပေါင်းထောင်ချီကာ လှည့်ပတ်လေ့ရှိပြီး သူတို့တွေကတော့ အောတိမ်တိုက်မှ ရောက်လာကြတာပါ။ ကျူးပါး ခါးပတ်အတွင်းမှ ပတ်လမ်းတွေဟာ တည်ငြိမ်မှုရှိပြီး ဒါကြောင့် ကြယ်တံခွန်အနည်းငယ်ဟာ အောတိမ်တိုက်မှ ဖြစ်ပါတယ်။ လေ့လာချက်အရ နေအဖွဲ့အစည်းအပြင်ဘက်တွင်ရှိသော ကြယ်တံခွန်အရေအတွက်ဟာ အတွင်းဘက်မှာထက် အဆပေါင်းများစွာ ပိုများတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ကြယ်တံခွန်တော်တော်များများဟာ ဂျူပီတာဂြိုဟ်ရဲ့ ကြီးမားတဲ့ဒြပ်ဆွဲအားကြောင့် နေအဖွဲ့အစည်းအတွင်းပိုင်ဂြိုဟ်တွေဆီ ရောက်မလာကြပါဘူး။ အများစုကတော့ ဂျူပီတာဂြိုဟ်ပေါ်သို့ တိုက်မိကုန်ကြပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုကတော့ ၁၉၉၄ ခုနှစ်မှာ ဂျူပီတာဂြိုဟ်နှင့် တိုက်မိတဲ့ ရှူးမိတ်ကာ-လယ်ဗီ (၉) ဆိုတဲ့ ကြယ်တံခွန်ပဲ ဖြစ်ပါတယ်။[၃] တချို့လူတွေပြောကြတာကတော့ ဂျူပီတာဂြိုဟ်ဟာ အာကာသအမှိုက်ရှင်းဂြိုဟ်ဖြစ်ပါသတဲ့။ ဂျူပီတာဂြိုဟ်သာ မရှိခဲ့ရင် ကမ္ဘာကြီးဟာ ကြယ်တံခွန်တွေနဲ့ တိုက်မိနိုင်ခြေ ပိုများမယ်လို့ဆိုပါတယ်။ အနာဂတ် စူးစမ်းလေ့လာရေးအာကာသ စူးစမ်းလေ့လာရေးယာဉ်ဖြစ်သော ဗွိုင်ယေဂျာ-၁ သည် အောတိမ်တိုက် ဧရိယာသို့ ရောက်ရှိရုံသာ ရှိသေးသည်။ ယင်းသည် အမြန်ဆုံးနှင့် [၄]အဝေးဆုံးသို့ ရောက်နေသောယာဉ်တစ်စင်းပင်ဖြစ်သည်။[၅][၆] ယခုလက်ရှိ နေစကြဝဠာတွင် အမြန်ဆုံးနှင့် အဝေးဆုံးခရီးနှင်နေသော အာကာသယာဉ်သည် အောတိမ်တိုက်ဆီရောက်ရန် နှစ် (၃၀၀) ကြာမည်ဖြစ်သည်။[၇][၈] အောတိမ်တိုက်ကို ဖြတ်သွားရန်မှာ နှစ်ပေါင်း (၃၀၀၀၀) ကြာမြင့်မည်ဖြစ်သည်။[၉][၁၀] မည်သို့ပင်ဆိုစေကာမူ သက္ကရာဇ် (၂၀၂၅) ခုနှစ်တွင် ဗွိုင်ယေဂျာ-၁၏ ရေဒီယို အိုင်ဆိုတုပ် သာမိုလျှပ်စစ် ဂျင်နေရေတာသည် သိပ္ပံဆိုင်ရာ စက်ပစ္စည်းများ မောင်းနှင်နိုင်ရန် စွမ်းအင်လုံလောက်တော့မည် မဟုတ်ပေ။ နေစကြဝဠာအပြင်ဘက်သို့ ရောက်ရှိသွားသော အခြားအာကာသယာဉ် လေးခုမှာလည်း အောတိမ်တိုက်သို့ရောက်ရှိပါက အလုပ် လုပ်နိုင်တော့မှာ မဟုတ်ပေ။ စူးစမ်းလေ့လာရေးအတွက် အဆိုပြုထားသော အချက်တစ်ခုမှာ နေရောင်ခြည်ဖြင့် ရွက်လွှင့်သော အာကာသယာဉ်ကို အသုံးပြုပါက နှစ်ပေါင်း (၃၀) အတွင်း လိုရာခရီးသို့ ရောက်ရှိမည်ဖြစ်သည်။[၁၁] အခြားကြည့်ရန်
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia