ကျောက်ဂူအိမ်

ကျောက်ဂူအိမ်ဘုရားကျောင်းနှင့် ဗုဒ္ဓပြည်ဘုရားကျောင်း
ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ
တည်နေရာဂယောင်းဂျူမြို့
 တောင်ကိုရီးယား
ရွေးချယ်သည့် စံနှုန်းယဉ်ကျေးမှု: ၁၊ ၄
ရည်ညွှန်း၇၃၆
စာရင်းသွင်းခြင်း၁၉၉၅ (၁၉ ကြိမ်မြောက် အစည်းအဝေး)
ကိုဩဒိနိတ်35°47′42″N 129°20′57″E / 35.79500°N 129.34917°E / 35.79500; 129.34917
ကျောက်ဂူအိမ် သည် တောင်ကိုရီးယားနိုင်ငံ တွင် တည်ရှိသည်
ကျောက်ဂူအိမ်
ကျောက်ဂူအိမ်၏ တောင်ကိုရီးယားနိုင်ငံအတွင်း တည်နေရာ
Korean name
အက္ခရာဖလှယ်ခြင်းများ
ဟန်ဂုလ်
ဟန်ဂျာ
RRအက္ခရာဖလှယ်ခြင်းဆောဂ်ဂူလ်အာမ်
MRအက္ခရာဖလှယ်ခြင်းဆောက်ကူလ်အာမ်

ကျောက်ဂူအိမ်(ကိုရီးယား: 석굴암 石窟庵 ဆောက်ဂူလ်အာမ်)သည် တောင်ကိုရီးယားနိုင်ငံဂယောင်းဂျူမြို့၊ ထိုဟမ်တောင်ရှိ ဗုဒ္ဓဘာသာ ဘုရားကျောင်း ဖြစ်သည်။

တောင်ကိုးရီးယားနိုင်ငံ၊ ဂယောင်းဂျူ ဘုရားကျောင်း၏ အရှေ့ဘက် ၄ ကီလိုမီတာအကွာတွင် တည်ရှိသည်။ ၎င်းကို တောင်ကိုရီးယားအစိုးရမှ အမျိုးသားဘဏ္ဍာအမှတ် ၂၄ အဖြစ် သတ်မှတ်ထားပြီး ၉၉၄၊ ဂျင်းဟျောန်းဒွံ၊ ဂယောင်းဂျူမြို့၊ ဂယောင်းဆံဘို့ပြည်နယ်တွင် တည်ရှိသည်။ အုတ်ဂူမှ ဂျပန်ပင်လယ်(အရှေ့ပင်လယ်)ကို မြင်နိုင်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၇၅၀မီတာတွင် တည်ရှိသည်။ ၁၉၆၂ ခုနှစ်တွင် ကိုရီးယားနိုင်ငံ၏ ၂၄ ခုမြောက် နိုင်ငံတော်ဘဏ္ဍာ အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၉၅ခုနှစ်တွင် ကျောက်ဂူအိမ်ကျောင်းကို ဗုဒ္ဓပြည်ဘုရားကျောင်းနှင့် အတူ ယူ‌နေစကိုကမ္ဘာ့အမွေအနှစ်စာရင်းသို့ ထည့်သွင်းခဲ့သည်။[] ၎င်းသည် ကမ္ဘာ့အကောင်းဆုံး ဗုဒ္ဓရုပ်ပွားတော်အချို့ကို သာဓကပြလျက် ရှိသည်။ []

ရင်းမြစ်

များသောအားဖြင့် 석굴암(ဆော့ဂ်ဂူလ်အာမ်; ကျောက်ဂူအိမ်)၏ "암(庵)"(အာမ်) အက္ခရာကို ကျောက်၏ အဓိပ္ပာယ် "암(岩)"(အာမ်) အက္ခရာဖြင့် သိရှိထားကြ၍ ကျောက်ဂူအိမ် ကျောက်ဂူအတွက်သာ သုံးသော ဝေါဟာရ ဖြစ်သည်။ သို့သော် ကျောက်ဂူအိမ်၏ "암(庵)"(အာမ်) အက္ခရာသည် ကျောင်းသင်္ခမ်း သို့ အိမ်၏ အဓိပ္ပာယ် "암(庵)"(အာမ်)ဖြင့် ရေးသား၍ ကျောက်ဖြင့် ပြီးသော ကျောင်းသင်္ခမ်း ဂူဟူ၍ အဓိပ္ပာယ်ရသည်။

ကိုးကား

  1. Seokguram Grotto [UNESCO World Heritage (경주 석굴암)]။ 14 July 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 October 2024 တွင် ပြန်စစ်ပြီး။
  2. South Korea in Pictures။ January 2005။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya