ခင်မောင်ဦး
ဦးခင်မောင်ဦးသည် ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ခုနှစ်မှ ၂၀၁၆ခုနှစ်အထိ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ပထမအကြိမ်တာဝန်ထမ်းဆောင်ခဲ့သည်။၂၀၂၁ခုနှစ် အာဏာသိမ်းပြီးနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖြစ်လာကာ ဩဂုတ်လ ၁ရက်နေ့တွင် အိမ်စောင့်အစိုးရဖွဲ့သောအခါ ကယားပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် အနားယူခဲ့သည်။[၂][၃][၄] ရွေးကောက်ပွဲဝင်ခြင်း၂၀၁၀ ခုနှစ်ဦးခင်မောင်ဦးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်အဖြစ်ဖြင့် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် ဘော်လခဲမြို့နယ် မဲဆန္ဒနယ် (၁) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ ကယားပြည်နယ် လွှတ်တော် အမတ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။[၅] ၂၀၁၅ ဇွန်လ ၂၈ ရက်နေ့တွင် ကယားပြည်နယ်၏ ပို့ဆောင်ရေးဝန်ကြီး၊ လျှပ်စစ်စွမ်းအားဝန်ကြီး၊ စက်မှုဝန်ကြီးနှင့် ဗမာတိုင်းရင်းသားဝန်ကြီးများနှင့်အတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နုတ်ထွက်ခဲ့သည်။[၆] ၂၀၁၅ ဇူလိုင် ၁၃ ရက်နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးခင်မောင်ဦးအား ပါတီစည်းလုံးညီညွတ်မှုကို ပျက်ပြားစေပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီ၏ မူဝါဒများကို ဖောက်ဖျက်သည်ဟုဆိုကာ ပါတီမှ ထုတ်ပယ်ကြောင်း ကြေညာခဲ့သည်။[၆] ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ ၂၀၁၅ တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တစ်ဦးအနေဖြင့် ဘောလခဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) မှနေ၍ ထပ်မံဝင်ပြိုင်ရာ အနိုင်မရခဲ့ဘဲ ရှုံးနိမ့်ခဲ့သည်။ ယင်းနောက် နိုင်ငံရေးလှုပ်ရှားမှုများမှ ခေတ္တအနားယူပြီး ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ သို့ ဝင်ရောက်ခဲ့သည်။ ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး လွိုင်ကော်ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) မှနေ၍ ဝင်ပြိုင်ရာတွင်လည်း ရွေးချယ်မခံရဘဲ ရှုံးနိမ့်သည်။[၇] ၂၀၂၀ ဒီဇင်ဘာ ၂၂ရက်တွင် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ မှ နုတ်ထွက်သည်။[၈] စစ်မှုထမ်းခြင်းဦးခင်မောင်ဦးသည် အငြိမ်းစား တပ်မတော်(လေ) တိုက်လေယာဉ်မှူး အရာရှိဟောင်းတစ်ဦး ဖြစ်သည်။ စစ်တက္ကသိုလ် ဗိုလ်လောင်းအမှတ်စဉ်(၁၄) ကျောင်းဆင်းတစ်ဦးဖြစ်ကာ ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ မိသားစုဘဝဦးခင်မောင်ဦးသည် လွိုင်ကော်မြို့ ဇာတိ ကယားတိုင်းရင်းသားတစ်ဦးဖြစ်သည်။ ဦးခင်မောင်ဦး၏ ဖခင်ဖြစ်သူ ဦးကျော်ဒင်သည် ဆိုရှယ်လစ်ခေတ်က ကရင်နီပြည်သူ့ကောင်စီ၏ ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။[၉] ကိုးကား
|
Portal di Ensiklopedia Dunia