ယွန်းလူမျိုး
ယွန်းလူမျိုးကို ယွန်းရှမ်းဟူ၍လည်း ခေါ်ကြသည်။ ယွန်းရှမ်းဟူသောဝါဟာရသည် မြန်မာ့သမိုင်း၌ အသစ်အဆန်းမဟုတ်ပဲ ယဉ်ပါးပြီးသော ဝေါဟာရဖြစ်သည်။ သုံးတွဲပေါင်းမှန်နန်းရာဇဝင်တော်ကြီး၊ စာမျက်နှာ ၄၃၂၊ မင်းတရားရွှေထီး ရခိုင်သို့ မချီဖြစ်အောင် လျှောက်တင်ရာ၌ ယွန်းပြည်ထောင်ယိုးဒယားလည်း အရေးအရာ မပြီးချေသေး။ ယခု ဓညဝတီ ရခိုင်မြို့သို့ ချီတော်မူလာသောအကြောင်းကို ရှင်မင်း၊ ယွန်းမင်းတို့ကြားလေ၍ စသည်ဖြင့် ရေးသားထားသည်။
ယွန်းပြည်ထောင်ယိုးဒယားဟူသည်မှာ ကျိုင်းသုံးကျိုင်း(ကျိုင်းမိုင်(ဇင်းမယ်)၊ ကျိုင်းတုံ၊ ကျိုင်းဟုံ)စုပေါင်းပါ ဝင်သော ဒေသကြီးဖြစ်သည်။ ယွန်း၊ ယွန်းရှမ်းဟူသည်မှာ ယိုးနကဗုဒ္ဓဘာသာဝင်ရှမ်းများဟုအဓိပ္ပာယ်ရသည်။ ယွန်းဟူ၍ ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း သက်ရောက်ပြီးသား ဖြစ်သည်။ ဒွာရဝတီနိုင်ငံကို မြန်မာရာဇဝင်များက ယိုးဒယားပြည်ဟူ၍သာ မှတ်တမ်းပါသည်။(မှန်နန်း-၅၁၀)။ နောက် ဆုံးတွေ့ရှိချက်များအရ ဒွာရဝတီနိုင်ငံသည် ယိုးဒယားပြည် မဖြစ်မီ မွန်နိုင်ငံဖြစ်ခဲ့သည်။ ဒွာရဝတီနိုင်ငံတွင်း၌ မွန်နှင့် ရှမ်းများ အတူတကွ ရှိနပြေီ။ အတူတကွ ဗုဒ္ဓဘာသာဝင်များ ဖြစ်ခဲ့ကြပြီ။ မွန်များက အေဒီ ၅၇၃-တွင် ပဲခူးသို့ရွှေ့လာ ရာ၌ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီးသား မွန်စာ ဗုဒ္ဓဘာသာစာများ ရှိပြီးသားဖြစ်သည်။ ယနေ့တိုင် မွန်နှင့်ရှမ်းတို့ သက္ကတနှင့် ပါဠိတော်၏(Sa=ဆ)သံကို သူ့မူရင်းအတိုင်း(ဆ)ဟုသာ အသံထွက်ပြီး ဗမာလူမျိုးက ယင်းသက္ကတ(ဆ)သံကို မူ ရင်းအတိုင်းမထွက်ပဲ(Tha=သ)သံ၊ ပြောင်း၍ထွက်ရာ၌ ထူးခြားနေပါသည်။ မွန်ရော ယိုးဒယားပါ ဟိန္ဒူဘာသာ၊ ယဉ်ကျေးမှု၊ စာပေများ၏လွှမ်းမိုးမှု နှစ်ရာချီကြာပြီးမှ ဗုဒ္ဓဘာသာယဉ်ကျေးမှု ပြောင်းလာခြင်းဖြစ်သည်။
စကားရှမ်းတို့သည် ယွန်းရှမ်း(ကျိန်းဟဲ)များဖြစ်နေ၍ ယနေ့တိုင် အခြားရှမ်းများနှင့်မတူပဲ ထူးခြားမှုဖြစ်ပါ သည်။ ဖြည်းဖြည်းပြောလျှင် နားမလည်နိုင်သော စကားဖြစ်သည်။ အိမ်အောက်ထပ်ကို ရှမ်းများက(တိုက်လန်ဟု ခေါ်ပြီး စကားယွန်းရှမ်းတို့က ယွန်းရှမ်းစကားသံဖြင့်(ကလန်)ဟုခေါ်ပါသည်။ ယွန်းရှမ်းရှိလျှင်(၁)နတ်ပသရာနေရာ ရှိရပြီး(ဂွတ်း)ဟုခေါ်ပါသည်။(၂)ဘုရားများရှိရာ ပူဇော်ရာရှိရပြီး(ကူ)ဟုခေါ်ပါသည်။ ရှမ်းဘာသာဖြင့် ရေးသားသော စမ်ကားမြို့သမိုင်း ရှိသည်။ စံကားယွန်းရှမ်းတို့သည် ဗုဒ္ဓဘာသာသာသနာ ပြုရန် စေတနာအလျောက် လာခဲ့ခြင်းဖြစ်သော်လည်း ဘုရင့်နောင်မင်းတရားကြီးခေတ်၌ ဇင်းမယ်ကို အကြိမ်ကြိမ် တိုက်ရာ၌ ယွန်းရှမ်းများစွာကို ဖမ်းဆီးလာခဲ့သည်။ မြို့များစွာ၌ သစ္စာခံစပြေီးနောက် ဖြန့်၍ထားခဲ့ရာ ကက္ကူဒေသ၌ ယွန်းရှမ်းရွာ၊ ကျွန်ရွာ ရှိသည်။ ယင်းရွာများသည် ဘုရင့်ထံသို့ အခွန်မပေးရပေ။ ကျွန်ဟုဆိုသော်လည်း မင်းမျိုးမင်းနွယ်များ ပါဝင်သည်။ ကွယ်လွန်သောအခါ နောင်ဘဝ အဆက်ဆက် ကောင်းမွန်စေရန်အတွက် စေတီဘယ်နှစ်ဆူ၊ ကျောင်းဘယ်နှစ်ကျောင်း စသည်ဖြင့် ကမ္ပည်းထိုး၍ လှူဒါန်းပေးကြပါ သည်။ ကက္ကူဘုရားဝင်းတွင်း၌ ကုသိုလ်ဖြစ် ယွန်းစာဖြင့် ကမ္ပည်းထိုးစေတီများ(ဘုံသုံးဆင့်ရှိသော)ကျောင်းဆောင် များ တွေ့ရှိရမည်ဖြစ်သည်။ ထိုယွန်းစာဓာတ်ပုံများ သမိုင်းဌာနများ၌လည်းကောင်း၊ ဒေါက်တာသန်းထွန်း၌လည်း ကောင်း၊ ဆရာလုစ်၌လည်းကောင်း၊ လန်ဒန်ဗဟိုစာကြည့်တိုက်၌လည်းကောင်း ရှိသည်။ ထိုယွန်းစာကို မည်သူမှ မည်သူ့ကို ရည်စူး၍လှူထားကြောင်း ဒေါက်တာသန်းထွန်း ဘာသာပြန်ပြီး သူ၏စာအုပ်၌ တင်ပြထားသည်။ လွယ်လုံ(တောင်ချွန်)ခြေရင်း၌ မြို့သစ်ကွက်ရိုက်ပြီး ၁၈၉၄-မှစတင်၍ တောင်ကြီးမြို့ တည်ဆောက်ခဲ့ပါ သည်။ အစိုးရရုံးများ၊ သစ်တောဌာန၊ အင်ဂျင်နီယာဌာန၊ ဆေးရုံ၊ ဗဟိုစာတိုက်နှင့်ကြေးနန်း၊ ရဲဌာန၊ ထောင်၊ လူထု လုပ်ငန်းဌာနများ ပါဝင်ခဲ့သည်။ ငါးရက်တစ်ဈေး၊ ဈေးရုံများပါမကျန် ဖော်ပြထားသည်။ (Upper Burma Gazetteer,P.237)၌ တောင်ကြီးဟူသည် ခေါင်းစဉ်အောက်တွင် ရေးမှတ်ထားခြင်း ဖြစ်သည်။ စော်ဘွားများနှင့်မြို့စားများ၏ ရပ်ကွက်ကိုလည်း သတ်မှတ်ပေးထားသည်။ ဈေးအနီး၌ ရပ်ကွက်ရှိနေခဲ့သည်။ ၁၈၉၇-ခုတွင် မြို့တည်ဆောက်ပြီး စီးသွား၍ သန်းခေါင်စာရင်း မှတ်တမ်းဝင်ရာတွင် တောင်ကြီးအိမ်ခြေပေါင်း(၃၃၆)၊ လူဦးရေပေါင်း(၁၂၄၇)ရှိသည်။ စာရင်းအရ ရှမ်းလူမျိုး(၈၅၁)၊ ဗမာလူမျိုး(၁၇၅)၊ အိန္ဒိယလူမျိုး(၁၈၉)၊ တရုတ်လူမျိုး(၃၂)ပါဝင်ခဲ့ပြီး အခြားလူမျိုးမရှိ သေးပေ။ ယွန်းရှမ်းလူမျိုးများ၊ အင်းလေး၊ စံကား၊ ကယား(ကရင်နီ)၊ ကက္ကူဒေသတို့၌ နေခဲ့ပြီးဖြစ်သော်လည်း ရှမ်း စာရင်း၌သာ ပါဝင်သွားပြီး ယွန်းရှမ်းစာဟူ၍ သီးသန့်မဖော်ပြတော့ပေ။ ယွန်းရှမ်းလူမျိုးများ ကယားပြည်နယ်တွင်း၌ ၁၈၈၄-ခုနှစ်အထိ ဖားစည်များ သွန်းလောင်းခဲ့သည်။ ချင်းမိုင်၊ ကျိုင်းတုံတို့၌ ရွှပြေားခတ်သည့်လုပ်ငန်းများ ကျယ်ပြန့်ခဲ့သည်။ ကျိုင်းတုံမြို့၊ မဟာမြတ်မုနိဘုရားဂေါပကအဖွဲ့ဝင်၊ လုံဟောင်ခမ်းတို့၏မိသားစုသည် ယွန်းရှမ်း(ဂုံရှမ်း)ဖြစ်ပြီး ရွှပြေားခတ်သည့်လုပ်ငန်း လုပ်ကိုင်ခဲ့ကြသည်။ ထိုင်း ဘုရင်သမီးတော်(သီရိဒုံ)သည် မန္တလေးရှိ ရွှပြေားခတ်သည့်လုပ်ငန်းကို လာရောက်လေ့လာဖူးပါသည်။ ချင်းမိုင်ယွန်း ရှမ်းရွှပြေားခတ်လုပ်ငန်း၏ရှေးမူအတိုင်းပင် ဖြစ်သည်။ ဝါးထည်ပေါ်၌ သစ်စေးသုတ်ပြီး အလှခြယ်ခြင်းကို ယွန်း (ရှမ်း)ထည်ဟုခေါ်ပါသည်။ ပူးဂမ်(ပုဂံ)သို့ ယွန်းရှမ်းသုံ့ပန်းများ နေရာချပေးခဲ့သည်။ ဆရိုးယွန်းရှမ်းစကားကို ဗမာ (ဆကို သပြောင်းပြီး)သရိုး(သယိုး)ဟု အသံထွက်လာသည်။ ယွန်းရှမ်းစကားှေ-မသန ဟု ပြောလျှင် သက်ကယ် စိမ်း၏ပြာနှင့်သစ်စေးရောထားခြင်းဟုအဓိပ္ပာယ်ရသည်။ ယနေ့တိုင် ကျိုင်းတုံယွန်းထည်သည် ချည်မျှင်ဆရိုးပြုလုပ် နိုင်ပြီး ဖောင်းကြွပုံများ ဖော်နိုင်သော်လည်း ပုဂံ၌ ထိုကဲ့သို့ ချည်မျှင်သရိုး(သယိုး)မပြုလုပ်နိုင်ပေ။
ကျမ်းကိုးစာရင်း
|
Portal di Ensiklopedia Dunia