ခွန်သန့်​ဇော်ထူး


ခွန်သန့်ဇော်ထူး
ဝန်ကြီး
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၃၁ ဇန်နဝါရီ ၂၀၂၅
ယခင်လူJeng Phang နော်တောင်
ဒုတိယဝန်ကြီး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁)
တာဝန်သက်တမ်း
၆ မေ ၂၀၂၄ – ၃၁ ဇန်နဝါရီ ၂၀၂၅
ယခင်လူကိုယ်တိုင်
ဒုတိယဝန်ကြီး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၄)
တာဝန်သက်တမ်း
၂၂ ဇန်နဝါရီ ၂၀၂၄ – ၆ မေ ၂၀၂၄
ယခင်လူကိုယ်တိုင်
ဆက်ခံသူမရှိ
ဒုတိယဝန်ကြီး
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁)
တာဝန်သက်တမ်း
၂၂ နိုဝင်ဘာ ၂၀၂၃ – ၂၂ ဇန်နဝါရီ ၂၀၂၄
ယခင်လူဗိုလ်ချုပ် စိုးတင့်နိုင်
ဆက်ခံသူမရှိ
ဒုတိယဝန်ကြီး
နယ်စပ်ရေးရာဝန်ကြီးဌာန
တာဝန်သက်တမ်း
၂၅ ဩဂုတ် ၂၀၂၁ – ၂၂ နိုဝင်ဘာ ၂၀၂၃
ယခင်လူဗိုလ်ချုပ် ဖုန်းမြတ်
ဆက်ခံသူဗိုလ်ချုပ် ဖြိုးသန့်
ကိုယ်ရေး အချက်အလက်များ
မွေးဖွားမြန်မာပြည်
နိုင်ငံသားပအိုဝ်းတိုင်းရင်းသား
ဆုတံဆိပ်များဇေယျကျော်ထင်ဘွဲ့
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံ မြန်မာ
ရာထူးဗိုလ်ချုပ်
တပ်စစ်ရေးချုပ်ရုံး

ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးဖြစ်သည်။သူသည် ပအိုဝ်းတိုင်းရင်းသား တစ်ဦး ဖြစ်ပြီး တပ်မတော် တွင် တွဲဖက် စစ်ရေးချုပ် အဖြစ်ထမ်းဆောင်ခဲ့သူဖြစ်သည်။ယင်းအပြင် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် နယ်စပ်ရေးရာဝန်ကြီးဌာန နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ၏ ဒုတိယဝန်ကြီးများ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်မှုထမ်းခြင်း

သူ၏ တပ်မတော် ပြန်တမ်းဝင်အမှတ် မှာ ကြည်း ၂၀၂၁၉ ဖြစ်သည်။[] တပ်မတော် တွင် ရာထူးအဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် အမှတ် ၃ စစ်ဆင်ရေးကွပ်ကဲရေးမှူး၊ ဗိုလ်ချုပ်အဆင့်ဖြင့် တွဲဖက်စစ်ရေးချုပ် တို့အဖြစ် တာဝန်ပေးခံရသည်။ သူသည် တွဲဖက်စစ်ရေးချုပ် အဖြစ် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ အထိ ထမ်းဆောင်သည်။သူ့ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ယုံကြည်ရသူများထဲ စီနီယာသက်တမ်းရှည်စစ်ဗိုလ်ချုပ်တစ်ဦး အဖြစ်လည်း ဖော်ညွှန်းကြသည်။[]

စစ်မှုထမ်းကာလထင်ရှားဖြစ်ရပ်များ

  • ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ က ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်စပ်ကင်းရဲစခန်း သုံးခု အကြမ်းဖက်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်ပြီးနောက် နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေး အတွင်း မြန်မာလုံခြုံရေးတပ်များဘက်က လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်ဆိုသော ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး၏ စွပ်စွဲချက် အစီရင်ခံစာ (၂၀၁၇) အပေါ် လုံခြုံရေးတပ်များဘက်က ကျူးလွန်မှု ရှိ၊မရှိ တပ်မတော်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ထဲ သူသည် ဒုတိယဥက္ကဋ္ဌ အဖြစ် ပါဝင်ခဲ့သည်။[]
  • မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါဖြစ်ပွားနေချိန် ၂၀၂၀ပြည့်နှစ် မေလ ၂၀ ရက်က သူသည် တွဲဖက်စစ်ရေးချုပ် ရာထူး နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ ၏ ထိန်းချုပ် နယ်မြေ မိုင်ဆပ်ပါ ကျေးရွာ သို့ သွားရောက်ကာ ဆေးဝါးနှင့်အထောက်အကူပစ္စည်းများပို့ဆောင်မှုအပေါ် ဦးဆောင်ခဲ့သည်။ []

ဒုတိယဝန်ကြီးတာဝန်

သူ့ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၂၀၂၁ ဩဂုတ်လ ၂၅ ရက်နေ့ တွင် တွဲဖက်စစ်ရေးချုပ် တာဝန် မှ နယ်စပ်ရေးရာဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်သည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက် အရောက်တွင် ထိုတာဝန်မှနေ၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) တွင် ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း[] ၊၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ၏ ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း ခန့်အပ်ခြင်းခံရသည်။[]၂၀၂၄ ခုနှစ် မေလ ၆ရက်နေ့တွင် ထိုရာထူးမှ နေ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ၏ ဒုတိယဝန်ကြီး ဖြစ်လာသည်။[]

ပြည်ထောင်စုဝန်ကြီးဖြစ်လာပုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၎င်းကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၁ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးသည်။[]ထိုရက်မှာပင် စစ်မှုထမ်းမှုမှ အငြိမ်းစားယူကာ အရပ်ဝတ်ပြောင်းသည်။

ဆုတံဆိပ်ချီးမြှင့်ခံရမှု

သူ့ကို နိုင်ငံတော်သမ္မတဦးဝင်းမြင့် က ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၄ရက်တွင် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တစ်ခုဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အားချီးမြှင့်သည်။[]

ကိုးကား

  1. နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ ၂/၂၀၂၀၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၄ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၊စာမျက်နှာ(၇) (၄ ဇန်နဝါရီ ၂၀၂၀)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  2. ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးကို စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ၄ ဒု-ဝန်ကြီးအဖြစ်ခန့်အပ်မြေလတ်အသံ (၂၃ ဇန်နဝါရီ ၂၀၂၄)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  3. ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးအခြေအနေ တပ်မတော်စုံစမ်းမည်VOA Burmese (၁၀ ဖေဖော်ဝါရီ ၂၀၁၇)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  4. တပ်မတော်က KIA ထံ Covid-19 ကာကွယ်ရေး ပစ္စည်းများပေးပို့The Irrawaddy (၂၁ မေ ၂၀၂၀)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  5. ဒုတိယဝန်ကြီး ပြောင်းရွှေ့တာဝန်ပေးအပ်ခြင်းMOI Myanmar (၂၂ နိုဝင်ဘာ ၂၀၂၃)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  6. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၄) ဒုတိယဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးခြင်းCINCDS Myanmar (၂၂ ဇန်နဝါရီ ၂၀၂၄)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
  7. နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅/၂၀၂၄ ဒုတိယဝန်ကြီးတာဝန် ပြောင်းရွှေ့ခန့်အပ်တာဝန်ပေးခြင်း၂၀၂၄ ခုနှစ်၊ မေလ ၃၁ ရက်ထုတ် အတွဲ (၇၇)၊ အမှတ် (၂၂) ပြန်တမ်းစာစောင် (၆ မေ ၂၀၂၄)။ ၄ ဇွန် ၂၀၂၄ တွင် ပြန်စစ်ပြီး။
  8. ပြည်ထောင်စုဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းMWD Webportal (၃၁ ဇန်နဝါရီ ၂၀၂၅)။ ၁ ဖေဖော်ဝါရီ ၂၀၂၅ တွင် ပြန်စစ်ပြီး။
  9. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပMWD Webportal (၄ ဇန်နဝါရီ ၂၀၂၀)။ ၂၂ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya