စိုးတင့်နိုင်
ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်(၁၉၆၄ ဖွား) သည် အမ်းမြို့ နှင့် မုံရွာမြို့ တို့တွင် အခြေစိုက်သည့် တိုင်းစစ်ဌာနချုပ်များတွင် စစ်တိုင်းမှူးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်သည်။သူသည် ဦးဝင်းမြင့်အစိုးရလက်ထက် နှင့် အာဏာသိမ်းစစ်အစိုးရလက်ထက် တို့တွင် ပြည်ထဲရေးဒုဝန်ကြီး အဖြစ် တာဝန်ထမ်းခဲ့သူလည်း ဖြစ်သည်။ စစ်မှုထမ်းဘဝသူသည် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း၊ (ဗထူး) အမှတ်စဉ် ၇၅ ကျောင်းဆင်းတစ်ဦး ဖြစ်သည်။ ပြန်တမ်းဝင်အမှတ် ကြည်း ၂၀၈၁၈ ဖြင့် စစ်မှုထမ်းသည်။ရာထူးအဆင့်ဆင့်တိုးသည်။၂၀၁၇ ခုနှစ် နိုဝင်ဘာလ တွင် စစ်တွေမြို့အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာသည်။[၂]ယင်းမတိုင်မီက တပ်မတော်(ကြည်း)၏ စစ်အကူလက်ရုံးဝန်ထမ်းတပ်ဖွဲ့ တစ်ခုဖြစ်သော ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဖွဲ့ (ထောက်ပံ့ပို့ဆောင်ရေးတပ်) ၏ အကြီးအကဲ ဖြစ်ခဲ့သည်။၂၀၁၉ ခုနှစ် မေလ တွင် ၎င်းတာဝန်ယူသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာ နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် တို့အား နေရာချင်း ချိန်းရာ သူသည် အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အသစ် ဖြစ်လာသည်။[၃]ထိုတာဝန်ကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၅ ရက် နေ့အထိ ထမ်းဆောင်သည်။ထိုရက်မှာပင် ဦးဝင်းမြင့် အစိုးရအဖွဲ့ က သူ့ကို ပြည်ထဲရေးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီး အဖြစ် တာဝန်ပေးသည်။[၄] ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းပြီးသည့် နောက်တွင်လည်း အာဏာသိမ်းစစ်အစိုးရအဖွဲ့ ထဲ ထိုတာဝန်နှင့် ဆက်ရှိနေခဲ့သည်။သူသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ရက် နေ့မှ [၅] ၂၀၂၁ ခုနှစ် မေလ ၁၁ရက် နေ့အထိ [၆] ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ၏ ဒုတိယဝန်ကြီးအဖြစ် ခေတ္တတာဝန်ယူခဲ့သေးသည်။ နောက်ပိုင်းတွင် မူလရာထူးဖြစ်သည့် ပြည်ထဲရေးဒုဝန်ကြီးအဖြစ် ပြန်လည်ထမ်းဆောင်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါ ရီ ၂ ရက်နေ့တွင် ထိုရာထူးတာဝန်မှ ဖယ်ရှားခြင်းခံရပြီး စစ်ဘက်မူလတာဝန်များကို ထမ်းဆောင်ရသည်။[၇] သူသည် ကာကွယ်ဦးစီးချုပ်ရုံး(ကြည်း)တွင် ဒုတိယဗိုလ်ချုပ်ကြီး အဖြစ် ရာထူးတိုးမြှင့်ခံရသည်။[၈] တပ်မတော်စစ်ဆေးရေးနှင့်စာရင်းစစ်ချုပ် ရာထူးတာဝန်ကိုလည်း အပ်နှင်းခံရသည်။ ရရှိသောဘွဲ့သူ့ကို သမ္မတဦးဝင်းမြင့် က ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ တွင် တပ်မတော်စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တစ်ခုဖြစ်သည့် ဇေယျကျော်ထင်ဘွဲ့ အပ်နှင်းသည်။[၉] ကိုးကား
|
Portal di Ensiklopedia Dunia