ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် (၁၉၆၄ ဖွား) သည် တပ်မတော် စစ်ရေးချုပ် ဖြစ်သည်။[၄] ယင်းမတိုင်မီက သူသည် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး [၅] ၊ အမှတ် (၅) စစ်ဆင်ရေးအထူးအဖွဲ့မှူး [၆] အပါအဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ [၇]
စစ်မှုထမ်းခြင်း
သူသည် ဗိုလ်သင်တန်းကျောင်း OTS-အပတ်စဉ် ၇၃ ဆင်း ဖြစ်သည်။သူ၏ ပြန်တမ်းဝင် အမှတ်မှာ ကြည်း ၂၀၃၂၄ ဖြစ်သည်။
တပ်မတော် တွင် တာဝန်များအဆင့်ဆင့်ထမ်းဆောင်ပြီးနောက် ၂၀၁၆ ခုနှစ် ရှေ့ပိုင်းကာလ အစ သူ့အသက် ၅၀ အရွယ် တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အဖြစ် တာဝန်ပေးခံရသည်။[၈] ယင်းနောက် ၂၀၁၇ ခုနှစ် တွင် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ၊ ၂၀၁၉ ခုနှစ်တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးတာဝန် ထမ်းဆောင်သည်။[၉]
သူ့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် ၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၇ ရက်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၏ အဆိုပြုချက်ဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် က ခန့်အပ်သည်။[၁၀]
ထိုတာဝန် ကို မြန်မာနိုင်ငံစစ်အာဏာစသိမ်းချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ နောက်ပိုင်း [၁၁] ထမ်းဆောင်ပြီးနောက် မူလစစ်ဘက် ဝတ္တရားများ ထမ်းဆောင်ရန် တပ်မတော်သို့ ပြောင်းရွှေ့သည်။
ယင်းနောက် သူသည် တပ်မတော် တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်တိုးမြှင့်ခြင်းခံရသည်။ကထစ ၃ ဟု အတိုကောက် ခေါ်ဝေါ်သည့် ရခိုင်ပြည်နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နှင့် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ကေတုမတီမြို့ တွင် အခြေစိုက်သည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အစရှိသော စစ်တိုင်းကြီး များကို တာဝန်ယူကြီးကြပ်ရသည့် အမှတ် (၃) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဖြစ်လာသည်။[၁၂]
ယင်းနောက် အမှတ် (၅) စစ်ဆင်ရေး အထူးအဖွဲ့မှူး (ခ) ကစထ(၅)မှူး အဖြစ် ပြောင်းရွှေ့တာဝန်ထမ်းသည်။[၁၃]
၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး[၁၄] သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ အဖြစ်သို့ ပြောင်းရွှေ့ခန့်အပ်ခံရသည့်အတွက် လစ်လပ် စစ်ရေးချုပ် နေရာကို ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ဆက်ခံခဲ့သည်။[၁၅]
အရေးယူပိတ်ဆို့ခံရမှု
သူ့ကို ၂၀၂၁ခုနှစ် ဩဂုတ်လ နောက်ပိုင်းက စ၍ အရပ်သားများအား မြေပြင်နှင့် လေကြောင်း တိုက်ခိုက်မှုများ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ရာဇဝတ်မှု နှင့် ရက်စက်ကြမ်းကြုတ်မှုများ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ရာတွင် တာဝန်ရှိသူဟု အမေရိကန် နှင့် ဥရောပသမဂ္ဂအဖွဲ့က သတ်မှတ်ပြီး အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သည်။ [၁၆] [၁၇]
ကိုးကား
- ↑ တပ်မတော် စစ်ဆင်ရေး အထူးအဖွဲ့ မှူး ရာထူးများ အပြောင်းအလဲ ဖြစ်။ The Irrawaddy (၁၂ ဇူလိုင် ၂၀၁၉)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထဲရေး ၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ ခန့်အပ်။ ဆင်ဟွာသတင်း (၃ မေ ၂၀၁၆)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း။ MYANMAR NATIONAL PORTAL (၂၅ ဩဂုတ် ၂၀၂၁)။ 21 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ လွှဲကြီးပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ။ MOI Myanmar (၂၁ ဧပြီ ၂၀၂၄)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ လုံခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ဆန်၊ဆီ၊ ဆား၊ ပဲ စားသောက်ဖွယ်ရာများ ပေးအပ်။ CINCDS Myanmar (၁၅ မတ် ၂၀၂၁)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ် စစ်တွေတပ်နယ်၊ ပလက်ဝတပ်နယ်များရှိ နယ်မြေခံတပ်ရင်းများ၊ စာသင်ကျောင်းများ နှင့် နယ်မြေခံမြန်မာနိုင်ငံရဲတပ်ဖွဲ့ခွဲများသို့သွားရောက် ကြည့်ရှုစစ်ဆေး၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်။ CINCDS Myanmar (၂၅ မေ ၂၀၂၃)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နယ်စပ်ရေးရာ ဒုဝန်ကြီးသစ် အစားထိုးခန့်အပ်။ DVB (၂၈ ဇူလိုင် ၂၀၂၀)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နိုင်ငံတော်သမ္မတရုံး အမိန်ကြော်ငြာစာ ၂၄/၂၀၁၆ ဂုဏ်ထူးဆောင်ဘွဲ့များအပ်နှင်းခြင်း။ ၂၀၁၆ခုနှစ် ဧပြီလ ၂၂ရက်နေ့ထုတ် မြန်မာနိုင်ငံတော်ပြန်တမ်း (၁ မတ် ၂၀၁၆)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ တပ်မတော် စစ်တိုင်းမှူး ၂ ဦးကို အပြောင်းအလဲပြုလုပ်။ The Irrawaddy (၂၈ မေ ၂၀၁၉)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ရခိုင် စစ်တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ် နယ်စပ်ရေးရာ ဒု-ဝန်ကြီး ဖြစ်လာ။ The Irrawaddy (၂၈ ဇူလိုင် ၂၀၂၀)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်။ နယ်စပ်ရေးရာဝန်ကြီးဌာန (၁၇ ဖေဖော်ဝါရီ ၂၀၂၁)။ 21 April 2024 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်ဦးဆောင်သောမြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒက္ကားတွင်တွေ့ဆုံ။ Narinjara News (၂၈ အောက်တိုဘာ ၂၀၂၂)။ ၂၁ ဧပြီ ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ နေပြည်တော်နဲ့ ရန်ကုန် စစ်ဆင်ရေးအထူးအဖွဲ့မှူးတွေ အပြောင်းအလဲဖြစ်။ BBC (၁၀ ဇန်နဝါရီ ၂၀၂၅)။ ၂ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေး။ MWD Webportal (၃၁ ဇူလိုင် ၂၀၂၅)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ စစ်ခေါင်းဆောင်ဖြုတ်လိုက်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ။ DVB (၁ ဩဂုတ် ၂၀၂၅)။ ၁ ဩဂုတ် ၂၀၂၅ တွင် ပြန်စစ်ပြီး။
- ↑ Phone Myat Sanctioned entity။ Open Sanctions။ 21 April 2024 တွင် ပြန်စစ်ပြီး။
- ↑ amending Decision 2013/184/CFSP concerning restrictive measures in view of the situation in Myanmar/Burma။ Official Journal of the European Union (8 November 2022)။ 21 April 2024 တွင် ပြန်စစ်ပြီး။