ငါးဒုက္ခ

ငါးဒုက္ခ

ငါးဒုက္ခသည် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် ရှမ်းပြည်နယ်တွင် တွေ့ရတတ်သော အင်းအစားအစာ တစ်မျိုး ဖြစ်သည်။

ပါဝင်ပစ္စည်းများ

တီလားဘီးယားငါး (ငါးဥပါ)
ခရမ်းချဉ်သီး
ဂျင်း
ကြက်သွန်မြိတ်
ငရုတ်သီးစိမ်း
သံပရာသီး
ကြက်သွန်ဖြူ တို့ ဖြစ်သည်။

ပြုလုပ်ပုံအဆင့်ဆင့်

ရေဆေးပြီးသော တီလားဘီးယားငါးကို ဗိုက်ထဲမှ ငါးဥအား ထုတ်ပြီး သတ်သတ် ဖယ်ထားပါ။ ငါးဥကို နုပ်နုပ်စဉ်း ထားသည့် ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်၊ ချင်းတို့နှင့် မွှေချက်ချက်ပါ။ ချက်ထားသော ငါးဥချက်ကို တစ်ဝက်ချန်ပြီး ကျန်တာကို ငါးဗိုက်ထဲထည့်ပြီး အပြင်ပြန်ထွက် မကျအောင် နှီးနှင့် နှစ်ပတ်သုံးပတ်လောက် ချည်ပြီး ဆီပူထဲ ထည့်ကြော်ပါ။ ကြွပ်နေသော ငါးကြော်ကိုဆယ်ပြီး အပေါ်ကနေ ချန်ထားတဲ့ ငါးဥချက်ကို တင်လိုက်ရင်တော့ ရနံ့မွှေးမွှေးနှင့် ငါးဒုက္ခကို စားနိုင်ပါပြီ။ တွဲဖက် စားရန်အတွက် ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းကို ထောင်းပြီး သံပရာရည်ညှစ်၍ ဆော့စ် ပြုလုပ်နိုင်သည်။[]

ကိုးကား

  1. The Myanmar Times
Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya