မုန့်လက်ဆောင်းမုန့်လက်ဆောင်း(Lod Chong/Lot Chong)သည် မြန်မာ့နှစ်သစ်ကူး သင်္ကြန်အချိန် နွေရာသီ တွင် အဓိက စားသောက်သည့် မြန်မာ့ရိုးရာ အစားအစာတစ်မျိုး ဖြစ်သည်။ မုန့်လက်ဆောင်းကို မုန့်လက်ဆောင်း အုန်းနို့တွဲ၍ လည်းကောင်း၊ မုန့်လက်ဆောင်း ထန်းလျက်တွဲ၍လည်းကောင်း၊ မုန့်လက်ဆောင်းနှင့် ထန်းလျက်တွဲ၍လည်းကောင်း၊ မုန့်လက်ဆောင်းဖတ်ကို သကြားရည်၊ နှမ်းရည်မွှေးရော၍လည်းကောင်း၊ မုန့်လက်ဆောင်း ဖတ်ကို အုန်းနို့အစား နွားနို့ဖြင့် တွဲ၍လည်းကောင်း၊ မုန့်လက်ဆောင်း၊ သာဂူကျို၊ အုန်းနို့ တွဲ၍လည်းကောင်း၊ မုန့်လက်ဆောင်း၊ သာဂူပျဉ်၊ ကောက်ညှင်းပေါင်း၊ အုန်းနို့ ကျောက်ကျော၊ ပေါင်မုန့်ဖြင့် တွဲကာ ရေခဲထည့်၍ ရွှေရင်အေးလုပ်၍လည်းကောင်း နည်းအမျိုးမျိုး စီမံပြုလုပ်၍ စားတတ်ကြသည်။ မုန့်လုပ်ဆောင်းဟုလည်း ခေါ်ဝေါ်ကြသည်။ မုန့်လုပ်ဆောင်းသည် ယိုးဒယားစကား(Lot chong)[၁]မှ ဆင်းသက်လာသည်။ လုပ်ဆောင်း (ကြမ်း ပေါက်မှကျွံကျသောမုန့် (ဝါ) ဆန်ခါတိုက်မုန့်)ဖြစ်သည်။ [၂] ပါဝင်သော ပစ္စည်းများ
အုန်းသီး - ၅ လုံး
သကြား - ၂၅ ကျပ်သား
ထန်းလျက် - ၂၅ ကျပ်သား ထုံးကြက်တက်ရည်ပြုလုပ်ပုံထုံးကိုရေဖျော်ပြီး ကျောက်ချဉ်ထည့်ပါ။ ရေကြည်လာလျှင် အပေါ်အရည်ကြည်မှာ ထုံး ကြက်တက်ရည် ဖြစ်သည်။ ပြုလုပ်ပုံ အဆင့်ဆင့်ဆန်ကို တစ်ည ရေစိမ်ကြိတ်ပြီး ရေစစ်ပါ။ ဆွမ်းမွှေးရွက်ကို ညက်အောင်ထောင်းပြီး အဝတ်ထဲထည့် အရည်စစ်ယူပါ။ မုန့်နှစ်ကို အစေး ပေါက်အောင် နယ်ပြီး ထုံးကြက်တက်ရည်နှင့် ရော၍ ကျိုပါ။ ဆွမ်းမွှေးရည်ပါ ထည့်ပါ။ ဆန်၏ အစေးကို ကြည့်၍ ရေအနည်း အများကို ချိန်ဆထည့်ရပါမည်။ မုန့်များ ကျက်၍ ပျစ်ခဲလာလျှင် မုန့်လက်ဆောင်းဖတ် ပြုလုပ်ရန် အနေသို့ ရောက်ပြီ ဖြစ်သည်။ မုန့်ပြုလုပ်ရန်အတွက်အထူးစီမံထားသော မုန့်လက်ဆောင်းဖတ်လုပ် သံဆန်ခါဖြစ်သည့် သံပြားဝိုင်းကြီးကြီး၏ မျက်နှာပြင်တွင် တစ်ခြမ်းပိတ်၊ တစ်ခြမ်း အပေါက်ဖောက် ပုံစံဖြင့် အနေတော် ဖောက်ထားသည့် ဆန်ခါကို ရေအေး ထည့်ထားသည့် ခံအိုး (သို့) ရေဇလုံပေါ်တွင် တင်ကာ ၎င်းဆန်ခါပေါ်သို့ ပူပြီးပျစ်ခဲနေသည့် မုန့်နှစ်သားကို ခပ်တင်ပါ။ မုန့်နှစ်များကို ဖိတုံးဖြင့် ဖိပေးလျှင် ခံအိုးရှိ ရေထဲသို့ အပေါက်ငယ် ပုံသဏ္ဌာန် အဖတ် လေးများ ကျပြီး ခဲလာပါ လိမ့်မယ်။ ကျလာသည့် မုန့်ဖတ်လေးများကို ဆန်ခါတပ် ယောက်မဖြင့် ဆယ်ယူကာ အဝတ် ခင်းထားသည့် တောင်းထဲထည့်ပါ။ ဤသို့ အဆက် မပြတ် ပြုလုပ်သွားရာတွင် အထူးသတိထားရမည့် အချက်မှာ ခံအိုးအတွင်းရှိ ရေအေးကို မကြာခဏ လဲလှယ်ပေးရန် ဖြစ်သည်။ ခံအိုးထဲတွင် အေးသောရေများရှိနေမှသာလျှင် အပေါ်မှလောင်းချသည့် မုန့်ဖတ်နှစ် အပူများက မုန့်ဖတ်အခဲ ပုံသဏ္ဌာန် ဖြစ်လာမည် ဖြစ်သည်။ မုန့်လက်ဆောင်း အချိုပွဲအတွက်အုန်းသီးကို ခြစ်ပြီး အုန်းနို့ရည် မပျစ်မကျဲအနေ (၁၀) နို့ဆီဘူးလုပ်ပါ။ ဆားရောမွှေပါ။ နို့စိမ်းရော၍ ထပ်မွှေပါ။ သကြားနှင့် ရေကိုရော၍ အနေတော်ရအောင်ကျိုပါ။ ထန်းလျက်ခဲ ကိုလည်း ရေဖြင့် မပျစ်မကျဲအနေ ကျိုပါ။ မုန့်လက်ဆောင်းပွဲပြင်ရန်ဖန်ခွက်(သို့) မုန့်ပန်းကန်စောက်တွင် မုန့်လုပ်ဆောင်းဖတ်အနေတော်ထည့်ပါ။ ရေခဲ တုံးလေးများ စိပ်ထည့်ပါ။ အုန်းနို့ရည်ကို ၁း၂ အနေထည့်ပါ။ သကြားရည် နှစ်သက် သလောက်ထည့်ပါ။ ပြီးမှ အပေါ်ယံတွင် ထန်းလျက်ရည် ဆမ်းပါ။ ရုပ်ပုံများ
ကိုးကား
|
Portal di Ensiklopedia Dunia