မရွေးမုန့်

မရွေးမုန့်

မရွေးမုန့်သည် မန်ချူးလူမျိုးတို့ နတ်ဘုရားများအား ပူဇော်ဆက်ကပ်ရာ ရိုးရာအချိုပွဲ တစ်မျိုးဖြစ်သည်။ မန်ချူးဘာသာအားဖြင့် ‘ဆချီမာ’ ဟုခေါ်သည်။ ‘ဆချီ’ဆိုသည်မှာ လှီးခြင်းဟု အဓိပ္ပာယ်ရပြီး ‘မာ’ဆိုသည်မှာ မုန့်လုပ်သည့် နည်းတစ်မျိုးဖြစ်သည်။

မန်ချူးတို့ တရုတ်ပြည်ကို သိမ်းပိုက် အုပ်စိုးခဲ့ပြီးနောက် ပေကျင်းမြို့တွင် စတင် လူကြိုက်များလာရာမှ တရုတ်တပြည်လုံးသို့ ပျံ့နှံ့သွားသည်။ မရွေးမုန့်သည် ကြွပ်ကြွပ်ရွရွရှိပြီး ရနံ့သင်းသင်းလေးရှိသောကြောင့် မန်ချူးခေတ် (ချင်းမင်းဆက်) မှစ၍ ယနေ့ထိတိုင် လူအများ နှစ်သက်သည့် မုန့်ပဲသွားရည်စာ တစ်မျိုးဖြစ်လာသည်။

ကိုးကား

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya