စကု လေကြောင်းလိုင်း
စကု လေကြောင်း (အင်္ဂလိပ်: Scoot) သည် စင်ကာပူလေကြောင်းလိုင်း၏ တန်ဖိုးနည်း နှင့် ခရီးရှည် သွားလာသည့် လေကြောင်းလိုင်း တစ်ခုဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် စင်ကာပူနိုင်ငံ အခြေစိုက် တန်ဖိုးနည်းနှင့် ခရီးရှည် ပျံသန်းမည့် လေကြောင်းလိုင်း တစ်ခုအဖြစ် ဩစတေးလျ နိုင်ငံ နှင့် တရုတ်နိုင်ငံတို့ကို ပျံသန်းရန် တည်ထောင်ခဲ့သည်။ စင်ကာပူ လေကြောင်းလိုင်း၏ လေကြောင်းလိုင်းအခွဲ တစ်ခုဖြစ်ပြီး ဆစ်အဲ လေကြောင်းလိုင်းမှာ ဒေသတွင်းနိုင်ငံများသို့ ပျံသန်းရန် ဖြစ်ပြီး တိုက်ဂါး လေကြောင်းလိုင်းမှာ တန်ဖိုးနည်း လေကြောင်းလိုင်း တစ်ခု ဖြစ်သည်။ အစပိုင်းတွင် စင်ကာပူ လေကြောင်းလိုင်းမှ ဘိုရင်း ၇၇၇ တစ်စီး လွှဲပြောင်းရယူခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဘိုရင်း ၇၈၇ ဖြင့် လဲလှယ်ခဲ့သည်။ ရုံးချုပ်မှာ စင်ကာပူ ချန်ဂီလေဆိပ် တွင် တည်ရှိသည်။ သမိုင်း၂၀၁၁-၁၃၂၀၁၁ ခုနှစ် မေလ ၁၁ ရက်နေ့တွင် စင်ကာပူ လေကြောင်းလိုင်းသည် တန်ဖိုးနည်း နှင့် ခရီးရှည် ပျံသန်းမည့် လေကြောင်းလိုင်းတစ်ခု တိုးချဲ့ရန် ကြော်ငြာခဲ့သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ၁ ရက်နေ့တွင် အဆိုပါ လေကြောင်းလိုင်း အမည်သည် "စကု" ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ၎င်းတို့၏ လေကြောင်းကုတ်နံပါတ် ကို "OQ" မှ "TZ" သို့ပြောင်းလဲကြောင်း ကြော်ငြာခဲ့သည်။ ၂၀၁၂ ဇွန်လ ၄ ရက်နေ့တွင် ဩစတေးလျ နိုင်ငံ ဆစ်ဒနီ လေဆိပ် သို့ ပထမဆုံး လေယာဉ် စတင်ပျံသန်းခဲ့သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ဩစတေးလျနိုင်ငံသို့ ဒုတိယ ခရီးစဉ်အဖြစ် ဂိုးကို့စ် သို့ ပျံသန်းခဲ့သည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မိခင် စင်ကာပူ လေကြောင်းလိုင်းမှ ဘိုရင်း ၇၈၇-၉ ဒရင်းလိုင်နာ လေယာဉ်များကို လွှဲပြောင်းလက်ခံခဲ့သည်။ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် စကု လေကြောင်းလိုင်းသည် ၎င်းတို့၏ လေယာဉ်အင်အား တိုးချဲ့မှုအစီအစဉ်အဖြစ် ပဉ္စမမြောက် ဘိုရင်း ၇၇၇-၂၀၀ က မေလကုန်တွင် လက်ခံရယူမည် ဖြစ်ကြောင်း၊ ခရီးစဉ် ၂ ခု သို့မဟုတ် ၃ ခု ပိုမိုပျံသန်းသွားမည် ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။ လေယာဉ်တွင်း ဖျော်ဖြေရေးအဖြစ် ခကူးတီဗီ အစီအစဉ်ကို မိတ်ဆက်ခဲ့သည်။ ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် စင်ကာပူ - ထိုင်ဝမ် - ဆိုးလ် ခရီးစဉ်ကို တစ်ပတ်လျှင် ၃ ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။ အဆိုပါ ခရီးစဉ်သည် စင်ကာပူ - ဆိုးလ် အကြား ပထမဆုံး တန်ဖိုးနည်း လေကြောင်းလိုင်း ပျံသန်းခြင်း ဖြစ်သည်။ ၂၀၁၃ ခုနှစ် ဇွန်လတွင် စင်ကာပူ - ထိုင်ဝမ် - ဆိုးလ် ခရီးဏည် စတင်ပျံသန်းခဲ့သည်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စင်ကာပူ - ဟောင်ကောင် ခရီးစဉ်ကို တစ်ပတ်လျှင် ၅ ကြိမ် ပျံသန်းခဲ့သည်။ ဒီဇင်ဘာတွင် ဩစတေးလျ ပတ်ခ် မြို့ ခရီးစဉ် စတင်ခဲ့သည်။ ၂၀၁၄-လက်ရှိ၂၀၁၅ ခုနှစ် မတ်လ ၂၉ ရက်နေ့မှစ၍ ဆစ်ဒနီ၊ ပတ်ခ်၊ ဟောင်ကောင် ခရီးစဉ်များကိုလည်းကောင်း၊ ဧပြီလကုန်တွင် ဘန်ကောက်၊ ဂိုးကို့စ် ခရီးစဉ်များကိုလည်းကောင်း ဘိုရင်း ၇၈၇-၉ များဖြင့် ပျံသန်းမည် ဖြစ်ကြောင်း ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ကြော်ငြာခဲ့သည်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့တွင် စင်ကာပူ - မဲလ်ဘုန်း ခရီးစဉ်ကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍ ဘိုရင်း ၇၈၇ လေယာဉ် အသုံးပြု၍ ပျံသန်းသွားမည် ဖြစ်ကြောင်း ကြော်ငြာခဲ့သည်။ ၂၀၁၄ ဒီဇင်ဘာတွင် ထိုင်းနိုင်ငံ အခြေစိုက် လေကြောင်းလိုင်း ဖြစ်သော နော့ လေကြောင်းလိုင်း နှင့် ပူးပေါင်းကာ နော့စကု လေကြောင်းလိုင်းအဖြစ် ထိုင်းနိုင်ငံတွင် ဖွင့်လှစ်ခဲ့သည်။ နော့စကု လေကြောင်းလိုင်းကို နော့ လေကြောင်းလိုင်းမှ ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ပြီး စကု လေကြောင်းလိုင်းမှ ၄၉ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ![]() ရုံးပိုင်းရေးရာရုံးချုပ်စကု လေကြောင်းလိုင်း၏ ရုံးချုပ်သည် စင်ကာပူ ချန်ဂီလေဆိပ်၏ လေဆိပ်အဆောက်အဦး (၁) တွင် တည်ရှိသည်။[၄] လေယာဉ်အသွင်အပြင်လေယာဉ်များကို အဝါရောင် နှင့် အဖြူရောင် ကို အသုံးပြုကာ ဆေးရောင်ခြယ်ထားသည်။ ၂၀၁၂ ဇန်နဝါရီလ ၁၁ ရက်နေ့မှ စ၍ လေယာဉ်မောင်မယ်များ၏ တူညီဝတ်ဆုံကို အနက် နှင့် အဝါရောင်အဖြစ် သတ်မှတ်ခဲ့သည်။ မိတ်ဖက် လေကြောင်းလိုင်းများနော့စကုနော့စကု လေကြောင်းလိုင်းသည် ဘန်ကောက်မြို့ အခြေစိုက်ဖြစ်ပြီး၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ အခြေစိုက် နော့ လေကြောင်းလိုင်း နှင့် စကု လေကြောင်းလိုင်း တို့ ပူးပေါင်းတည်ထောင်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အခြေစိုက်သည်။ ပျံသန်းရာမြို့များListလေယာဉ်![]()
ထပ်မံကြည့်ရှုရန်
References
|
Portal di Ensiklopedia Dunia