ဇလပုရီပြည်နယ်
ဇလပုရီခရိုင် ခေါ် ထိုင်းအသံထွက် ချွန်ဘူရီခရိုင် (အင်္ဂလိပ်: Chonburi Province၊ ထိုင်း: ชลบุรี၊ RTGS: Chon Buri, [tɕ͡ʰōn bū.rīː] ( သမိုင်းကြောင်းသမိုင်းကြောင်း သက်သေအထောက်အထားများအရ မောင်းချွန်ဘူရီမှာ ထိုင်းနိုင်ငံသမိုင်း၏ အယုဒ္ဓယခေတ်ကပင် အခြေတည်ခဲ့သည်။ ထိုစဉ်က ဤနယ်ပယ်တွင် ဘန်စိုင်း၊ ဘန်ပလဆွိုင်နှင့် ဘန်ဖရာ စသည့် မြို့ငယ်များ တည်ရှိခဲ့သည်။ ကျူလာလောင်ကွန်းဘုရင်မှ ထိုမြို့များကို စုစည်းကာ ချွန်ဘူရီနယ်အဖြစ် ဖန်တီးခဲ့သည်။ အမည်နာမချွန် ("chon" )ဟူသော စကားလုံးမှာ သင်္သကရိုက်ဘာသာစကားလုံးဖြစ်သော ဇလ ("jala") ဟူသော စကားလုံးမှ ဆင်းသက်လာကာ 'ရေ'ဟု အဓိပပ္ပါယ်ရသည်။ ဘူရီ ("buri") ဟူသော စကားလုံးမှာ သင်္သကရိုက်ဘာသာစကားလုံးဖြစ်သော ပူရီ (ပူရ) ("puri") ဟူသော စကားလုံးမှ ဆင်းသက်လာကာ 'မြို့'ဟု အဓိပ္ပာယ်ရသည်။ ထို့ကြောင့် ခရိုင်အမည်၏ အဓိပ္ပာယ်မှာ ရေမြို့တော်ဟု အဓိပ္ပာယ်ရသည်။ မြေမျက်နှာသွင်ပြင်ချွန်ညူရီခရိုင်မှာ ထိုင်းပင်လယ်ကွေ့၏ မြောက်ဘက်အဆုံး၊ ဘန်ကောက်ပင်လယ်အော်တွင် တည်ရှိသည်။ ခေါင်ခို တောင်တန်း သည် ခရိုင်၏ မြောက်ပိုင်းမှ တောင်ပိုင်းသို့ ပိုင်းထားသည်။ မြောက်ပိုင်းရှိ မြေဩဇာကောင်းပြီး ကျယ်ဝန်းသော လွင်ပြင်ကြီးက စိုက်ပျိုးရေး လုပ်ရန် သင့်လျော်သည်။ ခရိုင် တောင်ပိုင်းရှိ လန်ချဘမ်းမြို့တွင် ထိုင်းနိုင်ငံ၏ အနည်းငယ်သော ပင်လယ်ရေနက်ဆိပ်ကမ်းများ အတွင်းမှ တစ်ခုရှိသည်။ ခရိုင်၏ လူဦးရေမှာ နှစ်စဉ် ၄ရာခိုင်နှုန်းခန့် မြင့်တက်လျက်ရှိပြီး ၂၀၀၀ခုနှစ်တွင် လူဦးရေ ၁၀၄၀၈၆၅ဦးရှိရာမှ ၂၀၁၀ခုနှစ်တွင် ၁၅၅၄၃၆၅ဦးရှိခဲ့သည်။[၅]ခွင့်ပြုချက်မရှိပဲ ကာလကြာရှည်စွာ နေထိုင်နေသည့် ထိုင်းလူမျိုးမဟုတ်သူများလည်း ရှိသေးသည်။ အထိမ်းအမှတ်တံဆိပ်ခရိုင်၏ စည်းတံဆိပ် မှာ ခိုဆမ်မွတ်တောင်ကိုပြသည်။ ထိုတောင်တွင် နတ်ဘုရားမဖြစ်သော Chao Mae Sahm Muk ၏ ရုပ်တုရှိပြီး သူမသည် ပင်လယ်ရေလုပ်ငန်း လုပ်ကိုင်သူများနှင့် ဒေသခံများကို ကာကွယ်ပေးသည်ဟု ယုံကြည်ကြသည်။[၇] ခရိုင်၏ အမှတ်တံဆိပ် သစ်ပင်နှင့် ပန်းမှာ နယူးဂီနီရို့စ်ဝုဒ်"New Guinea Rosewood" (Pterocarpus indicus)ဖြစ်သည်။ ခရိုင်၏ ဆောင်ပုဒ်မှာ 'Beautiful beaches, delicious khao lam, sweet sugar cane, delicate basketry products, and buffalo racing.'ဖြစ်သည်။ အုပ်ချုပ်ရေး နယ်မြေများ![]() ခရိုင်ကို မြို့နယ် (အမ်ဖူ) ၁၁ ခု ခွဲခြားထားသည်။ ထို ၁၁ မြို့နယ်ကို နောက်ထပ် ကျေးရွာအုပ်စု (တမ်ဘွန်) ၉၂ ခု၊ ရွာပေါင်း ၆၉၁ ရွာ ထပ်မံခွဲခြားသည်။
ပို့ဆောင်ဆက်သွယ်ရေးလေကြောင်းချွန်ဘူရီသည် နိုင်ငံ၏ အကြီးဆုံးလေဆိပ်ဖြစ်သော သုဝဏ္ဏဘူမိလေဆိပ်မှ ကားလမ်းဖြင့် ၁၂၀ ကီလိုမီတာ (၇၅ မိုင်) ခန့် ကွာဝေးသည်။ ဆူခူဗစ်လမ်း နှင့် Motorway 7 တို့ဖြင့် ဘန်ကောက်မှ တစ်ဆင့် ပြန်လာနိုင်သည်။ မြို့မှ တောင်ဘက်သို့ ၄၅မိနစ်ခန့် မောင်းရသော ဦးသဖောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှလည်း လေယာဉ်အချို့ရှိသည်။ အဝေးပြေးလမ်းချွန်ဘူရီကို ဖြတ်သော အဓိကလမ်းမမှာ ထိုင်းလမ်းမ၃ဖြစ်သည်။ဆူခူဗစ်လမ်းဟု လူသိကြသည်။ အရှေ့မြောက်တွင် ဘန်ကောက်သို့ဆက်သွယ်ပြီး တောင်ဘက်တွင် ရေယွန်ခရိုင်၊ ချန်သဘူရီခရိုင်၊ တရပ်ခရိုင်တို့ကို ဆက်သွယ်ထားသည်။ အမှတ်၇မှာလည်း အမှတ်၃နှင့်အပြိုင်လိုက်သည်။ သို့သော် လူထူထပ်သော ပင်လယ်ကမ်းခြေဖြစ်သော ပတ္တယားကို ရှောင်ကွင်းသွားသည်။ ရထားလမ်းနိုင်ငံ၏ ခရီးသည်တင် ရထားလိုင်းဖြစ်သော နိုင်ငံတော် ရထားလမ်းသည် ချွန်ဘူရီခရိုင်တွင် လည်ပတ်သည်။ အဓိက ဘူတာရုံမှာ ချွန်ဘူရီ ဘူတာရုံ ဖြစ်သည်။ ကျန်းမာရေးချွန်ဘူရီတွင် ဆေးရုံများစွာ ရှိသည်။ အစိုးရရော ပုဂ္ဂလိကပါ ဖြစ်သည်။ ခိွန်ဘူရီတွင် ဘူရာဖ တက္ကသိုလ် ဆေးရုံတစ်ခုရှိသည်။ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာန၏ လက်အောက်ရှိ ချွန်ဘူရီဆေးရုံမှာ အဓိကဆေးရုံဖြစ်သည်။ အခြားသော အဖွဲ့အစည်းများဖြစ်သော ကြက်ခြေနီ၊ ထိုင်းတော်ဝင်ရေတပ် စသည်တို့လက်အောက်ရှိဆေးရုံများမှာ ဆာဗန် ဗဟာနာ မိဖုရား အထိမ်းအမှတ်ဆေးရုံ)နှင့် (သီရိခေတ်မိဖုရား ရေတပ်ဆေးရုံ) တို့ဖြစ်သည်။ ခရီးသွား ကဏ္ဍ၂၀၁၂ ခုနှစ်က စာရင်းများအရ ခရီးသည် ၉သန်း လာရောက်ခဲ့သည်။ ခရီးသည် ၆.၁သန်းမှာ ပြည်ပမှဖြစ်ကာ ထိုအထဲတွင် ရုရှားနိုင်ငံမှ ၂.၂သန်း လာရောက်ခဲ့သည်။[၈] ကိုးကား
|
Portal di Ensiklopedia Dunia