ဌေးအောင်
ဦးဌေးအောင် (၁၂ ဇွန် ၁၉၅၂ ဖွား)[၁] သည် မြန်မာနိုင်ငံသား တပ်မတော် အရာရှိဟောင်းနှင့် နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။ သူသည် အစိုးရနှစ်ဆက်အထိ ဟိုတယ်ခရီးဝန်ကြီး တာဝန်ယူခဲ့သူလည်းဖြစ်သည့်အပြင် အဂတိတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ်ပါ ထမ်းဆောင်ခဲ့သူဖြစ်သည်။ ပညာရေးသူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၉ )ဆင်းဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အပါတ်စဉ်တူသည်။[၂] ၁၉၉၁ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဂျော့ရှ်ဝါရှင်တန် တက္ကသိုလ်မှ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှုပညာဖြင့် မဟာဘွဲ့ရရှိခဲ့သည်။ [၃] ၂၀၁၆ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဖာလောင်တက္ကသိုလ်မှ လူမှုသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့သည်။[၄] ဝန်ထမ်းဘဝသူသည် တပ်မတော်သားဘဝမှနေ၍ အရပ်ဘက် ဟိုတယ်၊ခရီးဌာန သို့ ၁၉၈၉ ခုနှစ်တွင် ရွှေ့ပြောင်းလာသည်။ရာထူးအဆင့်ဆင့်တိုးပြီး ၂၀၀၄ တွင် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဖြစ်ခဲ့သည်။[၅] နိုင်ငံရေးဘဝ၂၀၁၂ စက်တင်ဘာလတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီးအဖြစ် သမ္မတ ဦးသိန်းစိန်က ခန့်အပ်ခဲ့သည်။၂၀၁၆ မတ်လ ၃၀ရက်အထိ ထမ်းဆောင်သည်။ ယင်းမတိုင်မီက ၂၀၁၁ မတ်လမှ စတင်ကာ ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၆] ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ၂၀၂၁ ဩဂုတ် ၅ရက်နေ့တွင် ၎င်းသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာပြန်သည်။[၇]ထိုတာဝန်ကို ၂၀၂၃ ဖေဖော်ဝါရီ ၁ရက်အထိ တာဝန်ထမ်းဆောင်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခံရကာ ၂၀၂၃ ဩဂုတ် ၂ရက်တွင် ရာထူးမှ အနားပေးခံရသည်။[၈] မိသားစုဘဝအိမ်ထောင်သည်တစ်ဦးဖြစ်ပြီး သားတစ်ဦးရှိသည်။ ကိုးကား
|
Portal di Ensiklopedia Dunia