အောင်သော်
ဦးအောင်သော် (၂၃ အောက်တိုဘာ ၁၉၅၃ ဖွား) သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဥက္ကဋ္ဌဟောင်း ဖြစ်သည်။ [၁] ၎င်းသည် အငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး၊ ကာကွယ်ရေးဒုဝန်ကြီး တာဝန်များအပြင် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ၊ဟိုတယ်ခရီးဝန်ကြီး စသည့် တာဝန်များယူခဲ့ဖူးသူဖြစ်သည်။ အစောပိုင်းဘဝသူသည် စစ်တက္ကသိုလ် အပါတ်စဉ်(၁၆)ဆင်း ဖြစ်သည်။ အလုပ်အကိုင်တပ်မတော်တွင် ဒုဗိုလ်အဆင့်မှ ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ရုရှားနိုင်ငံဆိုင်ရာမြန်မာစစ်သံမှူး အဖြစ်လည်း တာဝန်ပေးခံရသည်။ [၂] သမ္မတဦးသိန်းစိန် လက်ထက် ၂၀၁၁ တွင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ရပြီး ထိုတာဝန်ကို ၂၀၁၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ [၃] နိုင်ငံရေးသူသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်ဖြစ်သည်။ အထွေထွေရွေးကောက်ပွဲ ၂၀၂၀ တွင် ကိုကိုးကျွန်းမဲဆန္ဒနယ် မှနေ၍ ရွေးကောက်ပွဲဝင်သည်။ [၄] ၎င်းသည် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း[၅] ၊ရုရှား-မြန်မာချစ်ကြည်ရေးအသင်း တွင် ဥက္ကဋ္ဌ အဖြစ်လည်းကောင်း တာဝန်ယူခဲ့သေးသည်။[၆] ၂၀၂၁ နောက်ပိုင်းကာလများနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၃ ဖေဖော်ဝါရီ ၁ ရက်တွင် ၎င်းအား ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်သည်။[၇] ၆ လအကြာတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၏ ၁၃ ဦးမြောက် ဥက္ကဋ္ဌ အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် ယင်းရာထူးမှနေ၍ အနားပေးခံရသည်။[၈] ကိုးကား
|
Portal di Ensiklopedia Dunia