တရုတ်နှစ်ပြည်
တရုတ်နှစ်ပြည် ဟူသည် နိုင်ငံနှစ်နိုင်ငံမှ မိမိကိုယ်ကို "တရုတ်" (ရိုးရှင်းတရုတ်: 中国; ရိုးရာတရုတ်: 中國; ပင်ယင်: Zhōngguó) ဟူ၍ခေါ်ဆိုခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။[၁][၂] ထိုတရုတ်နှစ်နိုင်ငံမှာ–
နှစ်နိုင်ငံနှိုင်းယှဉ်ချက်
နောက်ခံသမိုင်း၁၉၁၂ ခုနှစ်တွင် ရှန်ဟိုက်တော်လှန်ရေးဖြစ်ပွားခဲ့ပြီး ချင်းမင်းဆက်ကို ဖြုတ်ချနိုင်ခဲ့သည်။ တော်လှန်ရေးသမားဖြစ်သူ ဒေါက်တာဆွန်ယက်ဆင်သည် တရုတ်သမ္မတနိုင်ငံကို နန်ကျင်းမြို့၌ တည်ထောင်ခဲ့သည်။ ၁၉၁၂ မှ ၁၉၄၉ ကာလအတွင်း ပြည်တွင်းပြည်ပပြဿနာရပ်များကြောင့် တရုတ်အစိုးရမှာ နိုင်ငံကိုကောင်းမွန်စွာ အုပ်ချုပ်နိုင်ခြင်း မရှိခဲ့ပေ။ ၁၉၂၇ တွင် အာဏာရကူမင်တန်နှင့်ကွန်မြူနစ်တို့ ပြည်တွင်းစစ်ကို စတင်တိုက်ခိုက်ခဲ့သည်။ ၁၉၄၉ တွင် ကွန်မြူနစ်တို့မှ အနိုင်ရရှိခဲ့သည်။ ကွန်မြူနစ်ခေါင်းဆောင် မော်စီတုန်းသည် တရုတ်ပြည်မကို ရရှိခဲ့ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည်။ တရုတ်သမ္မတနိုင်ငံ၏ခေါင်းဆောင် ချန်ကေရှိတ်သည် ထိုင်ဝမ်ကျွန်းသို့ တိမ်းရှောင်ခဲ့ရသည်။ ကွန်မြူနစ်တို့သည် ထိုင်ဝမ်ကျွန်းသို့ ကျူးကျော်တိုက်ခိုက်ခဲ့သော်လည်း အမေရိကန်တို့သည် ကိုရီးယားစစ်ပွဲကို စတင်တိုက်ခိုက်ခဲ့ရာ ထိုင်ဝမ်ကျွန်းအား ကာကွယ်ပေးခဲ့သည်။ သို့ဖြစ်ရာ ထိုအချိန်မှစ၍ ပေကျင်းမြို့အခြေစိုက် ကွန်မြူနစ်ဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်ပေမြို့အခြေစိုက် အမျိုးသားရေးဖြစ်သော တရုတ်သမ္မတနိုင်ငံ ဟူ၍တရုတ်နှစ်နိုင်ငံဖြစ်ခဲ့ရသည်။ ထိုနှစ်နိုင်ငံတို့သည် "တရုတ်နိုင်ငံ" ၏တရားဝင်အစိုးရ ဖြစ်စေရန်အတွက် ယှဉ်ပြိုင်ခဲ့ကြသည်။ တရုတ်သမ္မတနိုင်ငံသည် ကုလသမဂ္ဂကို တည်ထောင်ခဲ့သော အဖွဲ့ဝင်နိုင်ငံသာမက လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံလည်း ဖြစ်ခဲ့သည်။ ၁၉၇၁ တွင် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥပဒေမူကြမ်း ၂၇၅၈ (United Nations General Assembly Resolution 2758) ကိုတင်ပြ၍ မဲပေးဆုံးဖြတ်ခဲ့ကြရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် "တရုတ်နိုင်ငံ" ၏တရားဝင်အစိုးအရ ဖြစ်လာခဲ့သည်။ ၁၉၇၁ မတိုင်မီကပင် ပီအာစီကို ဆိုဗီယက်ဘလေ့ာဂ် (Soviet Bloc) နှင့် စစ်အေးကာလအတွင်း ဖက်မလိုက်သောနိုင်ငံများ (Non-Aligned Movement) တို့သည် ပီအာစီကို အသိအမှတ်ပြုခဲ့ကြသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှ အာအိုစီ၏ကိုယ်စားလှယ်များကို နှင်ထုတ်ခဲ့သော်လည်း တရုတ်နိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုမှုကိုရယူရန် ဆက်လက်ကြိုးပမ်းခဲ့ကြသည်။ ၁၉၉၀ မှစ၍ ထိုင်ဝမ်ပြည်လွတ်လပ်ရေးလှုပ်ရှားမှုကို စတင်ခဲ့ကြရာ ထိုင်ဝမ်၏ နိုင်ငံရေးအခြေအနေမှာ အငြင်းပွားဖွယ်ဖြစ်လာခဲ့သည်။ တရုတ်တစ်နိုင်ငံအစား တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်သမ္မတနိုင်ငံတို့မှာ ကိုယ်ပိုင်အချုပ်အခြာအာဏာရှိသော သီးခြားနိုင်ငံများဖြစ်စေလိုကြသည်။ အာအိုစီသမ္မတ ချင်ရွှေဗြန်းသည် ထိုအယူအဆကို လက်ခံခဲ့ရာ ကုလသမဂ္ဂ၌ တရုတ်သမ္မတနိုင်ငံကို အာအိုစီအစိုး၏အုပ်ချုပ်ရာနယ်မြေကို ကိုယ်စားပြုသည့် သီးခြားနိုင်ငံအဖြစ် ပါဝင်နိုင်ရန်ကြိုးပမ်းခဲ့သည်။ သို့သော် နောင်တက်ခဲ့သည်သမ္မတ မာယင်းကျိုသည် ရှိမြဲအခြေအနေအတိုင်းသာ ဆောင်ရွက်လို၍ ထိုလုပ်ဆောင်မှုကို နှောင့်နှေးစေခဲ့သည်။ လက်ရှိအခြေအနေ![]() တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ) ပီအာစီကိုသာ အသိမှတ်ပြုသောနိုင်ငံများ ပီအာစီကို အသိအမှတ်ပြုသော်လည်း အာအိုစီနှင့်ဆက်ဆံရေးရှိသော နိုင်ငံများ တရုတ်သမ္မတနိုင်ငံ (အာအိုစီ) အာအိုစီကိုသာ အသိမှတ်ပြုသောနိုင်ငံများ အဆိုတင်သွင်းမှုမရှိသေး ပီအာစီနှင့်အာအိုစီတို့သည် အချင်းချင်း၏ အချုပ်အခြာအာဏာကို အသိအမှတ်ပြုခြင်းမရှိကြပေ။ ကူမင်တန်နှင့် ပီအာစီအစိုးရတို့သည် မိမိကိုယ်မိမိ တရုတ်ပြည်မနှင့်ထိုင်ဝမ်ကို အုပ်ချုပ်လျက်ရှိသော တရားဝင်အစိုးရဟူ၍ ခံယူကြသည်။ ထိုင်ဝမ်၏ဒီမိုကရက်တစ်တိုးတက်ရေးပါတီကမူ တရုတ်သမ္မတနိုင်ငံသည် ပီအာစီနှင့်နှီးနွယ်မှုမရှိသော သီးခြားနိုင်ငံတစ်ရပ်ဖြစ်ရာ ထိုင်ဝမ်သည် ပီအာစီ၏နယ်မြေမဟုတ် ဟူ၍ယုံကြည်သည်။ ပီအာစီ၏အမြင်နှင့်သဘောထားပီအာစီသည် အာအိုစီ၏အချုပ်အခြာအာဏာကို ဆန့်ကျင်၍ ထိုင်ဝမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပြည်နယ်ဖြစ်သည် ဟူ၍ခံယူသည်။[၃] တရုတ်တစ်ပြည်ပေါ်လစီကိုပြဋ္ဌာန်း၍ ထိုင်ဝမ်ကိုဒီဖက်တိုအုပ်ချုပ်မှုပင် မရှိသော်လည်း တရုတ်ပြည်၏ခွဲမရနိုင်သော အစိတ်အပိုင်းဖြစ်ကြောင်း ဖော်ပြထားသည်။[၄][၅] သို့ဖြစ်ရာပီအာစီသည် အာအိုစီ၏အစိုးရအား တရားမဝင်ဟူ၍ယုံကြည်သည်။ ထို့အပြင်နိုင်ငံတစ်ရပ်အနေဖြင့် ပီအာစီနှင့်ဆက်ဆံလိုပါက အာအိုစီနှင့်ဆက်ဆံခြင်းကို အပြီးရန့်တန့်စေလိုသည်။[၆][၇] အာအိုစီနှင့်ဆက်ဆံသော နိုင်ငံငယ်များကို ပီအာစီသည် ငွေကြေးထောက်ပံ့မှုဖြင့် ဖြားယောင်းပြီး အာအိုစီနှင့်ဆက်ဆံရေးကို ရန်တန့်နိုင်အောင်ကြိုးပမ်းသည်။[၈] ထိုမျှသာမက ပီအာစီသည်အာအိုစီအား အိုလံပစ် အားကစားပွဲတော်၌ တရုတ်သမ္မတနိုင်ငံအနေဖြင့် ယှဉ်ပြိုင်ခြင်းကို ပိတ်ပင်ထားရာ "တရုတ်ထိုင်ပေ" အမည်ဖြင့်သာ ယှဉ်ပြိုင်ခွင့်ပေးသည်။[၉] ပီအာစီ၏ သတင်းမီဒီယာများတွင်လည်း အာအိုစီကို "တရုတ်၏ ထိုင်ဝမ်ပြည်နယ်" ဟူ၍သာ ရည်ညွှန်းလေ့ရှိသည်။ အာအိုစီ၏အမြင်နှင့်သဘောထား၁၉၉၁ မတိုင်ခင်အထိ အာအိုစီသည် တရုတ်ပြည်မနှင့်ထိုင်ဝမ်ကို အုပ်ချုပ်သည်ဟူ၍ခံယူခဲ့သည်။ ၁၉၉၁ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် တရုတ်ပြည်မကို ပီအာစီမှ အုပ်ချုပ်ကြောင်းကို လက်ခံခဲ့ရသည်။[၁၀] ဒီမိုကရေစီနှင့် လွတ်လပ်စွာပြောဆိုခွင့်တို့ တည်ရှိနေမှုကြောင့် ထိုင်ဝမ်ပြည်လွတ်လပ်ရေးလှုပ်ရှားမှုကြီးမှာ ပေါ်ပေါက်လာခဲ့သည်။ ပီအာစီသည် "တရုတ်နှစ်ပြည်" အခြေအနေကို ငြင်းဆန်ထားသည်သာမက ထိုင်ဝမ်ပြည်လွတ်လပ်ရေးကို ပိုမိုဆိုးရွားသောရွေးချယ်မှု ဟူ၍ယုံကြည်သည်။ ထိုပြဿနာရပ်များကို အာအိုစီ၏အစိုးရများသည် မတူညီသောနည်းလမ်းများဖြင့် ကိုင်တွယ်ခဲ့ကြသည်။ ၁၉၉၉ တွင် သမ္မတလီတိန်းဟွေးသည် ပီအာစီနှင့်အာအိုစီဆက်ဆံရေးကို နိုင်ငံနှစ်ရပ်ဆက်ဆံရေး ဟူ၍ဆိုခဲ့သည်။ ထို့နောက် ၂၀၀၂ ခုနှစ်တွင် သမ္မတချင်ရွှေဗြန်းသည် ထိုင်ဝမ်နှင့်တရုတ်တို့သည် ရေလက်ကြား၏ တစ်ဖက်တစ်ချက်၌ ရှိနေကြရာ ထိုရေလက်ကြား၏ တစ်ဖက်စီသည် နိုင်ငံကိုယ်စီဖြစ်ကြသည်" ဟူ၍ပြောဆိုခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ပြည်နယ်မဟုတ်ကြောင်းလည်း ရှင်းပြခဲ့သည်။[၁၁][၁၂] ချင်ရွှေဗြန်းသည် တရုတ်သမ္မတနိုင်ငံအစား ထိုင်ဝမ်အမည်ကို ပို၍သုံးနှုန်းနိုင်ကြရန် ကြိုးပမ်းခဲ့သည်။ ထိုင်ဝမ်ပြည်သူတို့သည် ခရီးသွားရာ၌ မိမိတို့၏ပတ်စပို့မှာ "Republic of China" ဟူ၍ရေးထားသောကြောင့် အများစုသည် "China" ကိုသာဖတ်မိ၍ ပီအာစီ၏ပြည်သူဖြစ်သည်ဟု ယူဆမိကြရာ စာအုပ်အဖုံး၌ "Taiwan" အမည်ကို ထည့်သွင်းပေးခဲ့သည်။[၁၃] ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် သမ္မတမာယင်းကျိုသည် တရုတ်-ထိုင်ဝမ်ဆက်ဆံရေးကို ပြည်နယ်ချင်းဆက်ဆံရေး ဟူ၍ဆိုခဲ့သည်။ "၁၉၉၂ နားလည်မှု" (1992 consensus) ကိုနှစ်ဖက်လုံးမှ လက်ခံထားပြီဖြစ်ရာ အချုပ်အခြာအာဏာ ပြဿနာရပ်များနှင့်ပက်သက်၍ ရှိမြဲအတိုင်းသာ ဆောင်ရွက်သွားမည် ဟူ၍ဆိုခဲ့သည်။[၁၄][၁၅] ၂၀၁၆ ခုနှစ်တွင် ဒီမိုကရက်တစ်တိုးတက်ရေးပါတီမှ ဆိုင်အင်းဝမ်သည် သမ္မတဖြစ်လာခဲ့သည်။ ဆိုင်အင်းဝမ်သည် "၁၉၉၂ နားလည်မှု" မှ တရုတ်နှင့်ထိုင်ဝမ်တို့သည် တရုတ်တစ်ပြည်တည်းဖြစ်သည် ဟူသောအယူအဆကို ငြင်းပယ်ခဲ့ရာ ထိုင်ဝမ်ကိုသီးခြားနိုင်ငံအဖြစ် လွတ်လပ်ရေးကိုလိုလားသည်။ ထိုကိစ္စကြောင့် တရုတ်နှင့်ထိုင်ဝမ်ဆက်ဆံရေးမှာ တင်းမာလာခဲ့သည်။[၁၆] ကျမ်းကိုး
|
Portal di Ensiklopedia Dunia