တဲရင့်စ်စမွိုင်းနီခွဲ
ဦးတဲရင့်စ်စမွိုင်းနီခွဲ (အင်္ဂလိပ်: Pu Terrance San Mawi Nikhuai) သည် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းခဲ့သူ ဖြစ်သည်။[၁] တပ်မတော်မှ အာဏာသိမ်းယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီးနောက် ပြည်နယ်အလိုက် စီမံအုပ်ချုပ်ရေး ကောင်စီများအား ဖွဲ့စည်းရာတွင် ချင်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။[၁][၂] အစောပိုင်းဘဝနှင့် ပညာရေးဖလမ်းမြို့နယ်၊ လုမ်သဲရွာ ဇာတိ ဝဏ္ဏကျော်ထင် ဒေါက်တာနီခွဲနှင့် အင်္ဂလိပ်လူမျိုး Jasmine တို့၏ သားသမီး ၁၀ ဦးအနက် ဒုတိယမြောက်သား ဖြစ်ပြီး၊ ၁၉၅၆ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ [၃] ငယ်စဉ်က ဖလမ်းမြို့တွင် ပညာစတင်သင်ကြားခဲ့ပြီး မိတ္ထီလာမြို့တွင် ဆယ်တန်းအောင်မြင်ပြီးနောက် ရန်ကုန်တက္ကသိုလ်မှ ဥပဒေပညာဘွဲ့ ရရှိခဲ့သည်။ ဘွဲ့ရရှိပြီးနောက် တရားရုံးတွင် အလုပ်ဝင်ရောက်ခဲ့ပြီး ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ်နှင့် ဖလမ်းမြို့တို့တွင် အလုပ်လုပ်ကိုင်ခဲ့သည်။[၄] ကွယ်လွန်ခြင်းဦးတဲရင့်စ်စမွိုင်းနီခွဲသည် နေပြည်တော် အစည်းအဝေးသို့ သွားရောက်ခဲ့ပြီး ဟားခါးမြို့သို့ ပြန်ရောက်အပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ် ရှိပြီ ဖြစ်သည်။[၁] ကိုးကား
|
Portal di Ensiklopedia Dunia