ဖလမ်းမြို့နယ်
ဖလမ်းမြို့နယ် သည် မြန်မာနိုင်ငံ၊ ချင်းပြည်နယ်၊ ဖလမ်းခရိုင်တွင် ပါဝင်သည့် မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်ရုံးစိုက်ရာမြို့မှာ ဖလမ်းမြို့ ဖြစ်သည်။ သမိုင်းကြောင်းလိုင်လွန်ရွာတည်ထောင်ခဲ့သူ ဦးထွန်းကိုင်၌ သား ၃ ယောက်ရှိပြီး သားကြီးတိုင်ဆွန်းအား လက်ရှိ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် တွင်တည်ရှိသော ယက်ကန်းကျောင်း အောက်ဘက်တွင် ဖခင်ဖြစ်သူမှ အေဒီ ၁၅၀၀ ခန့်တွင် ရွာတည်ထောင်ပေးခဲ့သည်။ ရွာတည်ထောင်သူ တိုင်ဆွန်းအားအစွဲပြု၍ တာရွှန်းရွာဟု ခေါ်ဝေါ်ခဲ့သည်။ ထိုခေတ်အခါက လက်နက်ကိရိယာမကောင်းသဖြင့် စစ်ပွဲဆင်နွှဲရာတွင် အခြေအနေမကောင်းခဲ့ပေ။ စစ်ပွဲဆင်နွှဲခြင်း၊ လျှို့ဝှက်စွာအသတ်ခံရခြင်းတို့ကြောင့် သားသမီးများနှင့် ကလေးများကို ဝှက်ထားရန်အတွက် ရွာ၏အရှေ့ဘက် တစ်မိုင်ခန့်အကွာ ချောက်ကမ်းပါး၊ ကျောက်တောင်၊ သစ်တောကြီးများရှိပြီး အောက်ဘက်တွင်လည်း မဏိပူရမြစ်စီးဆင်းနေသော နေရာတွင် တဲဆောက်နေထိုင်ခဲ့ရာမှ ရွာတည်ခဲ့ပြီး ဖလှမ်ဟု အမည်ပေးခဲ့သည်။ သားသမီးများ အေးချမ်းစွာနားခိုရာတဲဟု အဓိပ္ပာယ်ရသည်။[၂] ပထဝီဝင်အနေအထားမြောက်လတ္တီတွဒ် ၂၂ ဒီဂရီ ၅၀ မိနစ်နှင့် ၂၃ ဒီဂရီ ၂၀ မိနစ် အကြား၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၂၀ မိနစ်နှင့် ၉၄ ဒီဂရီ ၈၀ မိနစ်အကြားတွင် တည်ရှိသည်။ အရှေ့မှ အနောက်သို့ မိုင် ၄၀၊ တောင်မှမြောက်သို့ ၂၅ မိုင်ရှိပြီး ၉၈၈.၉၀ စတုရန်းမိုင် ကျယ်ဝန်းသည်။[၂] ဖလမ်းမြို့နယ်သည် တောင်တန်းထူထပ်သော မြို့နယ်တစ်ခု ဖြစ်သည်။ မြို့နယ်တွင်းရှိ အမြင့်ဆုံးတောင်ထိပ်ဖြစ်သော ဇိုင်းမူတောင်သည် ချင်းပြည်နယ်တွင် ဒုတိယအမြင့်ဆုံး တောင်ထိပ် ဖြစ်သည်။ မဏိပူရမြစ်သည် မြို့နယ်အလယ်ကို ဖြတ်သန်းကာ တောင်ဘက်သို့ စီးဆင်းသွားသည်။ အသည်းပုံ ရိဒ်ရေကန်ကြောင့် ဖလမ်းမြို့သည် ထင်ရှားသည်။ နယ်နိမိတ်ဖလမ်းမြို့နယ်၏ အရှေ့ဘက်တွင် စစ်ကိုင်းတိုင်းဒေသကြီးရှိ ကလေးမြို့နယ်၊ တောင်ဘက်တွင် ဟားခါးမြို့နယ်၊ အနောက်ဘက်တွင် ထန်တလန်မြို့နယ်နှင့် အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်၊ မြောက်ဘက်တွင် တီးတိန်မြို့နယ်များ တည်ရှိသည်။ မြေမျက်နှာသွင်ပြင်ပင်လယ်ရေမျက်နှာပြင်အထက် ပျှမ်းမျှ ၅၂၈၀ ပေအထက်တွင် တည်ရှိသည်။ ပေ ၃၀၀၀ နှင့် ၈၀၀၀ ကျော်မြင့်သည့် တောင်ကုန်းတောင်စွယ်များနှင့် ၎င်းတို့အကြားတွင် ဗွီပုံစံကဲ့သို့ မတ်စောက်သော ချိုင့်ဝှမ်းများ တည်ရှိသည်။ မဏိပူရမြစ်သည် မြို့နယ်မြောက်ဖျားပိုင်းမှ စီးဆင်းလာပြီး ဖလမ်းမြို့ မြောက်ဘက်အနီးတွင် အရှေ့ဘက်သို့ကွေ့ကောက်၍ မြစ်သာမြစ်အတွင်း စီးဝင်သည်။ လူဦးရေဖလမ်းမြို့နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများတွင် ချင်းလူမျိုးများ အများဆုံးနေထိုင်ကြသည်။ ထို့နောက် ဗမာ၊ ကရင်၊ ကချင်နှင့် ရခိုင်လူမျိုးများ အစဉ်လိုက်များပြားစွာနေကြသည်။ ကိုးကွယ်မှုအနေဖြင့် ခရစ်ယာန်ဘာသာကို အများဆုံး ကိုးကွယ်ကာ ဗုဒ္ဓဘာသာ၊ဟိန္ဒူ၊အစ္စလာမ်နှင့် အခြားကိုးကွယ်သူဦးရေမှာ အစဉ်လိုက်များပြားသည်။[၂] စီးပွားရေးဖလမ်းမြို့နယ်သည် ချင်းပြည်နယ်အတွင်းရှိ စီးပွားရေး အတော်အသင့်ကောင်းမွန်သော မြို့နယ်ဖြစ်သည်။ မြို့နယ်နေလူထုသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းကို အများဆုံး လုပ်ကိုင်ကြသည်။ မြို့နယ်အတွင်း အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ၁၈ ခု တည်ရှိသည်။ ဈေးများ
ပို့ဆောင်ဆက်သွယ်ရေးဖလမ်းမြို့နယ်သည် ကလေး-ဖလမ်း-ဟားခါးလမ်းပေါ်တွင် တည်ရှိ၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည်။ ၂၀၂၀ ခုနှစ်တွင် ဆူဘုန် လေဆိပ်တည်ဆောက်ပြီးစီးခဲ့ပြီး မကြာခင် စတင်အသုံးပြုနိုင်မည် ဖြစ်သည်။ ပညာရေးအဆင့်မြင့်ပညာ
အခြေခံပညာအထကအထက်တန်းကျောင်း ၈ကျောင်းရှိသည်။
အထက(ခွဲ)/အလက
အမကမူလတန်း၊မူလွန်၊အလယ်တန်း(ခွဲ) ၁၅၂ ကျောင်းရှိသည်။ ကျန်းမာရေး
အထင်ကရပုဂ္ဂိုလ်များ
အဓိကဖြစ်ရပ်များ
ကိုးကား
ပြင်ပလင့်ခ်များ
|
Portal di Ensiklopedia Dunia