ထိုင်းအထက်လွှတ်တော်

ထိုင်းအထက်လွှတ်တော်
วุฒิสภา
Wutthisapha
13th Senate of Thailand
Coat of arms or logo
ထိုင်းလွှတ်တော်အမှတ်တံဆိပ်
အမျိုးအစား
အမျိုးအစားထိုင်းနိုင်ငံ
ခေါင်းဆောင်များ
ဥက္ကဋ္ဌ
Mongkol Surasajja
26 July 2024 ကတည်းက
ဒုဥက္ကဋ္ဌ (၁)
Kriangkrai Srirak
26 July 2024 ကတည်းက
ဒုဥက္ကဋ္ဌ (၂)
Bunsong Noisophon
26 July 2024 ကတည်းက
ဖွဲ့စည်းပုံ
အမတ်ဦးရေ200
နိုင်ငံရေး အုပ်စုများ
  •   Independent (200)
သက်တမ်း
၅ နှစ်
ရွေးကောက်ပွဲများ
သွယ်ဝိုက်ရွေးကောက်တင်မြှောက်ခြင်း၊ ကန့်သတ်မဲပေးစနစ် နှင့် ကိုယ်တိုင်အမည်စာရင်းတင်သွင်းခြင်းတို့ဖြင့် ရွေးချယ်ခြင်း
နောက်ဆုံး ရွေးကောက်ပွဲ
9–26 June 2024]]
လာမည့် ရွေးကောက်ပွဲ
August–September 2029
ဆွေးနွေးရာနေရာ
ဘုရားစန္ဒြာခန်းမ
ထိုင်းလွှတ်တော်အဆောက်အအုံ
ဒူဆစ်မြို့နယ်
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ
ဝက်ဘ်ဆိုဒ်
www.senate.go.th

ထိုင်းအထက်လွှတ်တော် (ထိုင်း: วุฒิสภาไทย, ဝုတ္တိစဖာထိုင်း, Senate of Thailand) သည် ယခင်က ဖရွတ်တာစဖာ (พฤฒสภา) ဟု အမည်တွင်ခဲ့ပြီး ထိုင်းနိုင်ငံ၏ အထက်လွှတ်တော် ဖြစ်သည်။ အောက်လွှတ်တော် နှင့်အတူ ထိုင်းနိုင်ငံ၏ ဥပဒေပြုရေးအဖွဲ့အစည်းအဖြစ် တည်ရှိသည်။ ၂၀၁၇ ခုနှစ် ထိုင်းဘုရင့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အထက်လွှတ်တော်၏ သက်တမ်းသည် ငါးနှစ် ဖြစ်သည်။ အထက်လွှတ်တော်သည် ဘန်ကောက်မြို့၊ ဒူဆစ်ခရိုင်ရှိ လွှတ်တော်အဆောက်အအုံအတွင်းရှိ အထက်လွှတ်တော်အစည်းအဝေးခန်းမ (ဘုရားစန္ဒြာခန်းမ) တွင် အစည်းအဝေးကျင်းပသည်။

ဖွဲ့စည်းပုံ

၂၀၁၇ ခုနှစ် ထိုင်းဘုရင့်နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ ၁၀၇ အရ ထိုင်းအထက်လွှတ်တော် (Senate) သည် အဖွဲ့ဝင် ၂၀၀ ဦး ဖြင့် ဖွဲ့စည်းထားသည်။ ၎င်းအဖွဲ့ဝင်များကို သက်ဆိုင်ရာ အသိပညာ၊ ကျွမ်းကျင်မှု၊ ပညာရပ်ဆိုင်ရာ အတွေ့အကြုံ၊ သွင်ပြင်လက္ခဏာ သို့မဟုတ် တူညီသော အကျိုးစီးပွားများရှိသည့် ပုဂ္ဂိုလ်များ အချင်းချင်း ရွေးချယ်တင်မြှောက်သည့်စနစ် (self-nomination) ဖြင့် ရရှိသည်။

ပုဒ်မ ၁၀၉ အရ အထက်လွှတ်တော်၏ သက်တမ်းသည် ရွေးကောက်ပွဲရလဒ် ထုတ်ပြန်ကြေညာသည့်နေ့မှစ၍ ငါးနှစ် ဖြစ်သည်။ အထက်လွှတ်တော်အမတ်များ၏ အဖွဲ့ဝင်အဖြစ် ရပ်တည်မှုသည် ရွေးကောက်ပွဲကော်မရှင် (Election Commission) က ရွေးကောက်ပွဲရလဒ်ကို ကြေညာသည့်နေ့မှစ၍ စတင်သည်။

ဖတ်ပါ

Prefix: a b c d e f g h i j k l m n o p q r s t u v w x y z 0 1 2 3 4 5 6 7 8 9

Portal di Ensiklopedia Dunia

Kembali kehalaman sebelumnya