နဂရရာဇသီမာမြို့
နဂရရာဇသီမာမြို့ (Nakhon Ratchasima) သည် ထိုင်းနိုင်ငံ၊ အီဆန်ဒေသ၏ အဓိက မြို့ကြီးလေးမြို့မှ တစ်မြို့ဖြစ်သည်။ big four of Isanဟု လူသိများကြသည်။ ကိုရတ် korat ဟုလည်း အများကခေါ်ကြသည်။ နဂရရာဇသီမာပြည်နယ်နှင့် မောင်နဂရရာဇသီမာခရိုင်တို့၏ ရုံးစိုက်ရာမြို့ဖြစ်သည်။ နဂရရာဇသီမာ မက်ထရိုပိုလစ်တန်၏ အဓိကနေရာလည်းဖြစ်သည်။ ကိုရတ် ကုန်းပြင်မြင့်၏ အနောက်ဘက်အစွန်းတွင် တည်ရှိသည်။ သမိုင်းတွင် ယခင်က လာအိုတိုင်းပြည်နှင့် ဆိုင်ယမ်တိုင်းပြည်တို့၏ နယ်နိမိတ် ခွဲခြားသတ်မှတ်ရာ လည်းဖြစ်သည်။ လာအိုစကားပြောကြသည့် အီဆန်တို့၏ နေရာလည်းဖြစ်သည်။ လက်ရှိအချိန်တွင် မြို့၏ တည်နေရာမှာ 14°58.5′N 102°6′E / 14.9750°N 102.100°Eကိုဩဒိနိတ်: 14°58.5′N 102°6′E / 14.9750°N 102.100°Eတွင် တည်ရှိသည်။ ၂၀၁၀ ခုနှစ်တွင် မြို့၏ မြူနီစီပယ် ဧရိယာတွင် လူဦးရေ ၁၄၂၆၄၅ ဦး ရှိသည်။[၁] အမည်နာမရှေးဟောင်းသုတေသန ပညာရှင်များက ယနေ့ခေတ် နဂရရာဇသီမာ၏ အနောက်ဘက် ၃၂ ကီလိုမီတာ အကွာရှိ ဆန်နိုအမ် ခရိုင်တွင် သီမာ (သိမ်) နှင့် ကိုရတ်ခပူရ ဆိုသော မြို့၂မြို့ တည်ရှိခဲ့ကြောင်း ဆိုသည်။ ထိုအမည်များမှ နာမည်ယူထားကြခြင်းများလည်း ဖြစ်သည်။ မြို့ကို ခိုရတ် (Thai: โคราช) အဖြစ် လူသိများကြပြီး ရှေးခမာတို့၏ အတိုကောက် နာမည် တစ်မျိုးဖြစ်သည်။ သမိုင်းကြောင်း၁၄ ရာစုနှစ်များ မတိုင်မီက နဂရရာဇသီမာဒေသများသည် ခမာလူမျိုးတို့၏ လက်အောက်တွင် တည်ရှိသည်။ ခမာဘာသာစကားအရ Nokor Reach Seyma သို့မဟုတ် Nokor Reach Boreiနှင့် Koreach.ဟု သိကြသည်။ ၁၇ ရာစုနှစ်တွင် အယုဒ္ဓယဘုရင် နရီလက်ထက်၌ ထိုဒေသအနီးတွင် မြို့သစ်တည်စေပြီး အယုဒ္ဓယ၏ အရှေ့မြောက် မျက်နှာစာအတွက် ခံတပ်တစ်ခုဖြစ်စေခဲ့သည်။ ထို့နောက်တွင် ထိုင်းနိုင်ငံ သမိုင်းများ၌ နခွန် ရတ်ချာစီမာကို အယုဒ္ဓယ၏ ဒုတိယ အဆင့်ရှိ မြို့အဖြစ် ဖော်ပြကြသည်။ ၁၇၆၇ ခုနှစ်တွင် မြန်မာတို့၏ တိုက်ခိုက်မှုဖြင့် အယုဒ္ဓယ ပြိုကွဲခဲ့ပြီး ဘိုရိုမကော့ဘုရင်၏ သားတော်တစ်ပါးမှ ခိုရတ်နှင့် အခြား အရှေ့ဘက်ဒေသများကို စိုးစံရန် ကြိုးပမ်းခဲ့သည်။ သို့သော် သွန်ဘူရီ နိုင်ငံ၏ ဘုရင်ဖြစ်သူ ဘုရင်သက်ဆင်မှ သူ၏ ဗိုလ် ၂ ဦးဖြစ်သူ ညီအစ်ကို နှစ်ယောက်ဖြစ်သော သွန်ဒေါင်း နှင့် ဘွန်မတို့ကို သွားရောက် သိမ်းပိုက်ခိုင်းလေသည်။ မင်းသားကို ဖမ်းဆီးရမိပြီး ၁၇၆၈ တွင် ကွပ်မျက်လိုက်လေသည်။ နောက်ပိုင်းတွင် သွန်ဒေါင်းမှာ ယနေ့ခေတ် ထိုင်းနိုင်ငံဘုရင်မင်းဆက်ဖြစ်သော ရာမမင်းဆက်၏ ပထမမြောက် ရာမဘုရင်ဖြစ်လာသည်။ ခိုရတ်မြို့မှာ ၎င်း၏ နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မဟာဗျူဟာမြောက် တည်ရှိမှုကြောင့် လာအိုနှင့် ခမာတို့၏ နယ်မြေများကို စောင့်ကြည့်ရန် တည်ရှိသည်။ ![]() ၁၈၂၆ ခုနှစ်တွင် ဗီယင်ကျန်းဘုရင် အန်နိုဗောင်က ဆိုင်ယမ်တို့ အင်အားနည်းနေသည်ကို အခွင့်ကောင်းယူကာ ခိုရတ်မြို့ကို ရာမ ၃ ဘုရင် လက်အတွင်းမှ သိမ်းပိုက်ခဲ့သည်။ [၂]ထိုစဉ်က လက်ထောက် အုပ်ချုပ်ရေးမှူး၏ အမျိုးသမီးဖြစ်သူ လေဒီမို၏ စွမ်းဆောင်ချက်များကြောင့် မြို့လယ်ခေါင်တွင် ရုပ်တုထား၍ ဂုဏ်ပြုခံခဲ့ရသည်။ မြို့၏ အရှေ့ဘက်မြို့ရိုးဟောင်းကို ပြင်သစ်အင်ဂျင်နီယာ တစ်ဦးမှ ပုံစံရေးဆွဲ တည်ဆောက်ခဲ့သည်။ ထိုသူမှာ နရီဘုရင်၏ နရီမဟာရာဇာနန်းတော်ကို တည်ဆောက်ခဲ့သူလည်းဖြစ်သည်။ ၁၉ ရာစုနှောင်းပိုင်း မွန်သွန်အုပ်ချုပ်မှု ပြန်လည်ပြုပြင်ရေးတွင်လည်း နဂရရာဇသီမာမြို့မှာ နိုင်ငံရေးနှင့် စီးပွားရေး ကဏ္ဍတွင် အရေးပါခဲ့သည်။ ၁၉၀၀ပြည့်နှစ် နိုဝင်ဘာလတွင် ဆိုင်ယမ် တော်ဝင်နိုင်ငံ ရထားလမ်းစီမံကိန်းများအရ နဂရရာဇသီမာနှင့် ဘန်ကောက်ဆက်သွယ်သော ရထားလိုင်းအတွက် နဂရရာဇသီမာမြို့မှာ လမ်းဆုံးဘူတာ ဖြစ်လာသည်။ ၁၉၃၂ ထိုင်းတော်လှန်ရေးအရ ထိုင်းနိုင်ငံ၏ သက်ဦးဆံပိုင် ဘုရင်စနစ် ချုပ်ငြိမ်းခဲ့ရသည်။၁၉၃၃ခုနှစ် အောက်တိုဘာလတွင် ထိုင်းနိုင်ငံ အာဏာသိမ်းမှုအတွက် နဂရရာဇသီမာမြို့မှာ ဌာနချုပ်ဖြစ်လာသည်။ ၁၉၆၂ မှ ၁၉၇၆ အထိ ဗီယက်နမ်စစ်အတွင်း ကိုရတ်တော်ဝင်လေကြောင်းလိုင်းဌာနချုပ်မှာ ထိုင်းတော်ဝင်လေတပ်၊ အမေရိကန်လေတပ်၊ နယူးဇီလန် တော်ဝင်လေတပ်များ ဆင်းသက်ရာ နေရာဖြစ်လာသည်။ ၁၉၈၀ နှင့် ၁၉၉၀ အစောပိုင်းကာလများအတွင်း လေဆိပ်မှာ အရပ်ဘက်လေဆိပ် ဖြစ်လာခဲ့ပြီး ၁၉၉၀ အစောပိုင်းတွင် နဂရရာဇသီမာလေဆိပ် ဖြစ်လာသည်။ ၁၉၉၃ ခုနှစ် ဩဂုတ်လ ၁၃ရက်နေ့တွင် ထိုင်းနိုင်ငံ၏ အဆိုးရွားဆုံး ဟိုတယ်မတော်တဆမှုဖြစ်သည့် တော်ဝင် ပလာဇာ ဟိုတယ် ပြိုကျမှုဖြစ်ပွားခဲ့ပြီး ၁၃၇ ယောက် သေဆုံးခဲ့သည်။[၃] ရာသီဥတုနဂရရာဇသီမာဒေသတွင် ယေဘုယျအားဖြင့် ရာသီ ၃ ခုရှိသည်။ နွေရာသီမှာ ဖေဖော်ဝါရီလမှ မေလအထိ၊ မိုးရာသီမှာ မေလမှ အောက်တိုဘာလအထိ၊ ဆောင်းရာသီမှာ အောက်တိုဘာလမှ ဖေဖော်ဝါရီလအထိ ဖြစ်သည်။ ဆောင်းရာသီတွင် ကိုရတ်ဒေသ၏ အနိမ့်ဆုံး အပူချိန်မှာ ၁၈ ဒီဂရီ စင်တီဂရိတ် (၆၄ ဒီဂရီ ဖာရင်ဟိုက်)နှင့် ကျေးလက်ဒေသတွင် ၁၂ ဒီဂရီ စင်တီဂရိတ် (၅၄ ဒီဂရီ ဖာရင်ဟိုက်)အထိ ကျဆင်းတတ်သည်။
စီးပွားရေးနဂရရာဇသီမာဒေသ၏ စီးပွားရေးမှာ အစဉ်အလာအရ စိုက်ပျိုးရေးပေါ်တွင် မှီခိုနေသည်။ အီဆန်ဒေသ၏ စပါး၊အုံး (tapioca)နှင့် သကြားထုတ်လုပ်ရာ အဓိကနေရာဖြစ်သည်။ အီဆန်ဒေသသည် ၎င်းကုန်စည်များအတွက် ထိုင်းနိုင်ငံ၏ ထုတ်ကုန်အပိုင်းတွင် တစ်ဝက်မျှအထိ ထုတ်လုပ်ရာဒေသဖြစ်သည်။ ထိုထုတ်ကုန် ၃ မျိုးသည် အီဆန်ဒေသတွင်း ၇၀၀၀၀၀ မိသားစုကို အလုပ်အကိုင် အခင့်အလမ်းများ ဖန်တီးပေးနိုင်သည်။ ထို့အပြင် နခွန် ရတ်ချာစီမာမှာ Seagate Technology၏ disk drives ထုတ်လုပ်ရာ ၂ မြို့မှ တစ်မြို့ဖြစ်သည်။ ထိုလုပ်ငန်းသည် နခွန် ရတ်ချာစီမာ၌ အလုပ်သမားပေါင်း ၁၂၁၀၀ကို အလုပ်အကိုင်ပေးနိုင်သည်။[၆][၇] လက်လီ ရောင်းဝယ်ရေးနခွန် ရတ်ချာစီမာမှာ အီဆန်ဒေသ အတွက်သာမက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအိုနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အတွက်ပါ စီးပွားရေး အချက်အချာ နေရာ ဖြစ်လာသည်။ ဘန်ကောက်မြို့တွင် အခြေစိုက်သည့် ထိုင်းနိုင်ငံ၏ အကြီးဆုံး ကုန်တိုက် ၃ ခုလုံးမှာ မြို့၏ ဈေးအကြီးဆုံး ဆိုင်များတွင် ရင်းနှီးမြှပ်နှံထားသည်။ ၂၀၁၇ နောက်ပိုင်းတွင် စတုရန်းမီတာ ၁ သန်းရှိသော လက်လီအရောင်းနေရာကို ဖွင့်လှစ်ထားသည်။[၆] ပို့ဆောင် ဆက်သွယ်ရေးလေကြောင်းနဂရရာဇသီမာလေဆိပ်သည် မြို့၏ အရှေ့ဘက် ၂၆ ကီလိုမီတာ အကွာတွင် တည်ရှိသည်။[၈] လက်ရှိ အချိန်တွင် ဘန်ကောက်-ဒွန်မောင်းနှင့် ချင်းမိုင်သို့ လေကြောင်းခရီးစဉ်များ ရှိသည်။ ၂၀၁၈ ခုနှစ်တွင် ခရာဘီနှင့် ဟတ်ယိုင်သို့ ပြည်တွင်း ခရီးစဉ်၊ ဆိုးလ်-အင်ချွန်းနှင့် တရုတ်နိုင်ငံမှ မြို့ တစ်ခုခုသို့ နိုင်ငံတကာ ခရီးစဉ်အဖြစ် တိုးချဲ့ရန် ရည်ရွယ်ထားသည်။ ရထားလမ်းနခွန် ရတ်ချာစီမာမြို့သည် အရှေ့မြောက်ပိုင်း ရထားလမ်းပိုင်းဖြစ်သော ဘန်ကောက်နှင့် အုဘွန် ရတ်ချသနီမြို့နှင့် နွိုင်ခိုင်မြို့ တို့ကို ဆက်သွယ်ထားသော ရထားလမ်းပိုင်းပေါ်တွင် တည်ရှိသည်။ မြို့တွင် အဓိက ဘူတာရုံ နှစ်ရုံရှိသည်။ မွတ်ခမွန်ထရီလမ်းပေါတွင် နဂရရာဇသီမာ ဘူတာရုံနှင့် ဝက်အာရာစရစ်လမ်းပေါ်တွင် သနွန်ချီရလမ်းဆုံ ဘူတာရုံတို့ တည်ရှိသည်။ နဂရရာဇသီမာ ဘူတာရုံမှာ ၁၉၀၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကပင် ခိုရတ် ဘူတာရုံအဖြစ် ဖွင့်လှစ်ထားသည်။ ၁၉၀၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ချူလာလောင်ကွန်းဘုရင်မှ ဘန်ကောက်မှ နဂရရာဇသီမာ လမ်းကို ဖွင့်လှစ်ပေးခဲ့သည်။ ထိုဘူတာရုံမှာ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် အုဘွန် ရတ်ချသနီမြို့ရှိ သချန် ဘူတာရုံ မဖွင့်မီ အထိ နှစ်ပေါင်း ၂၀ မက ရထားလမ်းဆုံး ဘူတာဖြစ်ခဲ့သည်။ ၁၉၃၄ ခုနှစ်တွင် ခိုရတ် ဘူတာရုံမှ နဂရရာဇသီမာ ဘူတာရုံအဖြစ် အမည် ပြောင်းလဲခဲ့သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးထိမှန်ခဲ့ပြီး ၁၉၅၅ ခုနှစ်တွင် မူလ သစ်သားဆောင် နေရာတွင် အသစ်ပြန်လည် တည်ဆောက်ခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ၆၀ ကီလိုမီတာ အရှည်ရှိသော ကိုရတ်-ခွန်ခမ် ၂ လမ်းသွား မီးရထားလမ်းကို ဖွင့်လှစ်ခဲ့သည်။[၆] ကားလမ်းထိုင်းနိုင်ငံ၏ အဓိက အဝေးပြေးလမ်းမ လေးခုမှ တစ်ခုအပါအဝင်ဖြစ်သော ထိုင်းအဝေးပြေးလမ်းမ၂ သည် နဂရရာဇသီမာမြို့ အနီးက ဖြတ်သွားသည်။ ၂၀၁၆ ခုနှစ်တွင် ဘန်ကောက်မြို့နှင့် နဂရရာဇသီမာမြို့တို့ကို ဆက်သွယ်ပေးမည့် ကားလမ်းမတစ်ခုကို ဖောက်လုပ်နေပြီး ၂၅၀ ကီလိုမီတာခရီးကို ၂ နာရီအထိ လျော့ချနိုင်မည် ဖြစ်သည်။[၆] ပညာရေး![]() တက္ကသိုလ်များနဂရရာဇသီမာမြို့ ဧရိယာအတွင်း တက္ကသိုလ် ၄ ခုရှိသည်။
ကျောင်းများ
နိုင်ငံတကာကျောင်းများ
ဆေးရုံများ![]()
အားကစားနှစ် (၈၀)ပြည့် အထိမ်းအမှတ် အားကစားကွင်းမှာ ဘုရင်မင်းမြတ်၏ သက်တော်၈၀ပြည့် အထိမ်းအမှတ် အားကစား အဆောက်အဦးများတွင် အဓိက အားကစားကွင်းဖြစ်သည်။ ၎င်းကို ၂၀၀၇ နဂရရာဇသီမာပွဲတော်အတွက် တည်ဆောက်ခဲ့ပြီး ဘုရင်ကြီး ဘူမိဗလအတုလျတေဇ၏ နှစ် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အမည်ပေးခဲ့သည်။ ထိုကွင်းမှာ ထိုင်းနိုင်ငံ၏ ပထမတန်း ဘောလုံးလိဂ်ဖြစ်သော ထိုင်း ပရီးမီးယားလိဂ်တွင် ယှဉ်ပြိုင်နေသည့် နဂရရာဇသီမာ ဘောလုံးအသင်း၏ အိမ်ကွင်းအဖြစ်လည်း အသုံးပြုသည်။ ထိုကွင်းမှာ ပရိသတ် ၂၄၆၄၁ ဝင်ဆံ့သည်။ ထိုင်း ဘောလီဘော လိဂ်၏ လေးထပ်ကွမ်း ချန်ပီယံဖြစ်သော Nakhon Ratchasima the Mall နှင့် ထိုင်း အမျိုးသမီး ဘောလီဘောလိဂ်၏ သုံးထပ်ကွမ်း ချန်ပီယံ Nakhon Ratchasima the Mallတို့မှာ နဂရရာဇသီမာမြို့မှ ဖြစ်သည်။ မီဒီယာ ကဏ္ဍနဂရရာဇသီမာမြို့၏ နေ့စဉ်သတင်းစာမှာ ကိုရတ်နေ့စဉ် ဖြစ်သည်။ အင်္ဂလိပ်စာဖြင့် ရေးသားထုတ်ဝေသော ကိုရတ်ပို့စ်မှာ တစ်လတစ်ခါ ထုတ်ဝေသည်။ ကိုရတ်ပို့စ်မှာ အင်္ဂလိပ်ဘာသာ ဝက်ဆိုဒ်နှင့် လူမုကွန်ယက် စာမျက်နှာ ရှိပြီး ပွဲများ၊ အစားအသောက်များ၊ အားကစားနှင့် ဒေသတွင်း ဝန်ဆောင်မှုများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားလေ့ရှိသည်။"Expats in Korat / Nakhon Ratchasima"သည် လူမှုကွန်ယက်ပေါ်တွင် လွန်စွာ စည်ကားလှသော အဖွဲ့ဖြစ်ကာ နဂရရာဇသီမာ၏ နေ့စဉ်ဘဝများနှင့် ပက်သက်၍ ဆွေးနွေးလေ့ ရှိကြသည်။ ကိုးကား
|
Portal di Ensiklopedia Dunia