နာမရူပပရိစ္ဆေဒဉာဏ်
နာမရူပပရိစ္ဆေဒဉာဏ် ဆိုသည်မှာ ရုပ်တရားနှင့် နာမ်တရားတို့ကို ဉာဏ်ပညာဖြင့် ပိုင်းခြား၍ သိမ်းဆည်းတတ်သော ဉာဏ်ပညာကို ဆိုလိုပါသည်။[၁] သင်္ခါရပရိစ္ဆေဒဉာဏ်ဟုလည်း ခေါ်သည်။[၂] ဤဉာဏ်သည် ဝိပဿနာဉာဏ်၏ အခြေခံအုတ်မြစ်ဖြစ်ပြီး၊ ရုပ်နာမ်တို့၏ သဘောသဘာဝကို မှန်ကန်စွာ သိမြင်နိုင်မှသာ ဝိပဿနာရှုပွားမှုသည် တိုးတက်နိုင်မည် ဖြစ်ပါသည်။ ပါဝင်သော လုပ်ငန်းခွင်လေးရပ်နာမရူပပရိစ္ဆေဒဉာဏ်တွင်---
ဟူသော လုပ်ငန်းခွင် လေးရပ်ပါဝင်သည်။[၃] ဉာတပရိညာ၏ အစိတ်အပိုင်းနာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် နှစ်မျိုးတို့သည် ဉာတပရိညာ ၏ အစိတ်အပိုင်းများ ဖြစ်ကြပါသည်။ ဉာတပရိညာ ဆိုသည်မှာ သိသင့်သိထိုက်သော သင်္ခါရတရားတို့ကို ကောင်းစွာ ပိုင်းခြား၍ သိတတ်သော ဉာဏ်ပညာကို ဆိုလိုပါသည်။ နာမရူပပရိစ္ဆေဒဉာဏ်သည် ရုပ်နာမ်တို့ကို ပိုင်းခြားသိမြင်ပြီး၊ ပစ္စယပရိဂ္ဂဟဉာဏ်သည် ထိုရုပ်နာမ်တို့၏ အကြောင်းအကျိုး ဆက်စပ်မှုကို ပိုင်းခြားသိမြင်ပါသည်။ ဤဉာဏ်နှစ်မျိုးသည် ဝိပဿနာဉာဏ်အတွက် အလွန်အရေးကြီးသော အခြေခံအုတ်မြစ်များ ဖြစ်ပါသည်။ လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ဖြင့် ရှုပွားခြင်းနာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိရန်အတွက် ရုပ်နာမ်ပရမတ်တို့ကို လက္ခဏ၊ ရသ၊ ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန် တို့ကို ဉာဏ်ဖြင့် ကြိတ်ခြေနိုင်အောင် ရှုပွားရပါမည်။[၄][၅]
ဤ လက္ခဏာ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့ကို ဉာဏ်ဖြင့် ကြိတ်ခြေနိုင်အောင် ရှုပွားနိုင်လျှင် ထိုဉာဏ်ကို နာမရူပပရိစ္ဆေဒဉာဏ် ဟု ခေါ်ဆိုနိုင်ပါသည်။ ဒိဋ္ဌိဝိသုဒ္ဓိ၏ အဓိပ္ပါယ်ဒိဋ္ဌိဝိသုဒ္ဓိ ဆိုသည်မှာ နာမ်ရုပ်တို့ကို တစ်လုံးစီ တစ်လုံးစီ ဉာဏ်ဖြင့် ခွဲခြားစိတ်ဖြာ၍ ပရမတ်သဘောသို့ ရောက်အောင် မဖောက်မပြန် ဟုတ်မှန်တိုင်းသော သဘောကို သိမြင်ခြင်းကို ဆိုလိုပါသည်။ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အစွမ်းဖြင့် နာမ်ရုပ်ကို ဉာဏ်ဖြင့် ပိုင်းခြားယူခြင်းသည် ဒိဋ္ဌိဝိသုဒ္ဓိ မည်ပါသည်။ [၆] ယထာဘူတဉာဏဒဿနနှင့် ဆက်စပ်မှုယထာဘူတဉာဏဒဿန (အရှိကို အရှိအတိုင်း သိမြင်သော ဉာဏ်အမြင်) တွင် နာမရူပပရိစ္ဆေဒဉာဏ်နှင့် ပစ္စယပရိဂ္ဂဟဉာဏ် ဟူသော ဉာတပရိညာ၊ သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယာနုပဿနာဉာဏ် ဟူသော တီရဏပရိညာတို့ကို ယူ၍ အဋ္ဌကထာက ဖွင့်ဆိုထားပါသည်။ ဒုက္ခသစ္စာ၊ သမုဒယသစ္စာဟူသည့် သင်္ခါရတရားတို့၏ သဘာဝကို မျက်မှောက်ပြု၍ သိမြင်တတ်သော ဉာဏ်ပညာများ ဖြစ်သောကြောင့် ဉာတပရိညာနှင့် တီရဏပရိညာ နှစ်ပါးကို ယထာဘူတဉာဏဒဿန အရတွင် ယူ၍ ဖွင့်ဆိုထားခြင်း ဖြစ်ပါသည်။[၇] ပဋိစ္စသမုပ္ပါဒ်နှင့် ဆက်စပ်မှုနာမရူပပရိစ္ဆေဒဉာဏ်သည် ပဋိစ္စသမုပ္ပါဒ် အင်္ဂါရပ်တို့၏ သဘာဝလက္ခဏာမှန်ကို ပိုင်းခြားယူတတ်သော ဉာဏ်ပညာ ဖြစ်ပါသည်။ ပဋိစ္စသမုပ္ပါဒ်၏ အင်္ဂါရပ်များဖြစ်သော အဝိဇ္ဇာ၊ သင်္ခါရ၊ ဝိညာဏ၊ နာမရူပ စသည်တို့ကို ရုပ်နာမ်အစုအဝေးအဖြစ် ပိုင်းခြားသိမြင်ခြင်းသည် နာမရူပပရိစ္ဆေဒဉာဏ်၏ အဓိက လုပ်ငန်းစဉ် ဖြစ်ပါသည်။ သမ္မာဒိဋ္ဌိ၏ အစနာမရူပပရိစ္ဆေဒဉာဏ်သည် သမ္မာဒိဋ္ဌိ (အမြင်မှန်) ၏ အစ ဖြစ်ပါသည်။ နာမရူပပရိစ္ဆေဒဉာဏ်မှ စတင်၍ သမ္မာဒိဋ္ဌိဉာဏ်ကို ရရှိနိုင်ပါသည်။ ဤသမ္မာဒိဋ္ဌိသည် လောကီသမ္မာဒိဋ္ဌိနှင့် လောကုတ္တရာသမ္မာဒိဋ္ဌိ နှစ်မျိုးလုံးကို ဆိုလိုပါသည်။ နောက်ဆုံး၌ စတုသစ္စသမ္မာဒိဋ္ဌိ (သစ္စာလေးပါးကို သိသော အမြင်မှန်) သို့ ရောက်ရှိနိုင်ပါသည်။[၈] အာလောက (အလင်းရောင်)နာမရူပပရိစ္ဆေဒဉာဏ်ရရှိရေးအတွက် အာလောက (အလင်းရောင်)၏ အရေးပါပုံကို ရှင်းပြထားပါသည်။ အာလောက (လင်းရောင်ခြည်) ရှိမှသာ ရူပါရုံ (အဆင်း) ကို တွေ့မြင်နိုင်သကဲ့သို့၊ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာ စိတ်ကြောင့် ဖြစ်ပေါ်လာသော အလင်းရောင်ခြည် စွမ်းအင်ရှိမှသာ ရုပ်ကလာပ်နှင့် နာမ်တရားတို့ကို ဉာဏ်ဖြင့် တွေ့မြင်နိုင်မည် ဖြစ်ပါသည်။[၉] အကြည်ဓာတ် (၆) ပါးကို မသိလျှင် နာမ်တရားကို မသိနိုင်ကာမာဝစရ နာမ်တရားတို့ကို သိမ်းဆည်းရာတွင် စက္ခု၊ သောတ၊ ဃာန၊ ဇိဝှါ၊ ကာယ၊ မန ဟူသော အကြည်ဓာတ် (၆) ပါးသည် အလွန်အရေးကြီးပါသည်။ ဤအကြည်ဓာတ် (၆) ပါးကို ဟုတ်တိုင်းမှန်စွာ မသိပါက ယင်းဒွါရ (၆) ပါးကို စွဲမှီ၍ ဖြစ်ပေါ်လာသော နာမ်တရားတို့ကို ရှုပွား၍ မရနိုင်ပါ။ အကြည်ဓာတ် (၆) ပါးတို့သည် သမထဘာဝနာနှင့် ဝိပဿနာဘာဝနာတို့ကြောင့် ဖြစ်ပေါ်လာသော လင်းရောင်ခြည် စွမ်းအင်နှင့်မှ တွေ့မြင်နိုင်သော တရားများ ဖြစ်ပါသည်။ ယေဘုယျ စည်းကမ်းယေဘုယျအားဖြင့် ရုပ်၌ ဝိပဿနာ ရှုမှတ်ခြင်းသည် ဝိပဿနာယာနိက ပုဂ္ဂိုလ်များအတွက် သင့်လျော်ပြီး၊ အရူပ၌ ဝိပဿနာ ရှုမှတ်ခြင်းသည် သမထယာနိက ပုဂ္ဂိုလ်များအတွက် သင့်လျော်ပါသည်။ သို့သော် ဝိပဿနာ ရှုပွားမှု၏ အစအဦးတွင် နာမရူပပရိစ္ဆေဒဉာဏ်ကို ရရှိရန်အတွက် ရုပ်နာမ်နှစ်မျိုးလုံးကို ပိုင်းခြားသိမြင်အောင် အားထုတ်ရမည် ဖြစ်ပါသည်။[၁၀] ရုပ်အစစ် ရုပ်အတုနာမရူပပရိစ္ဆေဒဉာဏ်ပိုင်းတွင် ရုပ်အစစ် ရုပ်အတု အားလုံးကို သိမ်းဆည်း ရှုပွားရမည်ဟု ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ[၁၁]က ညွှန်ကြားထားပါသည်။ သို့သော် ဝိပဿနာ အဆင့်မြင့်ပိုင်းသို့ ရောက်သောအခါ ရုပ်အတုတို့ကို ချန်လှပ်၍ ရုပ်အစစ်တို့ကိုသာ ဝိပဿနာ ရှုပွားရမည် ဖြစ်ပါသည်။ မဟာဂေါပါလကသုတ္တန်တွင်လည်း ဘူတရုပ် ဥပါဒါရုပ်တို့ကို မသိပါက မဂ်ဖိုလ် နိဗ္ဗာန်သို့ မရောက်နိုင်ကြောင်း ဟောကြားထားပါသည်။[၁၂][၁၃] နာမရူပပရိစ္ဆေဒဉာဏ် မရရှိသေးလျှင်ရုပ်နာမ်ကို ပရမတ်သဘောသို့ ဉာဏ်အမြင် မရောက်သေးပါက နာမရူပပရိစ္ဆေဒဉာဏ်ကို မရရှိနိုင်သေးပါ။ နာမရူပပရိစ္ဆေဒဉာဏ် မရရှိသေးလျှင် ပစ္စယပရိဂ္ဂဟဉာဏ်နှင့် ဝိပဿနာဉာဏ်တို့မှာ အလွန်ဝေးကွာနေဦးမည် ဖြစ်ပါသည်။ ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာ၏ စကားအကျဉ်းချုပ်ဝိသုဒ္ဓိမဂ္ဂအဋ္ဌကထာသည် ဝိပဿနာပညာကို မည်သို့ ပွားများ အားထုတ်ရမည်နည်း ဟူသော အမေးကို အကျဉ်းချုပ် ဖြေဆိုထားပါသည်။ ဝိပဿနာဉာဏ်၏ အခြေခံအုတ်မြစ်မှာ သီလဝိသုဒ္ဓိနှင့် စိတ္တဝိသုဒ္ဓိ ဖြစ်ပြီး၊ ဝိပဿနာဉာဏ်၏ အထည်ကိုယ်မှာ ဒိဋ္ဌိဝိသုဒ္ဓိ (နာမရူပပရိစ္ဆေဒဉာဏ်) မှ စတင်သော ဝိသုဒ္ဓိ (၅) ပါး ဖြစ်ပါသည်။[၁၄] တရုဏဝိပဿနာ၏ ပထမအဆင့်နာမရူပပရိစ္ဆေဒဉာဏ်သည် တရုဏဝိပဿနာ (နုနယ်သော ဝိပဿနာ) ၏ ပထမအဆင့် ဖြစ်ပါသည်။ တရုဏဝိပဿနာတွင် ဉာဏ်လေးမျိုး ပါဝင်ပါသည်။ ၁။ နာမရူပပရိစ္ဆေဒဉာဏ် (သင်္ခါရပရိစ္ဆေဒဉာဏ်) ၂။ ပစ္စယပရိဂ္ဂဟဉာဏ် (ကင်္ခါဝိတရဏဉာဏ်) ၃။ သမ္မသနဉာဏ် ၄။ ဥဒယဗ္ဗယဉာဏ် (မဂ္ဂါမဂ္ဂဉာဏ်) ဤဉာဏ်လေးမျိုးသည် တရုဏဝိပဿနာဟု ခေါ်ဆိုပြီး၊ ဗလဝဝိပဿနာ (အားကောင်းသော ဝိပဿနာ) ၏ အကြောင်းရင်းပင် ဖြစ်ပါသည်။[၁၅] ဝိပဿနာ ရှုပွားနည်းဝိပဿနာစခန်းများဖြစ်သော မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိ စသော ဝိသုဒ္ဓိစခန်းများသို့ တက်လှမ်းလိုသော ယောဂီပုဂ္ဂိုလ်သည် နာမရူပပရိစ္ဆေဒဉာဏ်ဟူသော ဒိဋ္ဌိဝိသုဒ္ဓိနှင့် ပစ္စယပရိဂ္ဂဟဉာဏ်ဟူသော ကင်္ခါဝိတရဏဝိသုဒ္ဓိ (ယုံမှားသံသယ ကင်းစင်ခြင်း) နှစ်ခုကို ပြည့်စုံမှသာ ဝိပဿနာရှုပွားရမည် ဖြစ်ပါသည်။ ထိုသို့ ဝိပဿနာရှုရာ၌ ----
လက္ခဏာယာဉ်သုံးချက် တစ်လှည့်စီ တင်၍ ဝိပဿနာရှုရမည် ဖြစ်သည်။ [၁၆] ဆက်စပ်ဖတ်ရှုရန်ကိုးကား
|
Portal di Ensiklopedia Dunia